ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည် ပြိုင်ပွဲကျင်းပ

 

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကိုနိုင်ငံတော် သီချင်းသံပြိုင်သီဆိုပြီးဖွင့်လှစ်ခဲ့ရာ မန္တလေးခရိုင်နယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုး မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြိုင်ပွဲကျင်းပ ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေးအဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည် ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

(၉.၈.၂၀၁၇) ရက်​​နေ့ နံနက်​(၀၈း၃၀) အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ မိုးရာသီစု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲကျင်းပပြုလုပ်​ရာ မန္တလေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​၊ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ ကော်​မတီဝင်​များ၊ ရပ်​/​ကျေးအဖွဲ့များ၊ ပါတီအမာခံများတက်​​ရောက်​ခဲ့ကြပြီး အရိပ်​ရပင်​များအားစု​ပေါင်းစိုက်​ပျိုးခဲ့ကြကြောင်း သိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး

ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းအခမ်းအနား

 

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ၊ ဒုတိယဗိုလ်​ချုပ်​ကြီး (ငြိမ်း) ဦးရဲမြင့်​နှင့်​ ဇနီး​ ဒေါ်မြတ်​​ငွေမိသားစုမှ စွယ်​​တော်​မြတ်​​စေတီ​တော်​( (မန္တ​လေး)
လုံး​တော်​ပြည့်​​ ရွှေသင်္ကန်းကပ်​လှူခြင်း​ အောင်​ပွဲအထိမ်းအမှတ်​အဖြစ်
မန္တ​လေးမြို့​ပေါ်ရှိ ​ထေကြီးဝါကြီးဆရာ​တော်​ကြီးများအား အာရုံဆွမ်းဆက်​ကပ်​လှူဒါန်းခြင်းနှင့်​ ဗုဒ္ဓဘိ​သေကအ​နေကဇာတင်​ခြင်းအခမ်းအနားကို
(၁၉.၅.၂၀၁၇) ရက်​​နေ့ နံနက်​( ၀၆း၀၀) အချိန်တွင်​ စွယ်​တော်​မြတ်​​စေတီ​တော်​(မန္တ​လေး) ဂန္ဓကုဋီအတွင်း ကျင်းပပြုလုပ်​ခဲ့ကြောင်းသတင်းရရှိပါ သည်​။

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မှ ကျင်းပ​သော ၀ိဿာခါ ရှင်​ ၁၀၈ ပါး အလှူ​တော်​မင်္ဂလာပွဲအား ပါတီဌာနချုပ်​မှ အမျိုးသမီး​ရေးရာတာဝန်​ခံ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ နှင့်​ အဖွဲ့ဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။


ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ မန္တလေးခရိုင်ပါတီ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် မန္တလေးခရိုင် ပြည် ခိုင်ဖြိုးပါတီတို့မှအမျိုးသမီးရေးရာ တာဝန်ရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်သည် ယခုလ ၁၈ရက် ညနေ ၅ နာရီက တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ပါတီအတွင်းအမျိုးသမီး များကဏ္ဍတိုးတက်မြင့်မားလာစေ ရေးကိစ္စရပ်များကို ဆွေးနွေးမှာ ကြားခဲ့သည်။

(more…)


ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ စာပေဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စာပေဝါသနာရှင်များနှင့် ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီက စာပေဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူးဦးဆွေဦးနှင့် နယ်မြေတာဝန်ခံများ၊ ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ များမှ စာပေဝါသနာရှင် ပြည်သူအင်အား ၃၅ဝ တက်ရောက်ကြသည်။

ထို့နောက် စာရေးဆရာတက္ကသိုလ်ဆရာမြတ်သူ၏ကိုယ်ရေးရာဇဝင် အကျဉ်းနှင့် ဆရာမောင်စေတနာြ.ဗယြ.နိ တို့၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးစိုးထွန်းက ဖတ်ကြားသည်။

ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ မန္တလေးခရိုင်ပါတီ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ပါတီဗဟိုကော်မတီ ၀င် ဒေါ်ခင်ရွှေမြင့်နှင့်အဖွဲ့သည် မေလ (၁၈) ရက် နေ့က မန္တလေး တိုင်းဒေသကြီး ပါတီရုံးတွင် မန္တလေးခရိုင်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#DuWon


သပိတ်ကျင်း၌ တိုက်နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းစည်းရုံး

 

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတွင်း ရေးမှူး ဦးမြင့်စိုးတို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယခုလ ဒုတိယပတ်မှစတင်ပြီး တိုက်နယ်အလိုက်ကွင်းဆင်းစည်းရုံး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အုပ်စုအလိုက်ခွဲ၍ ကွင်း ဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပါတီ ကော်မတီဝင်ဦးကျော်အေး၊ မြို့နယ်ကော်မတီဝင်ဦးကျော်သိန်းစိုး၊ ပါတီ ကော်မတီဝင် ဦးလှိုင်မျိုးဝင်း ခေါင်းဆောင်သောအဖွဲ့အသီးသီးက ကွင်းဆင်းလျက် ပါတီဝင်အသစ်များ တိုးချဲ့စည်းရုံးရေး၊ ပါတီဝင်စိစစ်ရေး နှင့် နှစ်စဉ်ကြေး ကောက်ခံခြင်းလုပ်ငန်းများကို ကျေးရွာရှိရပ်ကျေး တာဝန်ခံများ၊ ရပ်ကျေးပါတီဝင်များနှင့်ရင်းနှီးစွာ တွေ့ဆုံပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့်ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ

နိုင်ငံတော်အစိုးရ၏ ‘မဟာသဒ္ဓမ္မဇောတိကဓဇ’ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူရရှိသည့်မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သပြေပင်အုပ်စုရေသည်ကွေ့ကျေးရွာ ထေရဝါဒဗုဒ္ဓသာသာနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် မေတ္တာကန်ကျောင်း ဆရာတော် ဘဒ္ဒန္တÓဏိတအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းတိုက်၌ကျင်းပခဲ့သည်။

ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ၌ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တအာသဖ အမှူးပြုသော ပင့်သံဃာ ၂၅ ပါြး<ွကရောက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တပည့်ဒါယကာ၊ ဒါယိကာမ များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်၊ ရန်အောင်ဇေယုတောင်တောရ ဆရာတော် ဘဒ္ဒန္တဝိလာသထံမှငါးပါးသီလခံယူဆောက်တည်၍ မြို့မိမြို့ဖဆရာကြီးဦးဘညွန့်က ဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်အေးက ဌာနဆိုင်ရာ စုပေါင်းလှူဒါန်းသည့် ဝတ္ထုငွေကိုဆက်ကပ်လှူဒါန်းသည်။ မြို့နယ်သာသနာရေးမှူး ဦးကျော်ဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး စောင်းကြည်သာဗိုလ်နှင့်အဖွဲ့က ဂုဏ်ပြုတေးထပ်များဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။