ဇီးကုန်းတွင် လုပ်ငန်းစဉ်များဆွေးနွေး

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်သို့ ယနေ့ နံနက် ၉နာရီကပဲခူးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်အဖွဲ့ဝင်တိုင်းဒေသကြီးပါတီ ကော်မတီ  ဝင်ဦးစိုးအောင်၊ခရိုင်ပါတီဥက္ကဋ္ဌဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူးဦးဇော်ဝေလင်းတို့သည် ဇီးကုန်းမြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့်မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်များအားလာ ရောက် တွေ့ဆုံခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းစဉ်အရပ် ရပ်တို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြပြီး နံနက် ၁၁နာရီတွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီဆွေးနွေးပွဲကျင်းပ

 

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မျက်နှာစုံညီဆွေးနွေးပွဲအား မြို့နယ်ပါတီရုံးတွင် (၂၂.၈.၂၀၁၇) ရက်နေ့ နံနက်​ (၁၀း၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင်         ဒေါ်လင်းလင်းသန့်မှ တက်ရောက်ပြီး လစ်လပ် EC အစားထိုးခြင်း၊ လစ်လပ်အရန်မြို့နယ် ကော်မတီအား အစားထိုးအတည်ပြုခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ ကသစ်ဝိုင်ရိပ်သာ ၁ဝ ရက်စခန်းကို လုပ်အားဒါနပြုလုပ်ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ရွှေမင်းဝံကုန်းမြေ ကသစ်ဝိုင်ဓမ္မရိပ်သာ (၆၁)ကြိမ်မြောက် ၁ဝ ရက်စခန်း အလုပ်ပေးတရားစခန်းဝင်ယောဂီ များ၏ ဝေယျာဝစ္စများကို ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် လူငယ်ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်၊ အမျိုးသမီးရေးရာ တာဝန်ခံနှင့် ပါတီကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင် စုစုပေါင်း ၃ဝ ခန့်တို့က ယနေ့နံနက် ၄ နာရီမှစ၍ လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးလှသိန်း ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များတွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီတွင် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းနှင့်အတူ တိုင်းဒေသကြီး ကော်မတီ ဝင်ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးတို့လိုက်ပါ၍ ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့် ကော်မတီဝင်များက ကြိုဆိုကြသည်။ ယင်းနောက် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ရှေ့လုပ်ငန်းစဉ်များ အားဆွေးနွေးမေးမြန်းရာ ပါတီဥက္ကဋ္ဌဦးကျော်ဆန်းဦးက ကျောက်တံခါးမြို့နယ်၊ ရပ်ကွက်၊ကျေးရွာရေးရာအလိုက် ပါတီဝင်တိုးချဲ့ဖွဲ့စည်းထားမှုနှင့် မြို့နယ် အတွင်း ပါတီဝင်များ၏လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။

ပြည်ခိုင်ဖြိုးပါတီဘိုးဘွားရိပ်သာအတွင်း သန့်ရှင်းရေးဆောင်ရွက် အာဟာရဒါနပြု

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အင်အား ၂ဝ သည် ယနေ့နံနက် ၉ နာရီမှစ၍ ကြို့ပင်ကောက်မြို့(ရွှေကြို့မြေဘိုးဘွား ရိပ်သာ)တွင် နံနက်ပိုင်း၌ ထင်းဖြတ်သယ်ပေးခြင်း၊ ရိပ်သာဝင်းအတွင်း မြက်ရှင်းခြင်းနှင့် အထွေထွေသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြပြီး အဘိုးအဘွားများကို တစ်နေ့တာ နံနက်၊ နေ့လယ်၊ ညစာများနှင့် အချိုပွဲများဖြင့် လှူဒါန်းဒါနပြုခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ယနေ့ နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တောင်ငူခရိုင်ပါတီအပါအဝင်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သော ရေတာ ရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူးမြို့နယ်များသို့ရောက်ရှိကာ ပါတီကော်မတီ ဝင် များနှင့်တွေ့ဆုံပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

၂၁ . ၅ . ၂၀၁၇ ရက်​​နေ့တွင်​ ပဲခူးတိုင်း​ဒေသကြီး(အ​နောက်​ပိုင်း) ပြည်​​ထောင်​စုကြံ့ခိုင်​​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ ​တွေ့ဆုံပွဲ အခမ်းအနားအား ပါတီဌာနချုပ်​ မှ အမျိုးသမီး​ရေးရာတာဝန်​ခံ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ တို့တက်​​ရောက်​​ဆွေး​နွေးခဲ့ကြပြီး ၄င်းအခမ်းအနားသို့ ပဲခူးတိုင်း​ဒေသကြီး ဒုတိယဥက္ကဌ ဦး​အောင်​ချိုဦး နှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ ၊ ခရိုင်​ ၊ မြို့နယ်​များမှ အမျိုးသမီး​ရေးရာတာဝန်​ခံများ ၊ ​ကောမတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။ #Duwon


နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း ဆင်းပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

(more…)


ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်လပတ်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်း)သာယာဝတီခရိုင် ဇီးကုန်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုံမှန်လပတ် အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီကကျင်းပခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသ ကြီးပါတီကော်မတီဝင်ဦးသန်းဇော် ထွန်း၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်/ကျေးစည်းရုံးရေး မှူးနှင့်အဖွဲ့ဝင်များ စုံလင်စွာတက် ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် တိုင်း ဒေသကြီး ပါတီကော်မတီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းက ရှေ့လုပ်ငန်း စဉ်များအကြောင်း ရှင်းလင်းဆွေး နွေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးထူးခိုင် က ပါတီစည်းရုံးရေး၊ အမာခံ ပါတီဝင်များ အမြဲရရှိနိုင်အောင် စည်းရုံးဆောင်ရွက်နိုင်ရေး၊ အမျိုး သမီးရေးရာနှင့် လူငယ်ရေးရာ အကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင် ကောက်မြို့ ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယနေ့နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်အစည်းအဝေးပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ မြို့နယ်ကော်မတီဝင် များမှ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး တက် ရောက်လာကြသူစည်းမှူးများကလည်း ညှိနှိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)