ပါတီဗဟိုကော်မတီဝင် ဦးဦးလှထွန်း မြောက်ဦးခရိုင်/မြို့နယ်ပါတီ ကော်မတီ ဝင်များ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပါတီဗဟိုကော်မတီဝင်၊ ရခိုင်ပြည်နယ်ပါတီကော်မတီဝင် ကျောက်တော်/ မြောက်ဦးမြို့နယ်တာဝန်ခံ ဦးဦးလှထွန်း သည် ဒီဇင်ဘာ (၃) ရက်နေ့ မွန်းတည့် ၁၂ နာရီက မြောက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီးရုံး အစည်းအဝေး ခန်းမ၌ မြောက်ဦးခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ရုံးအဖွဲ့ဝင်များသည် ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီပိုင်ဆိုင်ရာ လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက်ဆရာတော်အရှင်မြတ် မွေးနေ့မင်္ဂလာတွင် လုပ်အားဒါနပြု

သံတွဲမြို့နယ် ညောင်ပင်သာကျေးရွှာ သုခဝတီကျောင်းတိုက်အတွင်း ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက် (၅) နာရီအချိန်က ကျင်းပပြုလုပ်သော သုခါဝါသဓမ္မရိပ်သာအတွင်း စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ရှင်တော်မြတ်အား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ အရှင်မြတ်၏ သက်တော် (၄၆)နှစ် ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ သံတွဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစန်းနိုင်နှင့်လူငယ်စည်တော်အဖွဲ့မှ စည်တော်တီးခပ်၍ လုပ်အားဒါန ပေးလှူခဲ့ကြောင်း သိရှိရပါသည်။

ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပါဝင်လုပ်ကိုင် ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြား

“အခုဆိုရင် ပါတီမှာ ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အပေါ် သဘောထားထုတ်ပြန်ချက်တွေ၊ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ပူးပေါင်းပြီးတော့ အမျိုးသားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ စသဖြင့်ပေါ့ ကျွန်တော်တို့ပါတီဟာ လူ့အခွင့်အရေးထက် အမျိုးသားရေးကို တကယ်ထဲထဲဝင်ဝင် လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်နယ်ပါတီအနေနဲ့လည်း ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

စစ်တွေခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ကျေးရွာများသို့ ကွင်းဆင်း

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဆောင်ပြီး စစ်တွေခရိုင်/မြို့နယ်ပါတီနှင့် ရပ်/ကျေး စည်းမှူးများလိုက်ပါလျက် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၁) နာရီအချိန်က ကျက်တောပြင်ကျေးရွာ၊ င/တောက် တက်ကျေးရွာနှင့် တောကန်ကျေးရွာများသို့ Door to Door ကွင်းဆင်းပြီး မိမိတို့ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ထိုကျေးရွာများရှိ ပြည်သူ့သဘော ထားနှင့် ပြည်သူ့အသံနားထောင်ခြင်း၊ ကျေးရွာများရှိ စာကြည့်တိုက်များတွင် ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ရှေ့ဆောင်ဂျာနယ်တို့အား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင်/မြို့နယ်ကော်မတီဝင်များ အမကကျောင်းနှင့် မူလွန်ကျောင်းများသို့ သွားရောက်လှူဒါန်းမှုပြု

သံတွဲခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌများ၏ ကြီးကြပ်မှုဖြင့် ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန်းသန်းဌေးနှင့် အဖွဲ့ဝင် ဒေါ်နှင်းအိအိလင်းတို့ ဦးဆောင်သော အမျိုးသမီးရေးရာအဖွဲ့နှင့် လူငယ်အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၈) ဦးသည် နိုဝင်ဘာ (၂၈) ရက် နံနက် (၁၁) နာရီအချိန်က သံတွဲမြို့နယ် အမက တလင်းဆိပ်နှင့် မူလွန် ဥယျဉ်ကွင်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများအား ကျောင်းစိမ်းလုံချည်နှင့် ကျောင်းသား၊ကျောင်းသူ (၁၈၀) ဦးအတွက် သွားတိုက်ဆေး၊ သွားတိုက်တံများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အထက (၁) ကျောင်းပညာရည်ချွန်ဆုပေးပွဲ သံတွဲပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ တက်ရောက်ချီးမြှင့်

နိုဝင်ဘာ (၂၁) ရက် နံနက် (၁၁) နာရီအချိန်ကကျင်းပပြုလုပ်သည့် သံတွဲမြို့နယ် အထက(၁)ကျောင်း ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားသို့ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ် ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်၍ တက္ကသိုလ်ဝင်တန်း ဝိပ္ပံတွဲပထမ၊ ဒုတိယ၊ တတိယဆုနှင့် ကျောင်းတွင်း ထူးချွန်ဆုများကို ပါတီမှချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဗဟိုကော်မတီဝင် ကျောက်ဖြူခရိုင်/မြို့နယ်၊ ရမ်းဗြဲမြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှသည် နိုဝင်ဘာ (၁၈) ရက် နေ့လည် (၂) နာရီအချိန်က ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီကော်မတီဝင် ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရမ်းဗြဲမြို့နယ် ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့အား တွေ့ဆုံခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပါတီတွင်းစည်းလုံးရေးကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အခြေအနေများနှင့် ပါတီ၏စည်းရုံးရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

kyauk-phyu4

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှ၊ မောင်တောခရိုင်ပါတီဥက္ကဌ ဦးထွန်းလှစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့်အဖွဲ့သည် နိုဝင်ဘာ (၁၇) ရက် နံနက် (၉) နာရီခွဲအချိန်က မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်သို့ သွားရောက်ပြီး ရဲမှူးချုပ် စန်းလွင်နှင့်တွေ့ဆုံကာ ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲဝင်များနှင့် တပ်ဖွဲဝင်မိသားစုများအား ဆန်အိတ်(၅၀) ပေးအပ် လှူဒါန်းခဲ့သည်။

maung-taw

(more…)


ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ စစ်တွေခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဗဟိုကော်မတီဝင် ဦးထွေးလှ (နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာကော်မတီဝင်) တို့နှင့် ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို နိုဝင်ဘာ (၁၅) ရက် နေ့လည် (၂) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

3

(more…)


ရခိုင်ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းဆင်ယင်ကျင်းပသည့် တန်းဆောင်မုန်းလပြည့်နေ့ ဆွမ်းတော်ကြီး လောင်းလှူပွဲတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ အစဉ်မပျက် ပါဝင်လှူဒါန်း

15095520_673288039513278_2636240844508024733_n