အသက်အကြီးဆုံးကမ္ဘာ့နံပါတ်တစ်ဖြစ်လာတဲ့ ဖက်ဒါရာ

ဂရင်းစလင်းဆုဖလားအလုံး ၂၀ ရထားတဲ့ ရော်ဂျာဖက်ဒါရာဟာ သောကြာနေ့က ရော့တာဒမ်အိုးပင်းဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပြီးနောက် အသက်အကြီးဆုံး ကမ္ဘာ့နံပါတ်တစ်တင်းနစ် ကစားသမားဖြစ်လာပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆွစ်ဇာလန်ကစားသမားဟာ နယ်သာလန်ရဲ့ရော်ဘင်ဟက်ဆီကို ၄-၆၊ ၆-၁၊ ၆-၁ နဲ့အနိုင်ရပြီးနောက် ပြိုင်ဘက်ရာဖေးနာဒယ်ရဲ့ကမ္ဘာ့အဆင့်တစ်နေရာကို လက်လွှဲယူနိုင်ခဲ့တာပါ။

“အံ့မခန်းရောက်ရှိမှုပါပဲ။ နံပါတ်တစ်ပြန်ဖြစ်ရတာ ကျွန်တော့်အတွက်အဓိပ္ပါယ်အများကြီးရှိပါတယ်။ မယုံနိုင်စရာ ကောင်းလောက် အောင်ပါပဲ။ အရမ်းလည်းပျော်တယ်။

ချန်ပီယံခါးပတ်လိုချင်လျှင် ပြိုင်ဘက်က တိုက်စစ်ပိုမိုဖွင့်ကစားရန်လိုကြောင်း တူးတူးပြော

တူးတူးနှင့် ယူကရိန်းလက်ဝှေ့သမား ဆိုရိုကင် ထိုးသတ်နေစဉ် (ဓာတ်ပုံ – WLC)

နေပြည်တော်တွင် ကျင်းပသည့် WLC မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၌ အနိုင်ရရှိပြီးနောက် ပြိုင်ဘက်အနေဖြင့် ချန်ပီယံခါးပတ် ရယူလိုပါက တိုက်စစ်ပိုမိုဖွင့်ကစားရန် လိုအပ်ကြောင်း တူးတူးက ပွဲအပြီး၌ ပြောကြားသည်။ ၎င်းအနေဖြင့် ချန်ပီယံဆု ကာကွယ်နိုင်ရန် ခံစစ်ဦးစားပေးခဲ့ပြီး ချန်ပီယံခါးပတ်ရယူလိုသော ပြိုင်ဘက်အနေဖြင့် ပိုမိုတိုက်စစ်ဖွင့်ကစားရန်လိုကြောင်း တူးတူးက ပြောသည်။

မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျ အယ်လ်အေဂလက်စီသို့ ပြောင်းရန် အိမ်တလုံးရှာဖွေနေ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ အယ်လ်အေဂလက်ဆီ အသင်းကို ပြောင်းရွှေ့ ကစားဖို့အတွက် လော့စ်အိန်ဂျလိစ်မြို့မှာ အိမ်တလုံး ရှာဖွေနေတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်ရှိ အီဗရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရခဲ့ပြီးနောက် အသင်းနဲ့ တနှစ်စာချုပ်သက်တမ်း တိုးမြှင့်ထားတာပါ။

လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက ကျေနပ်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဘောလုံးလောကတွင် ငွေအမြောက်အမြား သုံးစွဲမှုများကို ဖီဖာကန့်သတ်ရန် စီစဉ်

ပီအက်စ်ဂျီအသင်းက နေမာကို ကမ္ဘာ့စံချိန်တင်ကြေး ဖြင့်ခေါ်ယူပြီး တစ်နှစ်မပြည့်မီ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ကလပ် အသုံးစရိတ်များ ကန့်သတ်ထိန်း ချုပ်မည့် စည်းမျဉ်းအသစ်များကို မိတ်ဆက်ရန် ပြင်ဆင်နေသည်။

အင်ဖာတီနိုက ကစားသမား များ၏ အေးဂျင့်စရိတ်နှင့် အ ပြောင်းအရွှေ့ဈေးကွက်အသုံးစ ရိတ်တို့ကို ထိန်းချုပ်ကာ ဘောလုံး လောကကို  ကြီးကျယ်စေသော တန်ဖိုးထားမှုများကို ကာကွယ်ရန် ကြိုးပမ်းနေသည်။

အောင်လအန်ဆန်နှင့်ပွဲတွင် အိမ်ရှင်ပရိသတ်၏ ဖိအားကို မစိုးရိမ်ကြောင်း မာချာဒိုပြော

လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်မည့် ဘရာဇီး MMA ကစားသမားမာချာဒို (ဓာတ်ပုံ − MMA)

 

ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ထိုးသတ်မည့် အောင်လအန်ဆန်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ အိမ်ရှင်ပရိ သတ်ဖိအားကို မစိုးရိမ်ကြောင်း ဘရာဇီး MMA ကစားသမားမာချာ ဒိုက One Championship အား ပြောသည်။

ရီးယဲလ်နှင့် ပီအက်စ်ဂျီက စိတ်ဝင်စားနေသည့် ပိုချက်တီနိုကို စပါးအသင်းစာချုပ်သစ်ကမ်းလှမ်းမည်

ဖေဖော်ဝါရီ ၁၅၊ လန်ဒန်

စပါးအသင်းသည် နည်းပြချုပ်ပိုချက်တီနို အသင်းတွင်ဆက်လက်ရှိနေစေရန်အတွက် စာချုပ်သစ်ကမ်းလှမ်းရန် အသင့်ဖြစ်နေ သည်။

ပိုချက်တီနို၏ လက်ရှိစာချုပ်သက်တမ်းမှာ သုံးနှစ်ကျန်နေသေးသော်လည်း ၎င်း၏ တိုးတက်မှုများအတွက် စပါးအသင်းက စာချုပ်သစ်ချုပ်လိုနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပိုချက်တီနိုကစားသမားဘဝက ကစားခဲ့သည့် ပီအက်စ်ဂျီအသင်းတို့သည် ဥရောပတွင် အသက်အငယ်ဆုံးနည်းပြတစ်ဦးအဖြစ် စွမ်းဆောင်ထားသည့် အာဂျင်တီးနားလူမျိုး ပိုချက်တီနိုကို စိတ်ဝင်စားနေကြသည်။

ဆာလက်၏ သွင်းဂိုးများရပ်တန့်မသွားဖို့ ဂျာဂင်ကလော့ပ် မျှော်လင့်

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အသင်းအတွက် 36ပွဲမှာ ဂိုး 30 သွင်းယူထားတဲ့ ဆာလက်ရဲ့ သွင်းဂိုးတွေ ရပ်တန့်မသွားဖို့မျှော်လင့်နေမိတယ်လို့ဆိုလိုက်ပါတယ်။

လီဗားပူးအသင်းဟာ ပေါ်တိုအကို အဝေးကွင်းမှာ မာနေး၊ ဆာလက်၊ ဖာမီနိုတို့၏သွင်းဂိုးများနှင့်ဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် သေချာသွားခဲ့သည်။

ပီအက်စ်ဂျီနှင့် ပွဲမပြီးဆုံးသေးကြောင်း အသင်းဖော်များကို စီရော်နယ်ဒို သတိပေး

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ မပြီးဆုံးသေးကြောင်း အသင်းဖော်များကို သတိပေးခဲ့ပြီး ဒု-ကျော့တွင် တိုက်စစ်ဆင်ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘာနေဗျူးမှာ ပီအက်စ်ဂျီကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုး(၁၀၀)သွင်း ယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ကို ရီးရဲလ်မခေါ်သင့်ဟု စပိန်ဝန်ကြီးချုပ် ပြောကြား

စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက ရီးရဲလ်အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို မခေါ်သင့်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်ဟာ ၂၀၁၃မှာ ဘာစီလိုနာကိုနေမာရောက်ကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်း ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ပီရက်ဇ်၊ အသင်းခေါင်းဆောင်ရာမို့စ် တို့အပြင် ဘရာဇီး အသင်းဖော်တွေဖြစ်တဲ့ ကက်စ်မီရိုနဲ့ မာဆယ်လိုတို့ဟာ ဘာနေဗျူးကို နေမာ လာရောက်ကစားဖို့ ရှိနေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး လူစာရင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်း လူစာရင်းဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံးလူစာရင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

မန်စီးတီးကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ပေါင်သန်း ၇၇၇ သန်း ရှိတာကြောင့် ပီအက်စ်ဂျီ၊ မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာ စတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး တန်ဖိုးအကြီးဆုံး လူစာရင်းအဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။