ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံ ကရင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ယနေ့ နံနက်ပိုင်းက ကောဝါလဲကျေးရွာအုပ်စု နောင်တမံဘကကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာလေးဒေါ်သုကေတီသို့ အလှူငွေကျပ် တစ်သိန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဆောက်လုပ်ဆဲကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အေးချမ်းသာယာ တောရကျောင်းသို့ရောက်ရှိခဲ့ပြီး ဆရာတော်အားဖူးမြော်ကာသင်္ကန်း တစ်စုံနှင့် နဝကမ္မဝတ္ထုငွေကျပ် လေးသောင်းခွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကောဝါလဲဘုန်းတော် ကြီး ကျောင်းသို့ ရောက်ရှိခဲ့သည်။
ကောဝါလဲဆရာတော်အား ဖူးမြော်၍ နဝကမ္မငွေကျပ်သုံးသောင်း ဆက်ကပ်လှူဒါန်းပြီးနောက် ကျောင်းဓမ္မာရုံတွင် ဒေသခံအင်အား ၂၁ဝ ခန့်နှင့်တွေ့ဆုံခဲ့ပြီး ကျေးရွာမီးထွန်းပွဲတော်အတွက် အလှူငွေကျပ်တစ်သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင် မိသားစုများ၏ သားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲကို ကမမောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးနိုင်သန်းနိုင်နှင့် ဒေါ်နန်းနီနီအေးတို့က အမှာစကားပြောကြားပြီး လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ နှင့်      မြို့နယ်ပါတီဥက္ကဋ္ဌ တို့က ထူးချွန်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ပါတီဝင်များနှင့်တွေ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်အတွင်းရေးမှူး ဦးစန်းကိုနှင့် အဖွဲ့သည် ယခုလ ၂ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ဦးသာသနာ့အား အလှူငွေကျပ်နှစ်သောင်း၊ တိုက်အုပ်ဆရာတော်အား အလှူငွေကျပ်တစ် သောင်းလှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပါတီဝင်များ၊ ရပ်မိ ရပ်ဖအင်အား ၃ဝ နှင့် တွေ့ဆုံခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ မြဝတီနှင့်ကော့ကရိတ်မြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်ပါတီအတွင်းရေးမှူးဦးစန်းကိုနှင့်အဖွဲ့သည် ကရင်ပြည်နယ် မြဝတီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခုလ ၁ရက်က မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်အင်အား ၅ဝခန့်နှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်တို့မှ အခြေခံပညာကျောင်းများရှိ ကျောင်းသာ/ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှု ဆောင် ဦးသူရိန်ဇော်တို့သည် ယနေ့သြဂုတ် ၄ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့သို့ ရောက်ရှိကြကာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။


ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေး ကရင်​ပြည်​နယ်​၊ဖာပွန်​မြို့နယ်​မှပါတီဝင်​များနှင့်​​တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ကရင်​ပြည်​နယ်​တာဝန်​ခံဗဟိုအလုပ်​အမှု​ဆောင်​ဦးသူရိန်​​ဇော်​လိုက်​ပါ၍ကရင်​ပြည်​နယ်​ဖာပွန်​မြို့ရီပါတီဝင်​များဖြင့်​ရင်းနှီးစွာ​တွေ့ဆုံ၍ အလလှူ​ငွေများ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။


“ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေးသည်​အကြိမ် (၄၀)မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားသို့ တက်​​ရောက်​အား​ပေးခဲ့”

 

ပြည်္မခို​င်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ဗဟိုအလုပ်​အမှု​ဆောင်​ဦးသူရိန်​​ဇော်​လိုက်​ပါ၍ကရင်​ပြည်​နယ်​ဘားအံမြို့တွင်​ကျင်းပပြုလုပ်​​သော(၄၀)ကြိမ်​​မြောက်​ ကရင်​ရိုးရာ ဝါ​ခေါင်​လ ချည်​ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့တက်​​ရောက်​အား​ပေးခဲ့သည်


ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် တို့သည် သြဂုတ် ၄ ရက် (ယမန်နေ့) မွန်းလွဲ ၁ နာရီက ဖာပွန်မြို့နယ် ပါတီခန်းမ၌ မြို့နယ်/ရပ်ကွက် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက အမှာစကားပြောကြား ပြီး ပါတီဗဟိုအလုပ် အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် နှင့် ပါတီဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်တို့က လိုအပ်သည်များကို ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော် ဘားအံမြို့နှင့်ကော့ကရိတ်မြို့နယ်များမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (စီးပွားရေးရာကော်မတီတာဝန်ခံ) ဦးသူရိန်ဇော် သည် ယခုလ ၇ ရက်မှ ၁ဝ ရက်အထိ ကရင်ပြည်နယ် ဘားအံနှင့် ကော့ကရိတ်မြို့နယ်များသို့ သွားရောက်ပြီး ပါတီဝင်များနှင့်တွေ့ဆုံခြင်း၊ ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့သည်။

(more…)


ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အင်ကြင်းပရဟိတကျောင်းသို့ ဆန်အိတ်များလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးစောမြဝင်း၊ ဦးသက် ထွေးလွင်(လူငယ်တာဝန်ခံ)တို့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ဇွဲကပင်တောင်ခြေ အင်ကြင်းဖိုပရဟိတကျောင်းသို့ ကျောင်းသားကျောင်းသူ ၁၇ဝ အတွက် ဆန်အိတ်သုံးအိတ်အား အင်ကြင်းဖိုကျောင်းဆရာတော်ကြီးထံသို့ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။