၂ဝ၁၇ အောင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)နှင့် ပြည်နယ်ပါတီအတွင်းရေးမှူးဦးသန်းဝေ (ပါတီဗဟိုကော်မတီဝင်)တို့သည် အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၁၂ရက် မွန်းလွဲ ၂ နာရီက အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အမ်းမြို့နယ် ကျွဲကူးတောင်နှင့် တလိုင်း တောင်ကျေးရွာ လူထုတွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဒီဇင်ဘာ (၁၅) ရက် နံနက် ၉ နာရီတွင် အမ်းမြို့နယ် ကျွဲကူးတောင်ကျေးရွာ လူထု တွေ့ဆုံပွဲကိုလည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် တလိုင်း တောင်ကျေးရွာ လူထုတွေ့ဆုံပွဲများ သို့လည်းကောင်း တက်ရောက်ပြီး ကျေးရွာလူထုနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ပါတီစည်းရုံးရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးသည်။

ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ မြောက်ဦးခရိုင်/မြို့နယ် ကော်မတီဝင်များအား တွေ့ဆုံမှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေမှူး ဗဟိုကော်မတီဝင် ဦးသန်းဝေနှင့်အဖွဲ့သည် ဒီဇင်ဘာ (၁၄) ရက် ညနေ (၅) နာရီခွဲအချိန်တွင် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်ပါတီရုံး၌ ခရိုင်ပါတီ ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင် များနှင့် တွေ့ဆုံ၍ ပါတီရှေလုပ်ငန်စဉ်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပါတီပါတီဥက္ကဋ္ဌ ပါတီရှေ့လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေနှင့် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)တို့သည် ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းက အမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျောက်ဖြူခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အမ်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

 

ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်/မြို့နယ်ဥက္ကဋ္ဌများ၊ အမ်းမြို့နယ် ပါတီကော် မတီဝင်များတို့သည် .ယနေ့ ( ဒီဇင်ဘာ ၁၃ ရက်) နံနက်ပိုင်းက အမ်းမြို့နယ်၊ တန်းတင်ကျေးရွာ၊ တလိုင်းတောက် ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။

မင်းပြားမြို့နယ်ပါတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များသည် ဒီဇင်ဘာ (၁၀) ရက် မွန်းတည့် ၁၂ နာရီအချိန်က ပွင့်ထီးအုပ်စု ပွင့်ထီးကျေးရွာသို့ ကွင်းဆင်း၍ ဘုန်းတော်ကြီးကျောင်း၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါတွေဆုံပွဲတွင် ခရိုင်ပါတီအလုပ်အမှုဆောင် ဦးသခင်ချိုမှ အဖွင့်အမှာ စကားပြောကြားပြီး မင်းပြားမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းမှ တွေ့ဆုံရခြင်းအကြောင်းရင်းပတ်သက်၍ လည်းကောင်း၊ ယနေ့ ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ၊ ဒေသတွင်း စိန်ခေါ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ အမ်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သည့် ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ရောက်ရှိပြီး ဒေသခံ ပါတီဝင် များနှင့်တွေ့ဆုံကာ ပါတီစည်းရုံးရေးကိစ္စများကို ညှိနှိုင်းဆွေးနွေး မှာကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဒေါက်တာစန်းရွှေ (ပြည်နယ်ပါတီဥက္ကဌ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကိုကိုလွင် (ပါတီလုပ်ငန်းစစ်)၊ ဦးမင်းမင်းဇေယျာမြင့်(ပါတီလုပ်ငန်းစစ်)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်း ထိန်းသိမ်းရေး)၊ ဦးအောင်ကျော်ညွန့်(စီးပွားရေးရာ)၊ ဦးကိုကိုနိုင် (သုတေသနနှင့်ပညာရေးဌာနကြီး) တို့နှင့် အတူ ပြည်နယ်အလုပ်အမှုဆောင်များ၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်နှင့် အမ်းမြို့နယ်တို့မှ ပါတီဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများ အင်အား (၁၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

မာန်အောင်ပြည်ခိုင်ဖြိုးပါတီ ရပ်ရွာများ၏ လိုအပ်ချက်များအား ဆောင်ရွက်

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ခရိုင်ကော်မတီဝင် ဦးကျော်လှဦး၊ မာန်အောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည် ဦးဆောင်၍ ကန်းစွန်းကျေးရွာအုပ်စု ကန်းစွန်းကျေးရွာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ချိုလင်း၊ ရပ်ကျေး အမျိုးသမီးရေးရာ ခေါင်းဆောင် ဒေါ်ခင်သီတာထွန်းနှင့် အဖွဲ့ဝင် များ မြို့နယ်ကော်မတီဝင်များ လိုက်ပါ၍ ကန်းစွန်းဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထု အစုစုအား လှူဒါန်းခဲ့ကြသည်။

ရသေ့တောင်မြို့နယ်ပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပါတီရုံး၌ ဒီဇင်ဘာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ကော်မတီစုံ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ပြုလုပ်ကျင်းပခဲ့သည်။

စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ မျက်နှာစုံညီ စည်းဝေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ (၅) ရက် မွန်းတည့် (၁၂) နာရီအချိန်က စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်ဥက္ကဌဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။