ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုဂုဏ်ပြု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား အာဟာရကုသိုလ်ပြုကျွေးမွေး

 

ရေနံချောင်း စက်တင်ဘာ ၁၆

ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဝင်း၊ အတွင်းရေး မှူးဦးဝင်းတင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် ကျောက်မင်းဆင်ရပ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်း ထိုင်ဆရာတော်ဘဒ္ဒန္တဥာဏိန္ဒအား ဖူးမြော် ကြည်ညို၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူ ဒါန်းကြကြောင်းနှင့် အဆိုပါကျောင်းတိုက် တွင်ဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းမှ သင်တန်းသား သင်တန်းသူ ၁ဝဝ အား နေ့လယ်စာ အာဟာရဒါနများ ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သရက်လေးပင်ကျေးရွာ ပါတီဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

မ​ကွေး၊ စက်​တင်​ဘာ ၁၂

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​ တို့သည်​ ယမန်​နေ့ နံနက်​ ၁၀ နာရီအချိန်တွင်​ သရက်​​လေးပင်​​ကျေးရွာ၌ ပါတီဝင်​များ၊ ​ရပ်​မိရပ်​ဖများအား​တွေ့ဆုံခဲ့ပြီး မန်​ကျီးကိုင်းကြီးပဲ့ကျ၍ ​နေအိမ်​ပျက်​ဆီးသွား​သော ပါတီဝင်​ ဦးသိန်းလွင်​အား ပြန်​လည်​ပြုပြင်​​ရေးအတွက်​ ​ငွေကျပ်​ ၅ ​သောင်း​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။ ဆက်​လက်​၍ ယ​မန်နေ့ ည
၆. နာရီခွဲအချိန်​တွင်​ ​အေးမြသာယာ​ကျေးရွာ၌ ပါတီဝင်​များအား ​တွေ့ဆုံခဲ့ပြီး ည ၈ နာရီအချိန်​တွင်​ သိင်္ဂါဂီရိရပ်​ကွက်​ရှိ ညပိုင်း ပရဟိတစာသင်​ဝိုင်းသို့ သွား​ရောက်​၍ စာသင်​ခုံ ၃ ခုံ လှူဒါန်းခဲ့​ကြောင်း သိရသည်​။

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာနှီနှောဖလှယ်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

စက်တင်ဘာ ၁၂

၁၂ – ၉ – ၂၀၁၈ ရက်နေ့ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မကြာမီကျင်းပမည့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအတွက် မြို့နယ်ပါတီရုံးတွင် အကြိုညှိနှိုင်းအစည်းဝေးပြုလုပ်ကြပါသည်။
အခမ်းအနားတွင် ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဦးမြင့်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးချမ်းမင်း၊ နာယကများ၊ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ စုစုပေါင်း (၇၂) ဦး တက်ရောက်ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်ဇနီးမိသားစု ပင်းမြို့ဟောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းတွင် ပုပ္ဗာရုံကျောင်း တိုက်ဆရာတော် ဦးဥက္ကဋ္ဌအား မိခင်ကြီးဒေါ်တင်တင်ရီအား အမှူးထား၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုတို့က စက်တင်ဘာ ၁၂ရက်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ထွန်းမှီ (နတ်မောက်)


မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီး​နှောဖလှယ်​ပွဲကျင်းပ​ရေးလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ ၁၁

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီးညီလာခံအကြို နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ မွန်းလွဲ ၁ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး ပါတီ
အစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ ဦး​အောင်​နိုင်၊ မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ဆွေး​နွေးခဲ့ကြပြီး လုပ်​ငန်းတာဝန်​များ ခွဲ​ဝေသတ်​မှတ်​ကြကာ မွန်းလွဲ ၂ နာရီအချိန်​တွင်​ ပြီး​မြောက်​ခဲ့​ကြောင်း သိရသည်​။

ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ပွင့်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ် ကော်မတီရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာအစည်းအဝေးကို မြို့ နယ်ပါတီအတွင်းရေးမှူး ဦးဆန်း ထွန်း၊ကော်မတီဝင်များဖြစ်ကြသော ဦးသန်းကို၊ ဦးတင်ဝင်းမောင်၊ ဦးအောင်ကျော်ဦးနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များတက် ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းပါတီဥက္ကဋ္ဌတို့ မြို့နယ် ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး စက်တင်ဘာ ၁၁

ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် အာဟာရဒါန ကုသိုလ်များပြုလုပ်

 

စက်တင်ဘာ ၁၁

ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအားကြိုဆိုထောက်ခံသောအားဖြင့် ယနေ့ နံက် ၁၁း၃၀ အချိန်တွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းလိုင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဌေး လူငယ်ရေးရာဥက္ကဌ ဦးဌေးမြင့်အောင်၊ လူငယ်အတွင်းရေးမှူး ဦးအောင်ဇော်ထွန်း၊ ရေးရာအလိုက်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များမှ ချောက်မြို့ ရေနံဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများနှင့် ချောက်မြို့ မြို့မရဲစခန်းတို့တွင် အကြောင်းအမျိုးအမျိုးကြောင့် ချုပ်နှောင်ခံထားရသော အချုပ်သားများအား နေ့လည်စာ ထမင်းဗူးများ အာဟာရဒါနအဖြစ် ကျွေးမွေးခဲ့ပါသည်။

ဖလံ​တော​ကျေးရွာမှ မဲဆန္ဒရှင်မိဘပြည်​သူများနှင့်​ ပြည်​ခိုင်​ဖြိုးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းတို့ ​ဆွေ့ဆုံပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍နှုတ်​ခွန်းဆက်​စကား ​ပြောကြား

မင်းဘူး၊ စက်​တင်​ဘာ ၁၀

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြို​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေးသည်​ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်း​ဒေသကြီး ပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းနှင့်​ ​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များ လိုက်​ပါလျက်​ ယ​နေ့ မွန်းလွဲ၂ နာရီခွဲ အချိန်​တွင်​ မင်းဘူးမြို့နယ်​မဲဆန္ဒနယ်​​မြေအမှတ်​(၂)ရှိ ဖလံ​တော​ကျေးရွာသို့ သွား​ရောက်​ခဲ့
ကြောင်း သိရသည်​။

ကျောက်တန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနားကျင်းပ

 

နတ်မောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ကျောက် တန်းအုပ်စု ကျောက်တန်းကျေးရွာ တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။