မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံ လမ်းပြုပြင်ရေးအတွက် ဘိလပ်မြေအိတ်များထောက်ပံ့

 

မကွေး အောက်တိုဘာ ၇

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့်မြို့နယ်ကော်မတီဝင် ဦးဝင်းနိုင်၊ ဦးတင်ဌေး အောင်၊ ဦးဝင်းမောင်၊ ဦးဝင်းခိုင်တို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မိကျောင်းရဲကျေးရွာရှိ ပါတီဝင်များနှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး လမ်းပြုပြင်မှုအတွက် လိုအပ်နေသော ဘိလပ်မြေအိတ် ၁ဝ လုံး၊ လုပ်အား ဒါနပြုနေသော ပါတီဝင်များအတွက် ပါတီတံဆိပ်ပါ အင်္ကျီအထည် ၂၅ ထည်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မင်းဘူးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

အောက်တိုဘာ (၄)၊ မင်းဘူး

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ မင်းဘူးမြို့နယ်​၊ စကုမြို့ရှိ ​ဇာတ်​ရုံခန်းမတွင်​ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​ ​အောင်​နိုင်​​ရေး မင်းဘူးမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီ၏ မဲဆန္ဒရှင်​ပြည်​သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက်​ (၈) နာရီ ၃၀ မိနစ်​က ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်ရောက်​အား​ပေးချီးမြှင့်ခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး မ​ကွေးတိုင်း​ဒေသကြီးအတွင်းရှိ စေတီ​တော်​မြတ်​များအား ဖူး​မျှော်​ကြည်​ညို၍ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

အောက်တိုဘာ ၄၊ မင်းဘူး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ယမန်နေ့နံနက်​ ၁၀ နာရီ ၃၀ မိနစ်ချိန် တွင် မင်းဘူးခရိုင်​၊ ပွင့်ဖြူမြို့နယ်​ရှိ စန္ဒကူး​နံ့သာကျာင်း​တော်​ရာ​ စေတီ​တော်​မြတ်​ကြီးအား ဖူး​မျှော်​ကြည်​ညို၍ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့ပြီး​နောက်​ ​စေတီ​တော်​မြတ်​ကြီးအကျိုး​တော်​​ဆောင်​ချုပ်​နှင့်​ ​ကျောင်းကြီး​ကျောင်းဆရာ​တော်​ အရှင်​ဓမ္မစာရအား ဖူး​မျှော်​ကြည်​ညိုပူဇော်​၍ သင်္ကန်းအစရှိ​သော လှူဖွယ်​ပစ္စည်းများနှင့်​ အလှူ​ငွေများ ဆက်ကပ်​လှူဒါန်းခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ​ဆောမြို့နယ်​ ပြည်​ခိုင်​ ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ

 

အောက်​တိုဘာ ၃ ၊​ဆော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း 
ဌေးသည်​ အောက်တိုဘာ ၂ ရက် ည​နေ၃နာရီက ​ဆောမြို့နယ်​ပါတီရုံးတွင်​ ​မ​ကွေးတိုင်း​ဒေသကြီး၊ဂန့်​​ဂေါခရိုင်​၊​ဆောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ မြို့နယ်​ပါတီမှ တာဝန်​ရှိသူများက လိုအပ်​သည်​များ တင်​ပြလာမှု​အ​ပေါ် ပါတီဥက္ကဋ္ဌဦးသန်း​ဌေးမှ ​ပေါင်းစပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေးခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး မ​ကွေးတိုင်း​ဒေသကြီး၊ပခုက္ကူခရိုင်​၊ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံအမှာစကား​ပြောကြား

 

အောက်​တိုဘာ ၂ ၊ဆိပ်​ဖြူ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည်​ ယ​နေ့နံနက်​ ၁၁နာရီ၃၀မိနစ်​က ဆိပ်​ဖြူမြို့နယ်​ပါတီရုံးတွင်​ မ​ကွေးတိုင်း​ဒေသကြီး၊ပခုက္ကူခရိုင်​၊ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထိုသို့​တွေ့ဆုံရာသို့ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေး၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​၊မ​ကွေးတိုင်း​ဒေသကြီပါတီဥက္ကဋ္ဌ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊တို​င်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များ၊ ပခုက္ကူခရိုင်​ပါတီဥက္ကဋ္ဌသိန်းထွန်းနှင့်​ ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ ဆိပ်​ဖြူမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလှ​ဆောင်​နှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပါအဝင်​ စုစု​ပေါင်း (၁၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့​သည်​။

ကြားဖြတ်​​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​စိုက်​ထူ

 

မင်းဘူး၊ ​အောက်​တိုဘာ ၁

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး (စကု) မြို့နယ်​ ​အောင်​နိုင်​​ရေး ဆိုင်းဘုတ်​ကို အောက်တိုဘာ (၁) ရက်နေ့ နံနက်​ ၈ နာရီခွဲက မင်းဘူးမြို့ အမှတ်​ ၃ ရပ်​ကွက်​တွင်​ ​စိုက်​ထူခဲ့​ကြောင်း သိရသည်​။
ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ လစ်​လပ်​မဲဆန္ဒနယ်​ဖြစ်​​သော မင်းဘူးမြို့နယ်​မဲဆန္ဒနယ်​အမှတ်​ ၂ တိုင်း​ဒေသကြီးလွှတ်​​တော်​​နေရာအတွက်​ ပြည်​ခိုင်​ဖြိုး
ပါတီကိုယ်​စားပြု ဝင်​​ရောက်​အ​ရွေးချယ်​ခံမည့် ဦးစိန်​​ရွှေမင်းအတွက်​ ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​စိုက်​ထူခြင်းဖြစ်​ပြီး အဆိုပါဆိုင်းဘုတ်​ထူခြင်းသို့ မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ ဦး​ကျော်​သူဦးနှင့် ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုညှိနှိုင်းစည်းဝေး

 

ချောက် အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြိုညှိနှိုင်းအစည်းအဝေးနှင့် ရေးရာအလိုက် လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမဆောင် တွင် ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူးဦးသန်းလှိုင်၊ မြို့နယ်ရေးရာ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက်ကြသည်။

အမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ကျင်းပ​ရေးလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

ရေစကြို ၊ စက်​တင်​ဘာ ၃၀

မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီ ပခုက္ကူခရိုင် ​နှင့် ဂန့်​​ဂေါခရိုင်​တို့မှပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲပြုလုပ်

 

ပခုက္ကူ၊ ၊ စက်​တင်​ဘာ ၂၆