ရေဘေးသင့်ပြည်သူများအား ပြည်ကြီးတံခွန် ပြည်ခိုင်ဖြိုးပါတီမှ တစ်နပ်စာထမင်းနှင့် ဟင်း စတုဒိသာကျွေးမွေး

မိုးရွာသွန်းမှုများပြား၍ မိုးရေ ဝင်ရောက်ကာ ရေဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ သင်ပန်းကုန်းရပ်ကွက် နေ ရေဘေးသင့်ပြည်သူများအား ပြည်ကြီး တံခွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်၍ တစ်နပ်စာ ထမင်းနှင့်ဟင်း စတုဒိသာအဖြစ် သြဂုတ် (၂၂) ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျွေးမွေးလှူဒါန်းခဲ့သည်။

မဟာအောင်မြေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ၁၈ ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လှူဒါန်းပွဲတွင် ဆရာတော်ကြီးများထံမှ အလှူရေစက်ချတရား နာယူကြည်ညိုကာ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဝိစိတ္တာဘိဝံသ အမှူးပြုသော ပင့်သံဃာ ငါးပါး၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်သန်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇင်မင်းဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေးစည်းမှူးများ တက်ရောက် ခဲ့ကြသည်။

ဝမ်းတွင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပြည်သူ့ဆေးရုံတွင် အာဟာရတိုက်ကျွေး၊ ကျေးရွာ အမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ အတွင်းရေးမှူးဦးမျိုး မြင့်သိန်း၊မြို့နယ်ကော်မတီဝင်များ ဖြစ်ကြသည့်ဦးကျော်စွာမောင်(နယ် မြေမှူး)၊ ဦးဌေးရီ (နယ်မြေမှူး)၊ ဦးမောင်မောင်ချို၊ ဦးရန်မျိုးကျော်၊ ဦးကျော်ဟိန်း၊ ဦးစိုးဦးနှင့် ဒေါ်လှလှဝင်း၊ ရုံးအုပ်ကြီး ဦးမြင့်ဟံထွန်းတို့ လိုက်ပါလျက် ယခုလ ၈ရက် နံနက် ၆ နာရီက ဝမ်းတွင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြီးဆေးရုံတက်ရောက်နေသော လူနာ ၅ဝ၊ လူနာစောင့်များနှင့်ဆေးရုံရှိဝန်ထမ်းများအား ကြက်သားဆန်ပြုတ်ဖြင့် အာဟာရတိုက်ကျွေးမှုများ ပြုလုပ်ခဲ့သည်။

(more…)


ရပ်ကွက်အတွင်းမှရေဆိုးများကို ပြည်ခိုင်ဖြိုးပါတီက ရေစုပ်စက်ဖြင့် စုပ်ထုတ်ကူညီဆောင်ရွက်ပေး

အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်နေ ပြည်သူများ သွားလာနေထိုင်ရေး ကောင်းမွန်စေ ရန်နှင့်ကျန်းမာရေးဆိုင်ရာပြဿနာ များ မဖြစ်ပွားစေရန်တို့အတွက် မိုး ရွာသွန်းမှုများကြောင့် ရပ်ကွက် အတွင်းတင်ကျန်ရစ်ခဲ့သော ရေဆိုး ရေပုပ်များကိုအောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက် ၉ နာရီကရေစုပ်စက်ဖြင့်စုပ်ထုတ်ကာ ကူညီဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကူညီထောက်ပံ့မှု အခြေအနေ


မလှိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မလှိုင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်ခင်လှသိန်းက ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ညောင်ဦးရေဘေးရှောင်ပြည်သူများအတွက် တိုင်းဒေသကြီး ပါတီမှ ရေသန့်စက်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးတွင် မြို့နယ်အတွင်းရှိ မြစ်လယ်ကျွန်းကျေးရွာခုနစ်ရွာမှ ရေဘေးရှောင်ပြည်သူများအတွက် ရေကြီးချိန်တွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် သောက်သုံးရန်အတွက် ရေကောင်းရေသန့်ရရှိ စေရန်ရည်ရွယ်၍ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ရေသန့်စက်များလှူဒါန်းခြင်း အခမ်းအနားကို သြဂုတ်လ (၃) ရက် နံနက် ၉နာရီ က တောင်ဘီလယ်ယားကျေးရွာရှိ ကမ္မဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရေဝင်ကျေးရွာများတွင် ရေသန့်စင်စက်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့တွင် ဧရာဝတီမြစ်ရေကြီးလာမှု ကြောင့် ရေဝင်ကျေးရွာများတွင် သောက်ရေအတွက် ပူပန်မှုမရှိစေ ရန်၊တစ်ဖက်တစ်လမ်းမှအထောက် အကူပြုစေရန်ရည်ရွယ်၍ ရေသန့် စင်စက်(C-MEM Zero)များ လှူဒါန်းခြင်းကို ထနောင်းတိုင်ကျေးရွာ တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းပြည်ခိုင်ဖြိုး ရေဘေးသင့် ရေလည်ကျွန်းကျေးရွာ မိသားစုများ အတွက် ဆန်နှင့် ရေသန့်စက် သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးထွန်းတင့်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ အုပ်စုစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များမှ ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက ရေလည်ကျွန်းကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၅၈) စုအတွက် ဆန်များ သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့သည်။

13895536_286366238387042_2742335194965685519_n 13901595_286366161720383_4617528858947662543_n

(more…)


ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုး ရေဘေးသင့်ဒေသပြည်သူများအတွက် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယနေ့ ဒုတိယ အကြိမ်မြောက် လှူဒါန်းမှုအဖြစ် သြဂုတ် (၂) ရက်က ငွေ/ကျီ အရှေ့ခြမ်းနှင့် အောင်ချမ်းသာရပ်ကွက်၊ တောင်မြင့် ရပ်ကွက်၊ အနောက်ဘက်ခြမ်း ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့် ဒေသတွင် ကူညီဆောင်ရွက် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား များနှင့် ရဲဝန်ထမ်းများအတွက် ခေါက်ဆွဲထုတ်နှင့် ရေသန့်ဘူးများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။