မောင်တောခရိုင်၊ မြို့နယ်ပါတီများမှ သေဆုံးသွားသော ဟိန္ဒူဘာသာဝင် လူမျိုးများ၏ နာရေးကိစ္စရပ်များအား သွားရောက်ကူညီခဲ့ကြ

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် မောင်တောခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန်(ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)ဦးဆောင်၍ ခရိုင်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူးနှင့်ကော်မတီဝင်များမှ ခမောင်းဆိပ်တောင်ရွာ-ရဲဘော်ကျ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့်သွားရောက်ပြီး ဗျွှဗ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူ လူမျိုးတို့၏ သေဆုံးသူအလောင်း(၄၅)လောင်းအတွက် ပဏာမအလှူငွေ(၃)သိန်းကျပ်လှူဒါန်း ပေးခဲ့ပါသည်။ ဆက်လက်ပြီး သစ်တုံးနားခွဆုံ     ကျေးရွာအုပ်စု လေးမြို့ကေဒီကျေးရွာမှ အိမ်ထောင်စု(၃၆)စု၊ ကြောင်နဖေကျေးရွာမှ အိမ်ထောင်စု(၉)စု၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု(၅)စုတို့အား အိမ်ထောင်စု (၁)စုလျှင်(၁၀၀၀၀ိ/-)    ကျပ်နှုန်း ဖြင့် အိမ်ထောင်စု(၅၀)စုအတွက် အလှူငွေ(၅၀၀၀၀၀ိ/-)ကျပ်နှင့် ကျေးရွာ ဆရာတော်(၁)ပါးအား အလှူငွေ(၁၀၀၀၀ိ/-)ကျပ်အား ပံ့ပိုးကူညီခဲ့ကြ သည်။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ဆက်လက်ကူညီပံ့ပိုး

 

ရွှေပြည်တော်သို့ဆုံမှတ် ပရ ဟိတအသင်းမှဗဟိုအတွင်းရေးမှူး ဦးအောင်ပိုင်မင်းနှင့် အဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏လိုအပ်လျက် ရှိသည်များကို ယခင်ကတည်းက လုပ်ဆောင်နေသော ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်ကူညီ ပံ့ပိုးရန် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့သွားရောက်ကာ ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်လုပ်     ဆောင်ခဲ့ကြကြောင်း သိရသည်။

ပါတီဗဟိုအကြံပေး ဦးမောင်မောင်အုန်း အမ်းမြို့နယ်ကျေးရွာများသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီဗဟိုအကြံပေး ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင် မောင်အုန်းသည် အမ်းမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများသည် အမ်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်များနှင့်စပ်လျဉ်း၍ ဆွေး နွေးကာ ကျောင်းသားကျောင်းသူ များအတွက် ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအား ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာ အဟာရနှင့် ငွေလှူဒါန်း

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ရုံးအဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ စစ်တွေမြို့ ဘိုးဘွား ရိပ်သာ၌ တစ်နေ့တာ အဟာရဒါန သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဘိုးဘွားရိပ်သာ၌ အဘိုး (၇) ဦး၊ အဘွား (၂၉) ဦးအား နံနက်/ ညနေ ထမင်းနှင့် အဘိုးအဘွား (၁) ဦးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် (၃၆၀၀၀ိ/-) ကျပ်အား လှူဒါန်းခဲ့ကြသည်။

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစင်္ကြာတရားဒေသနာတော် ရွတ်ဆို ပူဇော်

 

၂၀.၉.၂၀၁၇ ရက်​နေ့ ည​နေ ၄း၀၀ နာရီအချိန်မှ ၅း၀၀ နာရီအချိန်ထိ သံတွဲ မြို့နယ်​ သာသနာ့ဗိမ္မာန်​​ပေါ်တွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်​.၊ ဘဏ္ဍာရေးမှူး ဦးရဲမြင့်​၊ အမျိုးသမီး​ရေးရာနှင့်​  လူငယ်​​ရေးရာ ပါတီဝင်​ ၂၅ ဦး တို့သည်​ ဓမ္မစင်္ကြာတရား​ဒေသနာ​တော်​ကို ကုသိုလ်​ပြု ရွတ်​ဆိုခဲ့ကြပါ သည်။


နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ဒိုင်းနက်(သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ်မြောက်ပိုင်းမေယု ခရိုင်အတွင်း သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်နေ ရပ်စွန့်ခွာတိမ်းရှောင်လာကြသော ဒိုင်းနက် (သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ က ထောက်ပံ့ငွေများပေးအပ်ကူညီ ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ ဒုက္ခသည်စခန်းများအားသွားရောက်ပြီး ကြက်သွန်၊ အားလူး၊ ဆီ၊ ကြာဇံများ သွားရောက်လှူဒါန်း

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် မောင်တောမြို့နယ်၌ ဘင်္ဂလီအကြမ်းဖက်မှုကြောင့် စစ်တွေ မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ရခိုင်   တိုင်းရင်းသားများအား ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စစ်တွေ မြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ထွက်ပြေးတိမ်းရှောင် လာကြသော ကျောင်းသား/သူ (၅၁) ဦးအား ပညာ သင်ကြားလျက်ရှိရာ အဆိုပါကျောင်းသား/သူများအား အားလူး၊ကြက်သွန် များ သွားရောက်လျက် လှူဒါန်းခဲ့ကြပါသည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံများအတွက်ကွမ်းလုံပြည်ခိုင်ဖြိုး ပါတီမှ အလှူငွေပေးအပ်လှူဒါန်း

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားသောအားဖြင့်ကွမ်းလုံ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။လှူဒါန်းပေအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကွမ်းလုံ   မြို့နယ် ထွေ/အုပ်ရုံး၌ပြုလုပ်ခဲ့ပြီး ကွမ်းလုံခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းရင် ဦးဆောင်သည့်ခရိုင်နှင့်မြို့နယ်ပါတီကော် မတီဝင်များသည် ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် အလှူငွေ ကျပ် ၉၂ဝဝဝဝကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ (၇၈) နှစ်မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့ အခမ်းအနား ဂါရ၀ပြု လွမ်းသူ့ပန်းခွေဆက်ကပ်

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၈)နှစ် မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့အား ပြည်ခိုင်ဖြိုးပါတီမှ ဂါရ၀ပြု လွမ်းသူ့ပန်းခွေ ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်ဦး ဥတ္တမကြေးရုပ်ထုအား နံနက် (၈း၁၅)အချိန်မှ စတင်၍ ပြည်နယ်ပါတီရုံးမှ ဦးဥတ္တမပန်းခြံသို့ မင်္ဂလာစည်တော် တီးခတ်၍ သွားရောက်ခဲ့ကြပြီး ဂါရ၀ပြုလွမ်းသူ့ပန်းခွေ ဆက်ကပ် ကန်တော့ခဲ့ကြသည်။

အကြမ်းဖက်တိမ်းရှောင်သူများ နေရပ်ကျန်နေသူများ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုးပါတီ ဝိုင်းဝန်းကူညီကယ်ဆယ် မှုများ ဆောင်ရွက်

 

သြဂုတ် ၂၅ ရက်မှ စတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ဘင်္ဂါလီအကြမ်းဖက်များက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက်မှုဖြစ် စဉ်များ ဖြစ်ပွားခဲ့သော ကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာပြီး မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်နှင့် စစ်တွေမြို့များရှိ ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံလာကြ ရာ ဘူးသီးတောင်မြို့နှင့် မြို့နယ် ကျေးရွာများအတွင်း အကြမ်းဖက်တိမ်းရှောင်သူများ၊ နေရပ်ကျန်နေသူများ၊ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်နှင့်ပြည်နယ်၊        မြို့နယ် ပါတီတို့က အကူအညီလိုအပ်လျက် ရှိသော ဒေသခံတိုင်းရင်းသား များ အားဝိုင်းဝန်းကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိကြသည်။