စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကျန်ရစ်သူမိသားစုများထံသို့ ဆန်တစ်အိတ်၊ ငွေကျပ်​(၁၀၀၀၀ိ/-)နှင့်​ဗလာစာအုပ်များထောက်ပံလှူဒါန်း

 

စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ရေတွင်းတူးဖေါ် ပရဟိတလုပ်ရင်း ရေတွင်းထဲ၌အောက်ဆီဂျင်ပြတ်ကာသေဆုံးသွားသော စဉ့်​ကိုင်​မြို့နယ်​၊ တောင်ရင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာမှ ဦးသန်းမြတ်စိုး(၃၅-နှစ်)နှင့်ဦးသိန်းလင်း(၅၄-နှစ်)တို့၏ကျန်​ရစ်​သူမိသားစုများထံသို့ စဥ့်ကိုင်မြို့ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်​ပြုံးနှင့်အဖွဲ့မှ (၂၆.၄.၂၀၁၇)ရက်​​နေ့ (၁၃း၃၀)အချိန်​တွင်​ သွား​ရောက်​​မေးမြန်းအား​ပေးစကား​ပြောကြားခဲ့ပြီး ကျန်ရစ်သူမိသားစုအတွက်ဆန်တစ်အိတ်၊ ငွေကျပ်​(၁၀၀၀၀ိ/-)နှင့်​ဗလာစာအုပ်များထောက်ပံလှူဒါန်းခဲ့ပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


သက်ကြီးဘိုးဘွားများအား စတုတ္ထအကြိမ်မြောက်ပူဇော်ကန်တော့

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီး၍ စတုတ္ထအကြိမ်မြောက်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၇နာရီကအဆိုပါရုံး၌ကျင်းပ ပြုလုပ်သည်။

ပုသိမ်​ကြီးမြို့နယ်​ပြည်​ခိုင်​ဖြိုး ဘိုးဘွားပူ​ဇော်​ကန်​​တော့ပွဲကျင်းပပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး? ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဦးစိုင်းထွန်းအောင်+ဒေါ်လီလီဝင်း(ရွှေမာလာအောင် ကုမ္ပဏီ)၊ ဦးအောင်မြင့်+ဒေါ်အေးမေ (ဝါးရွက်စိမ်း ကုမ္ပဏီ) တို့၏ စတုတ္ထ အကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၂၁.၄.၂၀၁၇) ရက်နေ့ နံနက် (၀၈း၀၀) အချိန်တွင် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌ ဦးဆွေသန်းနှင့်ကော်မတီဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြ ပါသည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် နှစ်သစ်ကူးကာလ မြန်မာ့ယဉ် ကျေးမှု ရှေးရှု၍ ယနေ့ (၂၁-၄-၂၀၁၇) ၁၃၇၉ တန်ခူးလပြည့် ကျော် (၁၀) ရက် နံနက် (၉း၀၀)နာရီ အချိန်တွင် သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာနှစ်သစ်ကူး အကြို စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များစုပေါင်းပြီး ဧပြီလ (၅) ရက် နံနက် (၈း၃၀)တွင် ကျောက်ဆည်မြို့ ကုတင် (၂၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် မြန်မာနှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်းမှု ပြုခဲ့ပါသည်။

 

 

(more…)


ကျောက်ဆည်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်းအဝေးကို ဧပြီလ (၃) ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် စည်ရုံးရေးနယ်မြေအလိုက် ကောက်ခံရှိသော ပါတီဝင် (၉၅၅) ဦးအတွက် ပါတီဝင် နှစ်စဉ်ကြေးများကို စည်ရုံးရေးမှူးများမှ ပေးအပ်ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းမှ လက်ခံရယူခဲ့သည်။

မန္တလေးတိုင်းဒေသကြီး (ဒုတိယ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ် ပွဲပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲကို ယနေ့ (၃၀-၃-၂၀၁၇) နံနက် (၀၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။