မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီနာယကများနျှင့် ပါတီဝင်များသည် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ပရိတ်တရားတော်များ နာယူခြင်တို့ကို ဆောင်ရွက်ခဲ့ကြသည်။


တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဌများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ပါတီဝင်များက ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများဆက်ကပ် လှူဒါန်ခြင်း၊ တရားတော်များ နာယူခြင်းတို့ အား ညီညာဖျဖျ ဆောင်ရွက်ခဲ့ကြသည်။


တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) အမှတ်စဉ် (၂) ဖွင့်ပွဲ ကျင်းပပြုလုပ်

 

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယနေ့ ဇူလှိုင် ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းအတွင်းရေးမှူး ဦးဆန်းညွှန်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသွားခဲ့သည်။ သင်တန်းအခမ်းအနားတွင် ရက်ကွက်နှင့် ကျေးရွာအုပ်စုဥက္ကဋ္ဌများ၊ လူငယ်ပါတီဝင်များ စုစုပေါင်း (၅၂)ဦး တက်ရောက်ကြောင်း သိရသည်။

မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်ကွင်းဆင်းတွေ့ဆုံ

 

မကွေး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့် မြင်ကွန်းတိုက်နယ်မှ ဦးအေးကြူ၊ ဦးလှမြင့်သိန်းတို့သည် မြင်ကွန်း တိုက်နယ်ရှိ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ယနေ့နံနက် ၉ နာရီတွင် မြင်ကွန်း တိုက်နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်တွေ့ဆုံ၍ ပါတီစည်းရုံးရေး လုပ်ငန်းဆောင်ရွက်မှု များကို တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သင်တန်းဖွင့်လှစ်ရေးတွေ့ဆုံဆွေးနွေး

 

မကွေး ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံ ရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့် လှစ်နိုင်ရေးအတွက်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ချောက်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ကျင်းပခဲ့ သည်။

နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

နတ်မောက် ဇူလိုင် ၁ဝ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် မင်းရွာကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ပါတီဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မင်းဘူး(စကု)၊ ဇူလိုင်​ ၊ ၁၀

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး(စကု) မြို့နယ်​ မင်းရွာ​​ကျေးရွာအုပ်​စု၌ ယ​နေ့ ကျင်းပပြုလုပ်​သည့် ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲနှင့် ပါတီဝင်​ကဒ်​​ပေးအပ်​ပွဲအခမ်းအနားသို့ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌ 
ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်နှင့် တိုင်းပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​ပါတီ‌အတွင်း​ရေးမှူး ဦးစိန်​​ရွှေမင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးမြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်းမြင့်နင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် – ၁ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ကို ၁၀.၇.၂၀၁၈ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) သို့ မကွေးတိုင်းတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ တက်ရောက်အမှာစကားပြောကြားပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီများ သင်တန်းသား ၇၀ ဦးတို့ တက်ရောက်ကြကြောင်းသိရှိရပါသည်။

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့နယ်​ အမှတ်​ (၂) မဲဆန္ဒနယ်​​မြေ ၂၀၁၈ ကြားဖြတ်အောင်နိုင်ရေး ညှို နှိုင်း​ဆွေးနွေးပွဲသို့ ဗဟိုအတွင်း​ရေးမှူးနှင့်အဖွဲ့ တက်ရောက်ဆွေးနွေး

 

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့နယ်​ အမှတ်​ (၂) မဲဆန္ဒနယ်​​မြေ ၂၀၁၈ ကြားဖြတ်အောင်နိုင်ရေး ညှို နှိုင်း​ဆွေးနွေးပွဲသို့ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး။ တိုင်းအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်နှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ၊ ​အောင်​နိုင်​​ရေး​ကော်​မတီအဖွဲ့ဝင်​များ တက်​​ရောက်​​ဆွေး​နွေး ​ဆောင်​ရွက်​ကြပါသည်