ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစု တရားစခန်းဝင်ယောဂီများအား ဆွမ်းဆက်ကပ်လှူဒါန်း

 

ဝေါမြို့ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ တွင် နှစ်စဉ်ကျင်းပလျက်ရှိသော မိုးကုတ်ဝိပဿနာတရားစခန်း (၉) ကြိမ်မြောက် နေ့ဆွမ်းကြီးအလှူ အား ဝေါမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ပြည်ခိုင် ဖြိုးကော်မတီဝင် ဦးသောင်းထွန်း နှင့်ကော်မတီဝင်များ၊ မြို့ပေါ် ခြောက်ရပ်ကွက်မှ ရပ်ကွက်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် အဖွဲ့ ဝင်များက ရွှေဘုန်းပွင့်ဓမ္မရိပ်သာ ၁ဝ ရက် တရားစခန်းဝင်ယောဂီ သူတော်စင် ၇၅ ပါးအား ဆွမ်းကြီး လှူဒါန်းပြီး တရားပြဆရာတော် အောင်ဗောဓိမဏ္ဍိုင်ကျောင်း ဆရာ တော်ဒေါက်တာရှင်ပဏ္ဍိတအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးနှင့်ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ပဲခူး သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည် ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။

ရေဘေးသင့်ပြည်သူများထံ ရေသန့်ဘူးနှင့်ခေါက်ဆွဲခြောက်များလှူဒါန်း

 

ပဲခူး ဇူလိုင် ၃ဝ

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခခံစားနေရသော အဝိုင်းကျေးရွာနှင့် ဘုရားကြီးမြို့ရှိ ရေဘေးသင့်ပြည်သူများထံသွားရောက်ပြီး ရေသန့်ဘူး နှင့် ခေါက်ဆွဲခြောက်များထောက်ပံ့လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် ကလိကျေးရွာ တွင် ရေကြီးနစ်မြုပ်နေသော အိမ်ခြေပေါင်း ၆ဝဝ ကျော်အား ခေါက်ဆွဲခြောက်များ အိမ်တိုင်ရာရောက်လိုက်လံပေးအပ် လှူဒါန်း ခြင်း၊ ဘုရားကြီးမြို့ ရပ်ကွက်ကြီး (၁)ရေဘေးသင့်ပြည်သူများအား ရေသန့်ဘူးများလှူဒါန်းခြင်း၊ကယ်ဆယ်ရေးစခန်းတွင် နာမကျန်းဖြစ် နေသူ သုံးဦးအား အလှူငွေများပေးအပ်ခြင်းများပြုလုပ်ကြသည်။

အလယ်ပိုင်းရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

နတ်တလင်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့အလယ်ပိုင်းရပ်ကွက် တက်နေမင်းလမ်း မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအရန်ကော်မတီဝင်ဦးထွန်း ထွန်း၏နေအိမ်တွင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် တွေ့ဆုံပွဲ ကျင်းပသည်။

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ရေသန့်ဘူးများလှူဒါန်း

 

ပဲခူး ဇူလိုင် ၂၉

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ကော်မတီဝင်များသည်ပဲခူးမြို့နယ် အတွင်းဖွင့်လှစ်ထားရှိသော ရေဘေး ကယ်ဆယ်ရေးစခန်းများအနက်မှ သောက်သုံးရေ ပြတ်လပ်နေသော ကယ်ဆယ်ရေး စခန်းများသို့သွား ရောက်ပြီး ယမန်နေ့ ညနေပိုင်းက ရေသန့်ဘူးများလှူဒါန်းခဲ့ကြသည်။

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်လပတ်အစည်းအဝေးကျင်းပ

 

ပဲခူး ဇူလိုင် ၁၆

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်း အဝေးခန်းမ၌ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နှင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ ပုံမှန်လပတ်အစည်း အဝေးကို ယမန်နေ့က ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးမင်းခန့်ကျော်က ပြည်ခိုင်ဖြိုးပါတီဗဟိုမှ လမ်းညွှန်ချက် များ၊ ယခုလက်ရှိလုပ်ရမည့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြော ကြားပြီး ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများကလည်း ပြန်လည်၍ အကြံပြုဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်အလံသစ်တင်အခမ်းအနားကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်နှင့် အလံအသစ်တင်မင်္ဂလာအခမ်းအနားပွဲ ကို ယနေ့နံနက် ၉ နာရီက ဝေါမြို့နယ် ဘုရားပျိုကျေးရွာနှင့် နံနက် ၁ဝ နာရီက ကမာကဘန်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ကော်မတီများတွေ့ဆုံ

 

နတ်တလင်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၃ ရက် ညနေ ၄ နာရီက တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး(ဗဟိုပါတီ ကော်မတီဝင်)၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးကျော်ဝင်း အဖွဲ့တို့ ရောက်ရှိလာပြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးတင့်လွင်၊အတွင်း ရေးမှူး ဦးမြစိုးနှင့် ပါတီကော်မတီ ဝင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။