ရွာတွင်းကိုယ်ထူကိုယ်ထမီးလင်းရေးအတွက်ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအလှူငွေကျပ် ၁ဝ သိန်းပေးအပ်လှူဒါန်း

 

ဆိပ်ဖြူ သြဂုတ် ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ရွာသစ်ကြီးအုပ်စု ရွာသစ်ကြီး ရွာနှင့်နဘဲကန်ရွာ ရွာတွင်းကိုယ်ထူကိုယ်ထမီးလင်းရေးအတွက် ဝါဇီ ဆရာတော်ကြီးဦးဥတ္တရအား အမှူးထား၍ ဆိပ်ဖြူပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်မိသားစုမှ အလှူငွေကျပ် ၁ဝ သိန်းကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ပေးအပ်လှူဒါန်းရာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်ဌေးနှင့်ဦးဆန်းမင်းဦး၊ အုပ်စုအုပ်ချုပ်ရေးမှူးဦးမင်းလွင်တို့က လက်ခံရယူကြောင်း သိရသည်။

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

22.8.2018

၂၂. ၈. ၂၀၁၈ ​နေ့ ၁၄၀၀ နာရီတွင်​ မ​ကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုမြို့ ကုလားပါး​ကျေးရွာ၌ ကျင်းပပြုလုပ်​သည့်​ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းကော်မတီဝင်များ မင်းဘူး(စကု) ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

မင်းဘူး သြဂုတ် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မင်းဘူး ပြည်ခိုင်ဖြိုးရုံး၌ပြုလုပ်ရာ တိုင်းပါတီဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်တွင်း မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်မြို့နယ်ကော်မတီ၊ အရန်ကော်မတီဝင် များတွေ့ဆုံကြ၍ ရက်သတ္တပတ်အတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

မင်းဘူး(စကု)​၊ သြဂုတ်​၊ ၂၂

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေနုတ်မြောင်းလုပ်အားပေးအာဟာရဒါနပြုလုပ်

 

ချောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးအမာခံ နယ်မြေလှည်းကြီးစုရပ် အမာခံပါတီဝင်များက ရေနုတ်မြောင်း ဖောက်လုပ်ရေးတွင် လုပ်အားပေးဆောင်ရွက်ခဲ့ပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ ဘဏ္ဍာရေးမှူးဒေါ်နွယ်နီနိုင်၊ မြို့နယ်ကော် မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်တို့က အာဟာရဒါနကျွေးမွေးခဲ့ ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


ပြည်သူတို့အခက်အခဲကြုံတွေ့မှုရှိမရှိ ပြည်သူ့အသံနားထောင်ရန် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးတွင်ပြောကြား

နတ်မောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီ ကမြို့နယ်ကော်မတီဝင်များအစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လတ်မိုးက အဖွင့်အမှာစကားပြော ကြားခဲ့ရာ ပါတီဝင်များအနေဖြင့် ပြည်သူတို့၏အခက်အခဲ ကြုံတွေ့ နေမှုရှိမရှိ ပြည်သူတို့၏အသံများ သိစေဖို့ ပြည်သူနှင့်အတူ ပူးပေါင်း ပါဝင်လုပ်ကိုင်ပေးကြပါရန် မိမိတို့ တတ်နိုင်သည်များကို ကူညီပေး ကြရန် ပြောကြားခဲ့သည်။

မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသားများကို အာဟာရဒါနပြုလှူဒါန်း

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန်ပြားကျေးရွာ ပေါက်အိုဓမ္မရိပ်သာကျောင်းတိုက်ရှိ ဓမ္မစကူးလ်သင်တန်း ကျောင်းသားကျောင်း သူများကို ယနေ့နေ့လယ်က အာဟာရဒါနလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါအာဟာရဒါနလှူဒါန်းပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်၊ မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေး အောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်မင်းသိန်း၊ ရုံးအဖွဲ့များဖြင့်သွားရောက်၍ ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

မြိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ပါတီကော်မတီများသည် လူငယ်ကိုယ်စားလှယ် ကိုအောင်ဆန်းထွန်း နှင့်လူငယ်ကော်မတီဝင်များ ပါဝင်လျက် မန်ကျည်းကန်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ပါတီဝင်ဦးအောင်မြိုင်နေအိမ်၌ ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှုတို့ကြောင့်ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

 

ရေစကြို ၊ သြဂုတ်​၊ ၁၉

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက်​ ၁၀ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီးပခုက္ကူခရိုင်​၊ရေစကြိုမြို့နယ်​ သာစည်​အုပ်​စု​ကျေးရွာ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူးမ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ဘဏ္ဍာ​ရေးမှူး
ဦးကြည်​ထွန်း၊ ​တိုင်းပါတီ​ကော်​မ‌တီဝင်​များ ၊ပခုက္ကူခရိုင်​ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်း​ရေးမှူး ဦးမြင့်​နိုင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​​​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​အသစ်​ ၃၇၅ ဦး အပါအဝင်​စုစု​ပေါင်းအင်​အား ၇၀၀ ​​ကျော်​တက်​​ရောက်​ခဲ့ကြပါသည်​ ။