ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၂၀

ယနေ့ ၂၀-၉-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည် (၁၂း၂၅) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၁၀

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးသင်တန်းပို့ချ

 

လွိုင်ကော် စက်တင်ဘာ ၉

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစီး ၍ ပြည်သူ့ဆက်ဆံရေးသင်တန်း ကို ယမန်နေ့နံနက် ၁၁ နာရီက လွိုင်ကော်မြို့နယ်နွားလဝိုးကျေးရွာ အုပ်စု လယ်ထွဲကျေးရွာ အမှတ်-၁၄၃ နွားလဝိုးကျေးရွာအုပ်စု ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယား နေအိမ်တွင် ဖွင့်လှစ်ပို့ချခဲ့သည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ဖား​ဆောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ နှင့် လူငယ်​အဖွဲ့များ ကယ်ဆယ်ရေးလုပ်ငန်းများ သွား​ရောက်ဆောင်ရွက်

 

၅. ၉. ၂၀၁၈. ရက်​​နေ့ နံနက်​ ၉ နာ၇ီခန့်​အချိန်​တွင်​ ကယားပြည်​နယ်​​ဘောလခဲခရိုင်​ ဖား​ဆောင်းမြို့နယ်​တွင်​ သံလွင်​မြစ်​​ရေ မြင့်​တက်​မူ​ကြောင့် မြစ်​ကမ်း​ဘေးတွင်​ နစ်​မြုပ်​လျက်​ရှိ​သော လူ​နေအိမ်​များအား ဖား​ဆောင်းမြို့နယ် ​​မြေခံတပ်​ရင်း ခလရ ၁၃၅ နှင့် ၁၃၄ ပြည်​သူရဲတပ်​ဖွဲ့ဝင်​များ၊ မီးသတ်ကြက်​​ခြေနီတပ်​ဖွဲ့ဝင်​များ၊ ဌာနဆိုင်​ရာဝန်​ထမ်းများ၊ ဖား​ဆောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးခင်​​မောင်​ညိုနှင့် လူငယ်​အဖွဲ့များ သွား​ရောက်​၍ ကယ်​ဆယ်​​ရေးလုပ်​ငန်းများ သွား​ရောက်​​ဆောင်​ရွက်​ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်​။ ​ရေက မနက်​ဖန်​ ဆက်​တက်​​နေမယ်​ဆိုရင်​ စိုးရိမ်​ရတယ်​လို့ ​ဒေသခံတစ်​ဦးမှ ​ပြောကြား​ကြောင်း သတင်းရရှိပါသည်​။ ဖား​ဆောင်းမြို့နယ်​ ​ရွှေပြည်​တော်သို့ ပရဟိတလူမူကူညီ​ရေးအသင်းကြီးမှလည်း အားကြိုးမာန်​တက် ပါဝင်​ကူညီလျှက်​ရှိ​ကြောင်း သိရှိရပါသည်.။

ပြည်နယ်ကော်မတီဝင်လူငယ်ရေးရာဒုတိယတာဝန်ခံ ဖားဆောင်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖားဆောင်း စက်တင်ဘာ ၃

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဘောလခဲခရိုင် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဖား ဆောင်းမြို့နယ်တာဝန်ခံ လူငယ်ရေးရာ ဒုတိယ တာဝန်ခံဒေါ်နန်းယဉ်သီတာထွေးနှင့် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်ညိုနှင့် မြို့နယ်ကော်မတီဝင်များ၊ ဖားဆောင်းမြို့နယ် လူငယ်ရေးရာတာဝန်ခံမောင်ထွေးတင်၊ မောင်လရိပ်တို့နှင့်တွေ့ဆုံ၍ လူငယ်ရေးရာလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြမူများဆောင်ရွက်ခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲ တွင် ဖားဆောင်းမြို့နယ် လူငယ်ရေးရာတာဝန်ခံမောင်ထွေးတင်က လူငယ်များ ဆောင်ရွက်ရမည့်ရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ မြို့နယ်ပါတီဥက္ကဋ္ဌက လမ်းညွှန်မှုများချမှတ်ပြီး လူငယ်များအား ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၃၀

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မထောခူကျေးရွာအုပ်စု ရေနီကန်ရွာတွင် ပါတီဝင်များနှင့် သွားရောက်တွ့ဆုံ

 

လွိုင်ကော် – သြဂုတ် ၂၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် နွားလဝိုးကျေးရွာအုပ်စု ထေးပလော်ခူရွာတွင် ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် သြဂုတ် ၂၃