ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်းမှ ပဲခူးအရှေ့ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်းမှ ယနေ့ (၁၄-၉-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီကော်မတီဝင်များနှင့် ပဲခူးခရိုင်(၈)မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ဗဟိုအလုပ်အမှုဆောင် တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းနှင့် သက်ဆိုင်ရာ တိုင်းခရိုင်    မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ အတွင်း ယနေ့နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်အစည်းအဝေးပွဲကိုကျင်းပခဲ့သည်။

ယင်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုးက အဖွင့်စကားနှင့် ယနေ့ဖြစ်ပေါ်နေသည့် တိုင်းပြည် ၏ ပကတိအခြေအနေနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ဆက်လက်၍တက်ရောက်လာသူတို့၏ ဆွေးနွေးအကြံပြုမှုများကို ဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေး ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။ ယင်းသို့မြို့နယ်အလုပ်အမှုဆောင်များ၊ စည်းမှူးများ၊ ရုံး အဖွဲ့မှူးများလည်းတက်ရောက်ကြကာ တက်ရောက်လာသူတို့အား ပါတီအဖွဲ့မှ လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးညိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)


ကျောက်ကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ(၁၂၉)ကြိမ် မြောက်ရှင်ဥပဂုတ္တမီးမျှော ပူဇော်ပွဲနှင့်မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ နှစ်စဉ်မပျက်ကျင်းပလျှက်ရှိသော (၁၂၉) ကြိမ်မြောက် ရှင်ဥပဂုတ္တမီး မျှောပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ နာရီတွင်ကျင်းပရာ ရေလယ်စံ ကျောင်းတော်ပေါ်တွင် ပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူမူမြင့် နှင့်ယောဂီအသင်းခေါင်းဆောင် ဒေါ်နုနုစိန်           ဦးဆောင်ပြီး ရပ်ကွက်/ ကျေးရွာများမှ ပါတီဝင်အမျိုးသမီး များဖြင့် ရှင်ဥပဂုတ္တရဟန္တာမြတ် ကြီးအား ဓမ္မစကြာတရားဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ပြီး ယနေ့ ညနေ ၆ နာရီတွင် မီးကြာ      ခွက် ၅ဝဝဝ မီးမျှောပူဇော် သွားမည်ဖြစ် ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့ သည် ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ၊ ရေကျော်အုပ်စု ရောင်ကြီးကျေးရွာနှင့် ရေကျော်ကျေးရွာတို့ရှိ ဒေသခံရပ်မိရပ်ဖများ၊ ပါတီဝင်များတွေ့ဆုံခဲ့ပြီး ရေကျော်ကျေးရွာ ကျောင်းထိုင်ဆရာတော်အားသွားရောက်ဖူးမြော်ကာ အလှူငွေများ ဆည်းကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ သူရအောင် (ပြည်)

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေး ဇီးကုန်းတွင်ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ဇီးကုန်းမြို့နယ်တွင် ယနေ့ နံနက် ၉နာရီက တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြင့်လွင်ဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုင်းအောင်လှိုင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလွင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်၊ ကျေး စည်းရုံးရေးမှူးများနှင့် ဒုစည်းရုံးရေးမှူးများ တက်ရောက်ကြပြီး ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏လစ်လပ်လျက်ရှိသော မြို့နယ်ပါတီအတွင်းရေးမှူးနေရာနှင့် မြို့နယ်ကော်မတီဝင် နေရာတို့ကို ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြသည်။

(၁၂၉)ကြိမ်မြောက်ရှင်ဥပဂုတ္တမထေရ်မြတ်မီးမျှောပူဇော်ပွဲတွင်ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်ကျင်းပသော (၁၂၉)ကြိမ်မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ ကကျင်းပရာ ပွဲတော်ကျင်းပရေးဦးစီးနာယက ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစန္ဒိမာက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ကြံခင်းမြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြံခင်းမြို့နယ် မြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားအား ယနေ့ (30-8-2017)ရက်နေ့  နံနက်ပိုင်းတွင်ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှင့်ခဲ့ပြီးဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဝင်းနိုင်၊ဦးအောင်ဝင်းဆွေနှင့်ခရိုင်ပါတီ အတွင်းရေးမှူးဦးချစ်ဝင်းတို့မှ သဘာပတိများအဖြစ်ဆောင်ရွက်၍ ခရိုင်ပါတီကော်မတီဝင်များနှင့်ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတင်မောင်ကြိုင်၊ဦးခင်ကျော်ညွန့်နှင့်ရပ်မိရပ်ဖများရှေ့မှောက်တွင် မဲစနစ်ဖြင့်ရွေးချယ်ဆောင်ရွက်ခဲ့ကြပြီး လစ်လပ်နေရာအတွက်ဦးအေးကိုမှ မဲအများဆုံးရရှိခဲ့ပြီး ကတိသစ္စာပြု၍ ကြွေးကြော်သံများဖြင့်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အလင်းရောင် ကြံခင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဘေးရှောင် ပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဘေးရှောင် ပြည်သူများ အတွက် ပြည်မြို့ရှိ ရခိုင်မိသားစုလူမှု          ကူညီရေးအဖွဲ့သို့ အလှူငွေ
( 100000/- ) ကျပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ပဲခူးပြည်ခိုင်ဖြိုးပါတီဝင်၂ဝဝ ကျော် ဒေးစွန်ပါဘုရားတောင်နံရံ ပြန်လညf ပြုပြင်မှု လုပ်အား ဒါနပေးလှူ

 

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယကများဖြစ်သော ဦးဝင်းတင်၊ ဦးကျင်သိန်းနှင့် ဥက္ကဋ္ဌဦး စောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊ မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူး မြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးရှိ ဒေးစွန်ပါ ဘုရားတောင်နံရံပြို ကျမှု ပြန်လည်ပြုပြင်ခြင်းတွင် လုပ်အားဒါန သွားရောက်ပေး လှူကြသည့်အပြင် အလှူငွေကျပ် လေးသိန်းကိုလည်း လှူဒါန်းခဲ့ကြသည်။