ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဇရပ်လှ အုပ်စု ဇရပ်လှရွာသို့ ယမန်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ကော်မတီဝင်ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့် မြို့ နယ် ကော်မတီဝင်များသည် ဇရပ်လှအုပ်စု ဇရပ်လှရွာ ပါတီဝင် များ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်မှုကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်က လက်ခံရယူပြီး ပါတီဝင်များတိုးပွားဆောင်ရွက်ရေးနှင့် မိမိတို့ပါတီ သည် ပြည်သူဘက်မှ အစဉ်ရပ်တည်နေမည်ဖြစ်ကြောင်း၊ ပြည်သူ အတွက် ပြည်ခိုင်ဖြိုးအမြဲရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။