နေပြည်တော်၊ မေ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်ကျင်းပသည့် လူငယ်ညီလာခံဖွင့်ပွဲ (ပထမနေ့) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံ ကျင်းပရာသို့ မြန်မာတစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားပြီးနောက် တက်ရောက်လာကြသော ပါတီဝင်လူငယ်များအား “လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၂၀ အောင်နိုင်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးမျိုးဆက်သစ်”ဟူသော ခေါင်းစဉ်လေးမျိုးဖြင့် အစုအဖွဲ့ ၄ ဖွဲ့ခွဲကာ ဆွေးနွေးစေခဲ့သည်။