မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

ချောက် သြဂုတ် ၃ဝ

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏ကျေးရွာပါတီဝင်များနှင့် စကား လက်ဆုံတွေ့ဆုံပွဲကို အိုင်းမကျေး ရွာဦးကြင်ရွှေနေအိမ်၌ ယမန်နေ့ က ပြုလုပ်ကြောင်းသိရသည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သစ်ရာကောက်တိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးတင်ဌေးအောင် တို့သည် သစ်ရာကောက်တိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် ၃၀.၈.၂၀၁၈ နေ့ နံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြား

 

မင်းဘူး(စကု) သြဂုတ် ၂၉

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကံပြားတိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

 

(28.8.2018) နေ့ မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော် အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေးအောင် တို့သည် ကံပြားတိုက်နယ်ရှိ ပါတီခေါင်းဆောင်များဖြင့် ယမန်နေ့ နံနက် (၁၀) နာရီခွဲတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။

နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

နတ်မောက်၊ သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတော်များကို နှ လုံးသွင်းပြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက် ဓမ္မစကြာ ဝတ်အသင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်အေးမာကြူ ဦးဆောင်ပြီး ၁၃၈ဝ ပြည့်နှစ် ဝါခေါင်လပြည့် ညချမ်းချိန်ခါဝယ် ဓမ္မစကြာတရားတော် လာရွတ်ဖတ်ခြင်း၊ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးဆောင်ရွက်ခြင်း စသည့် လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်းတို့ ဖြစ်သည့် အိမ်တွင်းသာသနာပြုလုပ်ခြင်း၊ ရပ်ရွာအတွင်း သာသနာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

တောင်တွင်းကြီး သြဂုတ် ၂၇

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်လှုပ်ရှားမှုအဖြစ်လစဉ် လပြည့်အခါနေ့တိုင်း တောင်တွင်းကြီးမြို့ပေါ်ရှိ စေတီပုထိုး၊ ရင်ပြင်တော်များအပေါ် စုပေါင်း သန့်ရှင်းရေး လုပ်အားဒါနများ ပြုလုပ်လျက်ရှိရာ ယမန်နေ့(ဝါခေါင်လပြည့်နေ့)တွင် ရွှေအင်းတောင် စေတီတော်၌ လူငယ်ပါတီဝင်အင်အား ၃၅ ယောက် ဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

သန်းတိုးအောင်(တောင်တွင်းကြီး)

စလင်းပြည်ခိုင်ဖြိုးပါတီဆွမ်းဆန်စိမ်းလောင်းလှူ

 

စလင်း သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဖောင်းလင်းအုပ်စု သမိုင်း ဝင်ရှင်ပင်ရွှေစောလူး စိန်ဖူးတော်တင်လှူပွဲအခမ်းအနားတွင် ယနေ့ နံနက် ၁၁နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ မြတ်စွာ ဘုရားရှင်နှင့် ပင့်သံဃာ ၅၄ ပါးကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ မြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင်ဦးဝင်းမြိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် ကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ သွားရောက်၍ ဆွမ်းဆန်စိမ်းများ ကုသိုလ်ဒါနပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြိုင်ပြည်ခိုင်ဖြိုးပါတီကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မြိုင် သြဂုတ် ၂၆

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် များသည် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို တောင်စုံကျေးရွာအုပ်စု ဘောင့်ဘင်ကျေးရွာ ဦးပြည့်နေအိမ်၌ ယနေ့နံနက် ၉ နာရီက ပြုလုပ် သည်။

တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်း၊ မြို့နယ်ကော်မတီဝင်ဦးစန်းယုနိုင်၊ ဦးနန္ဒာအောင်၊ ဦးခင် မောင်အေး၊ လူငယ်ကိုယ်စားလှယ်ကိုသိန်းကျော်စိုးတို့နှင့်အတူကျေးရွာ ပါတီဝင် ၄ဝ ခန့်တက်ရောက်ကြပြီး ပါတီဝင်များ၏စီးပွားရေး၊လူမှု ရေးအခြေအနေများနှင့်လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများကိုပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။