ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် လက်သဲကြိုးအုပ်စု ဘိုကုန်းကျေး ရွာ၌ ကျင်းပသော ဘိုကုန်းကျေး ရွာနှင့်နတ်တာဆည် ဆက်သွယ် သည့်ကိုယ့်အားကိုယ့်ကိုး မြေသား လမ်းဖွင့်ပွဲသို့တက်ရောက်အားပေး ပြီး အမှာစကားပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က အမှာစကားပြောကြားရာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘက်ပေါင်းစုံမှ တတ်နိုင်သမျှကြိုးစားဆောင်ရွက် ပေးနေကြောင်း၊ ယခုကဲ့သို့ မိမိ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ့်ကိုးပြီး စုပေါင်း ဆောင်ရွက်ခြင်းသည် ဂုဏ်ယူရ မည့်အချက်ဖြစ်ပါကြောင်း၊လမ်းဖြစ် မြောက်ရေးအတွက် ငွေအလှူရှင် များ၊ မြေအလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာအတွင်း စည်းလုံးညီညွတ် စွာနေထိုင်ပြီး ရပ်ရွာအကျိုးကို ယခု ထက်ပိုမို၍ ဆောင်ရွက်နိုင်ရန် ဆန္ဒ ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆိုပါလမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုး နှင့် ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးနိုင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ အဆိုပါလမ်းသည် အရှည် နှစ်မိုင် လေးဖာလုံရှိပြီး အလှူရှင်၂၅ ဦး လှူဒါန်းငွေကျပ် ၈၅သိန်းဖြင့်ဖောက်လုပ်ခဲ့သည့် မြေ သားလမ်းဖြစ်ကြောင်းနှင့်ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ပျော်ဘွယ်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော် မတီဝင်များဖြစ်ကြသော ဦးအောင် ဇော်မြင့်၊ ဦးသက်ဦးတို့နှင့်အတူ ဒီးဒုတ်ကုန်းကျေးရွာ၊မြောက်ညောင် ကုန်းကျေးရွာများသို့သွားရောက် ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပါတီဝင်နှစ်စဉ်ကြေးများစုပေါင်းပေးအပ် တိုင်း ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီအသီး သီး၏ ပါတီဝင်နှစ်စဉ်ကြေးများ တတိယအကြိမ်မြောက်စုပေါင်းပေး အပ်ပွဲနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ (၁၅) ရက် န့နံနက် ၉နာရီခွဲက တိုင်းဒေသကြီးပါတီရုံးအစည်းအဝေး ခန်းမတွင်ကျင်းပသည်။
ပါတီဝင်နှစ်စဉ်ကျေး ကောက်ခံမှုကို ကျေးရွာများအထိ door to door စနစ်ဖြင့် သွားရောက် နယ်မြေကွင်းဆင်း
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ဥက္ကဌ ဦးစိုးစိုးထွန်းနှင့်
မြို့နယ်ကော်မတီအဖွဲ့သည် (9.5.2017) ရက်နေ့ နံနက် (9:30) အချိန်မှ စပြီး ရွှေဒါးကျေးရွာနှင့် ရဲဘော်လေးကျေးရွာများသို့ ပါတီဝင်အင်အားစီစစ် ခြင်း၊ ပါတီဝင်အသစ်စုဆောင်းခြင်းများနှင့် ပါတီဝင်နှစ်စဉ်ကျေး ကောက်ခံမှုတို့ကို ကျေးရွာများအထိ door to door စနစ်ဖြင့် သွား ရောက် နယ်မြေကွင်းဆင်းခဲ့ကြကြောင်း သိရှိရပါသည်။
အမရပူရပြည်ခိုင်ဖြိုးပါတီမှ ဒေါင်းရွေးကျေးရွာ ရွာဦးကျောင်း ဆွမ်း စားဆောင်ပြုပြင်ရန် အလှူငွေလှူဒါန်း၊ သက်ကြီးဘိုးဘွားများအား ကန်တော့
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင်အဖွဲ့သည် မေလ (၅) ရက် နံနက်ပိုင်းက ဒေါင်းရွေးကျေးရွာ ရွာဦးကျောင်းသို့သွားရောက်၍ ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန် အတွက် မြို့နယ်ပါတီမှ လှူဒါန်းသော အလှူငွေ (၁၅၀၀၀၀ိ/-)အား ရွာဦးကျောင်းဆရာတော်ထံ ပေးအပ် လှူဒါန်းခဲ့ပါသည်။
သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီလစဉ်ပုံမှန်အစည်းဝေး ကျင်းပ
3.5.2017 ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီရုံး တွင်ကျင်းပပြုလုပ်သော ပါတီလစဉ်ပုံမှန် အစည်းဝေးသို့ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းတင့် အပါအဝင် မြို့နယ် ရပ်ကျေး ပါတီကော်မတီဝင်များ ရပ်ကွက်ကျေးရွာ ပ ဒု ခေါင်းဆောင်များသတင်းမီဒီယာ ရပ်ကျေးခေါင်းဆောင်များ စုစုပေါင်း အင်အား ၅၀ ခန့်တက်ရောက်ပြီး ဆွေးနွေးခဲကကြကြောင်း သတင်း ရရှိပါ သည်။
ရွှေဒါးဆရာတော်ကြီး၏ ဈာပနနေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ အာရုံဆွမ်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အောင်မြေသာစံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေဒါးဆရာတော် ဘုရားကြီး ဘဒ္ဒန္တကလျာဏ သက်တော်(၁၀၀)၊ ဝါတော်(၈၀)၏ ဈာပနနေ့တွင်
ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းတိုက်ရှိ သံဃာတော်အပါး (၂၀၀) ကျော်အား အာရုဏ်ဆွမ်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။
credit :Zaw Aung Htet
ပါတီလစ်လပ်နေရာများ ဖြည့်ဆည်းရေး၊ ပါတီဝင်အင်အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ဆွေးနွေးမှာကြား
(၁.၅.၂၀၁၇) ရက်နေ့ နံနက် (၀၉း၀၀) အချိန်တွင် ပြင်ဦးလွင်မြို့နယ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များသည် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပါတီအတွင်းရေး မှူးနှင့် မြို့နယ်ကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလစ်လပ်နေရာများ ဖြည့်ဆည်းရေး၊ ပါတီဝင်အင်အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး
နေရပ်သို့ပြန်မည့် စစ်ဘေးရှောင်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီထောက်ပံ့ငွေ ပေးအပ်လှူဒါန်း
လျှပ်စစ်မီးလင်းရေးဆောင်ရွက်
မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုး သန်း၊ မိတ္ထီလာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဒုလက်ထောက် ဦးစီးမှူး လျှပ်စစ်အင်ဂျင်နီယာဌာန တာဝန်ရှိသူတို့သည်ဧပြီ၂၉ရက်တွင် လျှပ်စစ်မီးလင်းရေးအတွက် ကွင်း ဆင်းကာလူထုနှင့်တွေ့ဆုံခဲ့ကြသည်။
အဆိုပါလျှပ်စစ်မီးလင်းရေး အတွက်လူထုနှင့် တွေ့ဆုံခဲ့သည့် ကျေးရွာများမှာ မွေအုပ်စုထန်း တောကျေးရွာနှင့်မွေအုပ်စု ဥယျာဉ် ကျေးရွာများသို့ သွားရောက်ခဲ့ ကြောင်း သိရသည်။
စိုးလှိုင်(ထီလာ)
နယ်လှည့်သစ္စာဓိဌာန်စတုဒီသာ(၁၀၇)ကြိမ်မြောက်အလှူတွင် ပြည်ခိုင်ဖြိုးအဖွဲ့များ လုပ်အားဒါနကုသိုလ်ပြု
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ချမ်းမြသာစည်မြို့နယ် ဆင်မင်းကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသြဘာသာ ဘိဝံသ၏ သက်တော်(၈၀)ပြည့် ဂုဏပူဇာအလှူတော်အဖြစ် (၂၇.၄.၂၀၁၇) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် နတ်စင်တစ်ရာဆရာတော်ကြီးမှ ချမ်းမြသာစည်မြို့နယ်ရှိ ဦးပွားဘုရားရင်ပြင်တော်တွင် နယ်လှည့် သစ္စာဓိဌာန်စတုဒီသာ (၁၀၇)ကြိမ်မြောက်အား လှူဒါန်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အင်အား(၁၅၀)ခန့်မှ လုပ်အားဒါန ကုသိုလ်ပြု ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။