နိုင်ငံတကာပြိုင်ပွဲများအတွက် ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦးကို သုံးနှစ်စာချုပ်ဖြင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ငှားရမ်းခေါ်ယူ

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်မြားပစ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအတွက် တောင်ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦးကို ပြီးခဲ့သည့် ရက်ပိုင်းက သုံးနှစ်စာချုပ် ချုပ်ဆို၍ ငှားရမ်းခေါ်ယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တာဝန်ရှိသူများသည် ပြီးခဲ့သည့် မတ်(၇)ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ သွားရောက်၍ ဂါဝန်ဒိုမြားပစ်အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နည်းစနစ်ပိုင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်ဂါဝန်ဒိုမြားပစ်အသင်းမှ တာဝန်ရှိသူများ၏ အကူအညီဖြင့် တောင်ကိုရီးယားနိုင်ငံသား နည်းပြများ ခေါ်ယူခန့်အပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ပေါ်တူဂီ အကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒို ဆွတ်ခူးရရှိ

(ဓာတ်ပုံ – အီးပီအေ)

ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု 2017 Quina de Oro Award ကို တနင်္လာနေ့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ သူဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကစားသမားတစ်ချို့အတွက် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နောက်ဆုံး အခွင့်အရေး ဟု မက်ဆီ ပြောကြား

ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိလက်ရွေးစင်အသင်း ကစားသမားအစုအဖွဲ့အတွက် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ အာဂျင်တီနားအသင်းတို့ဟာ ၂၀၁၄ကမ္ဘာ့ဖလား၊ ၂၀၁၅နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲ(၃)ခုဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်စွဲခဲ့ခြင်း မရှိပါဘူး။ Ballon d’Or ဆုကို (၅)ကြိမ် ရရှိခဲ့တဲ့ မက်ဆီဟာ ဇွန်လမှာ အသက်(၃၁)နှစ်ပြည့်မှာဖြစ်ပြီး အဂွဲရိုး၊ ဟီဂူအင်၊ ဒီမာရီယာ၊ အော်တာမန်ဒီနဲ့ မာရှေးယာနိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ အသက်(၃၀)နဲ့အထက် ရှိနေမှာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံသား ဒဲလ်ပိုထရိုက ဖက်ဒဲရာကိုအနိုင်ယူပြီး အင်ဒီးယန်းဝဲလ်စ်ဖလားဆွတ်ခူး

ဟွန်မာတင်ဒဲလ်ပိုထရိုသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒဲရာ၏ ၁၇ ပွဲ ရှုံးပွဲမရှိ အခြေအနေကို အဆုံးသတ်ကာ BNP Paribas Open ဖလား ဆွတ်ခူးခဲ့သည်။

ကမ္ဘာ့အဆင့် (၈)နေရာ၌ ရပ်တည်နေသော အာဂျင်တီးနား တင်းနစ်ချန်ပီယံ ပိုထရိုသည် ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒဲရာ ကို ၆-၄၊ ၆-၇ (၈-၁၀)၊ ၇-၆ (၇-၂) မှတ်ဖြင့် အနိုင်ရပြီး ၂၀၁၈ အတွင်း ဖက်ဒဲရာကို အနိုင်ရသည့် ပထမ ဆုံးတင်းနစ်သမား ဖြစ်လာသည်။

ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ဟာဇက်ကို ဆက်ထိန်းရမည့်အရေးနှင့် ချယ်လ်ဆီး ရင်ဆိုင်နေရ

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ဟာဇက်ကိုအသင်းတွင် ဆက်ရှိစေရန်ကြိုးပမ်းရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

အကယ်၍ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသာ အဆင့် ၄ အတွင်းမဝင်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့်လွဲချော်ခဲ့ပါက ဟာဇက်နှင့် ကော်တွိုက်တို့သည် နည်းပြကွန်တီနောက်လိုက်ပြီး အသင်းပြောင်းသွားကြမည်ကို စိုးရိမ်နေရသည်။

ကွာတားဖိုင်နယ်ရောက်နေပြီး တနင်္ဂနွေတွင် လက်စတာနှင့်ကစားရန်ရှိသည့် အက်ဖ်အေဖလားရခဲ့လျှင်ပင် စိတ်ပျက်စရာ ရာသီတစ်ခုအဖြစ်မှကုစားနိုင်မည်မဟုတ်သောကြောင့် နည်းပြကွန်တီမှာ လာမည့်နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ခ်ျမှ ထွက်ခွာရရန် သေချာသလောက် ရှိနေသည်။

စပါးတိုက်စစ်မှူး ဆွန်ဟွမ်မင် ကိုရီးယားပြန်၍ စစ်မှုထမ်းဖွယ်ရှိ

စပါးမှတောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟွမ်မင်သည် မိခင်နိုင်ငံသို့ ပြန်ကာစစ်မှုထမ်းရမည်ဖြစ်သောကြောင့် နှစ်ရာသီကြာ     ဘောလုံးကစားနိုင်မည် မဟုတ်ပေ။

တောင်ကိုရီးယား ဥပဒေအရ အသက် (၂၈) နှစ်မပြည့်မီ စစ်မှုထမ်းရန် လိုအပ်သဖြင့် ဆွန်ဟွမ်မင် (၂၅) နှစ် သည်၂၀၁၉-၂၀ နှင့် ၂၀၂၀-၂၁ ဘောလုံးရာသီများတွင် တောင်ကိုရီးယားသို့ ပြန်၍ မဖြစ်မနေ စစ်မှုထမ်းဆောင် ရမည်ဖြစ်သည်။

အာရှဖလားခြေစစ်ပွဲအောင်ရန် ရာနှုန်းပြည့် ယုံကြည်ဟု မြန်မာအသင်းနည်းပြချုပ်ဆို

သုဝဏ္ဏကွင်း၌ ကျင်းပသည့် အာရှဖလားခြေစစ်ပွဲပထမအကျော့တွင် မြန်မာနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်နေစဉ်

 

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာရှဖလားခြေ စစ်ပွဲအောင်မြင်ရန် ရာနှုန်းပြည့် ယုံကြည်မှုရှိကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

လိုက်ဟဲဗီးဝိတ်တန်းတွင် အောင်လအန်ဆန်နှင့် စိန်ခေါ်ခွင့်ရရန် အလိန်းဂါလာနီ ကြိုးပမ်းနေ

Fri, March 16, 2018

ကင်မရွန်းနွယ်ဖွား ဟောင်ကောင်တွင် နေထိုင်သည့် MMA ကစားသမား အလိန်း ဂါလာနီသည် အောင်လအန်ဆန် ၏ ချန်ပီယံ ဆုဖြစ်သော လိုက်ဟဲဗီးဝိတ်တန်းကို စိန်ခေါ် ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။

အားကစားသတင်းတိုများ

* အာဆင်နယ်အသင်းဟာ ရီးရဲကွင်းလယ်ကစားသမားလူကာမိုဒရစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ Don Balon

* ပြင်သစ်ကလာတဲ့ သတင်တွေအရ ချဲလ်ဆီး နည်းပြ ကွန်တီအနေနဲ့ ရာသီအကုန်မှာ ပီအက်ဂျီအသင်းကို နည်းပြဖို့ ပိုမို နီးစပ်နေပြီလို့ သိရပါတယ်။ Sports Illustrated

စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ် ဆောက်သမ်တန်ခန့်အပ်

ဆောက်သမ်တန်အသင်းဟာ စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ်ရာသီကုန်အထိ စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

အသက်(၅၄)နှစ်အရွယ်နည်းပြဟာ တနင်္လာနေ့က ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ပယ်လီဂရီနို နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်(၁၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပရီမီးယားလိဂ် အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ရဲ့ အထက်(၁)မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။