ကလပ်အသင်း ဥက္ကဋ္ဌ သေနတ်နဲ့ကွင်းထဲ ၀င်လို့ ဂရိဘောလုံးပွဲတွေ ဖျက်သိမ်း

ဂရိကလပ် PAOKဆလိုနီကာအသင်း ဥက္ကဋ္ဌဖြစ်သူဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ကွင်းထဲကို သေနတ်ကိုင်ပြီး ဆင်းလာတဲ့အတွက် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က PAOKဆလိုနီကာနဲ့ AEKအေသင်တို့ရဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေကျနေချိန်ဖြစ်တဲ့ ၈၉ မိနစ်မှာ သူ့အသင်းဘက်က ဂိုးသွင်းတာကို လူကျွံတယ်ဆိုပြီး ဒိုင်လူကြီးက ခွင့်မပြုခဲ့တဲ့အတွက် PAOKဆလိုနီကာ ဥက္ကဋ္ဌ အိုင်ဗန်ဆာဗစ်ဒစ်ဟာ ကွင်းထဲကို သေနတ်ကိုင်ဆင်းလာပြီး ဒိုင်ကို ထိပ်တိုက်တွေ့ခဲ့တဲ့တာ ဖြစ်ပါတယ်။

Fox Sports က ရွေးချယ်သည့် အကောင်းဆုံးသွင်းဂိုးငါးဂိုးတွင် အောင်သူ့ ဂိုးပါဝင်

တစ်ပတ်အတွင်း အကောင်းဆုံး ၁၁ ဦးစာရင်းတွင်လည်း အောင်သူပါဝင်

 

Fox Sports မီဒီယာက ရွေးချယ်သည့် ထိုင်းလိဂ်-၁ ပြိုင် ပွဲ ပွဲစဉ် (၅)၏ အကောင်းဆုံးသွင်းဂိုး ငါးဂိုးတွင် မြန်မာတိုက်စစ်မှူး အောင်သူ၏ သွင်းဂိုးပါဝင်သည်။

ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် ပီတာချက် မှတ်တမ်းဝင်

အာဆင်နယ်အသင်းက ၀က်ဖို့ဒ်ကို ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသမားကြီးပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ပီတာချက်ဟာ ဒီမှတ်တမ်းရဖို့အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲတောင်စောင့်ဆိုင်းခဲ့ရပေမယ့် ၁၁ ပွဲမြောက်မှာတော့ ကံကောင်းသွားပါတယ်။ သူဟာဒီပွဲမှာ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေးရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပြီးမှ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည်ခဲ့လို့ ပိုပြီးတောင်ဂုဏ်ယူရမယ်လို့ နည်းပြ၀င်းဂါးက ချီးကျူးသွားပါတယ်။

ဆာလက်နှင့် ဘရိုက်တန်နည်းပြ ဖေဖော်ဝါရီ အကောင်းဆုံးဆုများ ရရှိ

လီဗာပူးတိုက်စစ်မှူး ဆာလက်သည် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်က စားသမားဆုအား ဒုတိယအကြိမ် ရရှိခဲ့ပြီး ဘရိုက်တန်မန်နေဂျာ ခရစ်ဟုခ်ျတန်က ဖေဖော်ဝါရီ၏ အကောင်းဆုံး မန်နေဂျာအဖြစ် ရွေးချယ်ခံရသည်။

ဆာလက် (၂၅) နှစ်သည် ဖေဖော်ဝါရီက လေးဂိုးသွင်းယူပြီး နှစ်ဂိုးဖန်တီးကာ လေးလအတွင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သည်။ ဆာလက်၏ ဂိုးများနှင့်အတူ လီဗာပူးသည် ထိပ်သီးလေးသင်းတွင် ရပ်တည်နေပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျခဲ့သည်။

အောင်လအန်ဆန်၏ ဝိတ်တန်းနှစ်ခု ချန်ပီယံကာကွယ်ပွဲများ ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည်

MMA မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၄င်း၏ ချန်ပီယံကာကွယ်ပွဲများ ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ဇွန်လအတွင်း တရုတ်နိုင်ငံ၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဘန်ကောက်တွင် ပထမဆုံး မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းကမ်းအတိုင်း ထိုးသတ်မည့် ပထမအကြိမ် ရိုးရာလက်ဝှေ့ပွဲ    ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ထိုင်းနိုင်ငံခရီးသွားနှင့်  အားကစားဝန်ကြီးဌာန၊ ထိုင်းကိုယ်ခံ ပညာအဖွဲ့နှင့် မြန်မာမီဒီယာအဖွဲ့တို့ ပူးတွဲစီစဉ်သည့် Lethwei in Thailand မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲကို မတ် ၂၅ ရက် နေ့လယ် ၁ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ မဟာချိုင်ရပ်ရှိ ဆာမတ်ဆာ ခွန်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

ရီးရဲလ်နောက်ခံလူ ရာမို့စ် အညစ်ပတ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရာမို့စ် ဟာ ပီအက်စ်ဂျီနဲ့ ပွဲမှာ အဝါကတ်ပြသခံရတာကြောင့် ချန်ပီယံလိဂ် သမိုင်းတလျှောက် အညစ်ပတ်ဆုံး ကစာသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်စခိုးက အဝါကတ် ၃၆ ကတ်နဲ့ အညစ်ပတ်ဆုံး ကစားသမားအဖြစ် ရာမို့စ်နဲ့ ပူးတွဲ သတ်မှတ်ခံထားခဲ့ရာမှ ရာမို့စ်က အဝါကတ် ၃၇ ကတ်နဲ့ အညစ်ပတ်ဆုံး ကစားသမားအဖြစ် တဦးတည်း မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြကွန်တီ၏ ကိုယ်စားလှယ်နှင့် ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများ လာမည့်သီတင်းပတ်တွင် တွေ့ဆုံမည်ဟုဆို

ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများသည် ချယ်လ်ဆီး နည်းပြ အန်တိုနီယိုကွန်တီ၏ ကိုယ်စားလှယ်နှင့် လာမည့်သီ တင်းပတ်တွင် တွေ့ဆုံမည်ဖြစ်ကြေင်း ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြသည်။

ကွန်တီသည် ချယ်လ်ဆီးနှင့် ၂၀၁၉ အထိ စာချုပ်သက်တမ်းရှိသော်လည်း ယခုနွေရာသီတွင် ထွက်ခွာမည်ဟု မျှော်လင့်ရပြီး ၎င်းက ချယ်လ်ဆီးဘုတ်အဖွဲ့၏ ကစားသမား ပြောင်းရွှေ့မှုမူဝါဒကို ဝေဖန်ကာ အမြော်အမြင်မရှိ ဟု စွပ်စွဲခဲ့သည်။

ဖာဒီနန်၊ လမ်းပတ်နဲ့ ဂျာရတ်တို့က ချန်ပီယံလိဂ်ဖလားဆွတ်ခူးမယ့်အသင်းကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော် ပြော

ပရီးမီးယားလိဂ်မှ ဂန္တ၀င်ကစားသမားဟောင်းကြီးတွေ ဖြစ်ကြတဲ့ မန်ယူအသင်းမှ ရီယို ဖာဒီနန်၊ ချဲလ်ဆီးမှ ဖရန့်လမ်းပတ်နဲ့ လီဗာပူးမှ စတီဗင် ဂျာရတ်တို့မှာ ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးမယ့်အသင်းကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ပြောခဲ့ပြီ ဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးတစ်ညီတစ်ညွတ်တည်းထုတ်ဖော်ပြောခဲ့တဲ့ အသင်းကတော့ လက်ရှိ ချန်ပီယံလိဂ် နှစ်ထပ်ကွမ်း ချန်ပီယံရီးရဲမက်ဒရစ်သာလျှင် ချန်ပီယံလိဂ်ဆုဖလားကို သုံးထပ်ကွမ်း ဆွတ်ခူးနိုင်မယ်လို့ ပြောခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားတွင် ပရီးမီးယားလိဂ်ကလပ်နှင့် ဖာမီနိုဆုံတွေ့လို

လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ်ကလက်အသင်း အချင်းချင်း ဆုံတွေ့ချင်နေသည်။

လီဗာပူးလ်အသင်းအနေဖြင့် သောကြာနေ့တွင် ပြုလုပ်မည့်မဲခွဲပွဲတွင် မည်သည့်ဥရောပအသင်းကိုမဆို ကြောက်ရွံ့နေမည် မဟုတ်သော်လည်း ဖာမီနိုကမူ ကလော့ပ်၏ လက်အောက်တွင် အသင်းကြီးတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြသပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက်များနှင့် တွေ့ဆုံလိုနေခြင်းဖြစ်သည်။