မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ၊ ၆

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါတွင်းကာလဥပုသ်နေ့တိုင်း ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 

နတ်မောက် စက်တင်ဘာ ၎

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ ည ၇ နာရီ မှစတင်ကာ တမာပင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင် ဦးဆောင်သော ဓမ္မစကြာဝတ်ရွတ်အသင်းအား ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏မေတ္တာရပ်ခံမှုဖြင့် သံဃာတော်အရှင် သူမြတ်တို့ ဝါဆိုဝါတွင်းကာလဖြစ်သည့် ဥပုသ်နေ့တိုင်း အလှည့်ကျ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရ သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း ပြည်သူများနှင့်တွေ့ဆုံ

 

ချောက် စက်တင်ဘာ ၎

မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ် ကျောက်စစ် ပုံကျေးရွာသို့ ယနေ့နံနက်က မင်းဘူးမြို့နယ် ပါတီကော်မတီဝင် များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ရွေးချယ်ခံမည့် လွှတ် တော်ကိုယ်စားလှယ်လောင်းဦးစိန်ရွှေမင်းနှင့် မြို့နယ်ကော်မတီဝင် များ၊ ပြည်သူလူထုများနှင့်တွေ့ဆုံ၍စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


တိုင်းဒေသကြီးပါတီအတွင်းရေးမှူး နတ်မောက်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

နတ်မောက် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် များဖြစ်သည့် မကွေးတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် မကွေးတိုင်း ဒေသကြီးကော်မတီဝင်နတ်မောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင်ချိန်၊ မကွေးခရိုင် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်တို့ သည် ယနေ့ နံနက် ၁ဝ နာရီကစ၍ နတ်မောက် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ရပ်/ကျေးအုပ်စု ၈ဝ မှ ပါတီ ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

တိုင်းကော်မတီဝင်နှင့်အဖွဲ့ မင်းရွာတိုက်နယ်အတွင်းရှိ ရပ်/ကျေးပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ

 

ဂန့်​​ဂေါမြို့နယ်​ မင်းရွာတိုက်​နယ်​သို့ တိုင်း​ကော်​မတီဝင်​ ဦးလှ​ဆွေ၊ ခရိုင်​အတွင်း​ရေးမှူး ဦးခင်​​မောင်​ချို ၊ မြို့နယ်ပါတီဥက္ကဌ ဦး​ကျော်​စွာမင်း နှင့် ​ကော်​မတီဝင်​များ သွား​ရောက်​လျက်​ မင်းရွာတိုက်​နယ်​အတွင်းရှိ ရပ်​​ကျေးပါတီဥက္ကဌများ၊ ​ကော်​မတီဝင်​များ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ၊ လူငယ်​ပါတီဝင်​များနှင့်တွေ့ဆုံခဲ့ပြီး ​တောဖို့​ကျေးရွာဘုန်းကြီး​ကျောင်းတွင်​ ဓမ္မစကူးလ်​က​လေးငယ်​များနှင့်​ကျေးရွာအတွင်းပြည်​သူများအား မုန့်​ဟင်းခါးဒါန​ကျွေးခြင်း၊ ​ကျေးရွာလူငယ်​များအတွက်​ ​ဘောလုံးဝယ်​ယူရန်​ ​ငွေ​ကြေး​ထောက်​ပံ့ခြင်း ၊ရွာဦး​ကျောင်းဆရာ​တော်​အား သွား​ရောက်​ဖူး​မျှော်​ခြင်းများအား ပြုလုပ်​ခဲ့​ကြောင်း သိရသည်​။

ပခုက္ကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း

 

ပခုက္ကူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များနှင့် ယမန်နေ့ မွန်းတည့် ၁၂နာရီက မြို့နယ်ပါတီရုံးတွင် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ်ပါတီကော်မတီဝင်များက တစ်လတာကာလအတွင်း တိုက်နယ် အလိုက် ကွင်းဆင်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးပြီး လိုအပ်ချက်များကို ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင် အသစ်များ ဝင်ရောက်ရန်အဆိုပြု ဗဟိုအတွင်းရေးမှူး တက်ရောက်ကြိုဆို

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သို့ ဝင်ရောက်ရန် ပါတီဝင်သစ် (၁၆၀၈) ဦးတို့က ပါတီဝင်အဆိုပြလွာများ စုပေါင်းပေးအပ်ခဲ့ပါသည်။
ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ကြိုဆို နှုတ်ခွန်း ဆက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ပါတီကော်မတီဝင်များလည်း တက်ရောက်ခ့ကြပါသည်။

အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပါတီရုံးတွင် ဆရာတော်သံဃာတော်ကြီးများအားပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများလည်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

အောင်လံမြို့နယ် ပါတီကော်မတီအဖွဲ့ဝင်များ၊ ပါတီဝင်များနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး ၊ အတွင်းရေးမှူး ဦးဆန်းညွန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ပြီး ဆရာတော်ကြီးများထံမှ တရာတော်များကို အတူတကွ နာယူခဲ့ ကြပါသည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မီကျောင်းရဲတိုက်နယ်ရှိ ပါတီခေါင်းဆောင်များ နှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးဝင်းမောင် ၊ ဦးဝင်းခိုင်၊ ဦးတင်ဌေးအောင် တို့သည် မီကျောင်းရဲတိုက်ရှိ ပါတီခေါင်းဆောင်များ နှင့် ၃၀.၈.၂၀၁၈ နေ့ နေ့လည်(၁) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။