ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်မြေတာဝန်ခံ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေး၊ စည်းရုံးရေးမှူး ဦးတင်သိန်း တို့သည် ဧပြီ (၂၂) ရက်က သပြေတန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေး

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်နှင့် မြို့နယ်ကော်မတီဝင်များမှရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စည်းမှူးများမှလည်း ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


ရေတာရှည်ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နယ်မြေ တာဝန်ခံ ဦးကျော်ထိန် ဦးဆောင်၍ စည်းရုံးရေးမှူး ဦးဝင်းညွန့်၊ ဦးကျော်အောင်တို့နှင့် ပူးပေါင်းကာ ဧပြီလ (၅) ရက်က ပီတူးကျေးရွာအုပ်စု နှင့် ဝါးရုံတောကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်းဖွင့်

 

ပြည်ခရိုင် ပေါက်ခေါင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော အခြေခံစက်ချုပ်သင်တန်း (၂/၂ဝ၁၇)ဖွင့်ပွဲကို မတ်လ (၂၅) ရက် နံနက် ၉နာရီက ပေါက်ခေါင်းပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦးနှင့် ပေါက်ခေါင်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်တို့က သင်တန်းဖွင့် အမှာစကားပြောကြားကြ ပြီး သင်တန်းမှူး ဦးသိန်းစိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ စက်ရေတွင်း တူးဖော်လှုဒါန်း

 

ကျေးလက်နေပြည်သူများ သောက်သုံးရေအတွက် ခက်ခဲမှုမရှိစေရန် ရည်ရွယ် ၍ မတ်လ (၂၃) ရက်နေ့နံက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊မြို့နယ်ကော်မတီဝင်များမှ ပဲခူးမြို့နယ် အထက်စည်တီးအနောက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ရန် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာနေအလှူရှင်များနှင့် ပူးပေါင်း ပြီး အထက်စည်တီးအနောက်ကျေးရွာ၌ အနက်ပေ (၄၆၀) ရှိ (၄) လက်မ စက်ရေးတွင်းတစ်တွင်းအား ရေစက်အပါအဝင် ငွေကျပ် (၁၅) သိန်း အကုန်ကျခံ တူးဖော်လှူဒါန်းခြင်းဖြစ်သည်။

ညောင်လေးပင်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကွင်းဆင်းစည်းရုံး

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် အမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူ များထံ မတ် ၂၂ ရက်က ကွင်းဆင်း စည်းရုံးခဲ့ကြောင်းသိရှိရပါသည်။

ဒီမိုကရေစီ စစ်မှန်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါစို့…

အောင်မြတ်သူ


ဇီးကုန်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ ဘင်ခရာသင်တန်း ဖွင့်လှစ်

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာ ဘင်ခရာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးအောင်မိုးဦး၊ လူငယ်ရေးရာတာဝန်ခံ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူ ၃ဝ ဦး တက်ရောက်ခဲ့ကြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ပဲနွယ်ကုန်းဒေသ ဇရပ်ခင်ကျေးရွာသို့ သွားရောက်မဲဆွယ်စည်းရုံး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်မြေအမှတ်(၄)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်သည် ပဲနွယ်ကုန်းဒေသ ဇရပ်ခင်ကျေးရွာရှိ စည်းရုံးရေးမှူး ဦးမြင့်နိုင်နေအိမ်တွင် ကျေးရွာ အတွင်းရှိ မဲဆန္ဒရှင်မိဘ ပြည်သူ များအား ယနေ့နံနက် ၁ဝ နာရီက မဲဆွယ်စည်းရုံးဟောပြောခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)

 

ရွေးကောက်ပွဲအောင်နိုင်ရေး တိုင်းဒေသကြီးခရိုင် မြို့နယ်ကော်မတီ ညှိနှိုင်းစည်းဝေး

 

ရွေးကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးညီညီမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး(ငြိမ်း)ဦးရဲမြင့်ထွန်းနှင့်အတူ တောင်ငူခရိုင် ခြောက်မြို့နယ် မှ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူး များအား ယမန်နေ့ မွန်းလွဲ ၂နာရီတွင် ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်တွေ့ဆုံ၍ လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြို့နယ်များမှ တက်ရောက် လာသည့်ပါတီတာဝန်ရှိသူများအားပူးပေါင်း ကူညီဆောင်ရွက် ပေးကြရန် ဆွေးနွေးညှိနှိုင်း၍ အဆိုပါအစည်းအဝေးကို မွန်းလွဲ ၃ နာရီတွင် ကျင်းပပြီးစီးကြောင်း သိရသည်။

သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ပါတီကြေးပေးအပ် လူငယ် များနှင့်တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ် ကြေးပေးအပ်ပွဲနှင့် လူငယ်တွေ့ဆုံပွဲကို မတ်လ (၁၆) ရက် မွန်းတည့် ၁၂ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက အမှာစကား ပြောကြားပြီး နောက်ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌ ၆၆ ဦးတို့က ပါတီဝင်များ၏ ပါတီဝင် နှစ်စဉ်ကြေးများ အသီးသီးပေးအပ်ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် နယ်မြေတာဝန်ခံတို့က လက်ခံရယူကြသည်။