ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရေဦးမြို့နယ်လေဘေးသင့် ဒေသများသို့ထောက်ပံ့ကူညီ
တံတားဦးမြို့နယ်တွင်းရျိ လေဘေးဒဏ်သင့် ဘုန်းကြီးကျောင်းများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်း မိသားစုမှ သွပ်ပြားများလှူဒါန်း
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်းရှိ မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်ခြင်း များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့ သဘာဝဘေးဒဏ်သင့် မွေတော်ကက္ကူ ဘုရားများတွင် လုပ်အားဒါနပြုသူများအား သွားရောက်အားပေးစကားပြောကြား
ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြို့နယ်ခွဲရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ ဘုရားများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ပါတီကော်မတီဝင်များက သွားရောက်ကြည့်ရှု၍ သန့်ရှင်းရေးအတွက် လုပ်အားဖြင့် ပါဝင်ကုသိုလ်ပြုနေကြသော ပါတီဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားကာ ပအိုဝ့်အမျိုးသား ခေါင်းဆောင်ကြီး အဘ ဦးအောင်ခမ်းထီ ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်ပါတီကော်မတီအစည်းအဝေး ကျင်းပ
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ယနေ့ ဧပြီလ (၂၇) ရက် နနံက်(၉)နာရီက မြို့နယ်ပါတီရုံး၌ ကျင်ပးပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိင်၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဦးကြည်ရွှေနှင့် ပါတီကော်မတီများ တက်ရောက်တက်ရောက်ခဲ့ကြပြီး ရပ်/ကျေးပါတီကေဒါများ ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းခြင်း၊ ရပ်/ကျေးကေဒါများ ရွေးချယ်ခြင်း၊ မြို့နယ်ပါတီညီလာခံ ကိုယ်စားလှယ် ရွေးချယ်ခြင်းတို့ကို ညှိနိင်းဆွေးနွေခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းနှင့် ပြည်နယ်အဖွဲ့များက ဧပြီလ (၂၆) ရက်က မိုင်းပျဉ်းမြို့နယ် အမျိုးသမီးအဖွဲ့ များနှင့် တွေ့ဆုံခြင်းကို မိုင်းပျဉ်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည်။
တွေ့ဆုံပွဲပြီးနောက် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဟွမ်နွဲ့မှ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များဖြင့် ထပ်မံတွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ အမျိုးသမီးအဖွဲ့များ ကျစ်လစ် ခိုင်မာစွာ ဖွဲ့စည်းရေး၊၊ မီဒီယာလုပ်ငန်းများကို ဂရု့စိုက်ဆောင်ရွက်ရေးများကို ဆက်လက်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တံတားဦးမြို့နယ်အတွင်း မိုးသီးကြွေကျခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်း
ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဧပြီလ (၂၅) ရက်နေ့ နံနက် (၉) နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ အလုပ်အမှုဆောင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီခေတ္တ အတွင်းရေးမှူး ဒေါ်သိင်္ဂီအောင်နှင့် အလုပ်အမှုဆောင်များ၊ တံတားဦးမြို့နယ် အတွင်းရေးမှူး ဦးဝင်းမင်းထွန်းနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဧပြီလ (၂၂)ရက်နေ့က မိုးသီးများ ကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာ ရှိ အလင်းတန်းပရဟိတ လူမှုကူညီရေးအသင်းဓမ္မာရုံသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
စစ်တွေပြည်ခိုင်ဖြိုး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်
စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာလှုပ်ရှားမှုအဖြစ် ဧပြီလ (၂၅) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်က ရေချမ်းပြင်ကျေးရွာ မူလွန်ကျောင်းတွင် ယဉ်ကျေး လိမ္မာသင်တန်းဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ စစ်တွေမြို့ပညာလောကအဘိဓမ္မာသင်တန်းမှ နာယကကြီး ဗိုလ်မှူးထွန်းအောင်ကျော် (ငြိမ်း) နှင့် တာဝန်ရှိသူများ သင်တန်းနည်းပြ ဆရာဆရာမများ ရပ်မိရပ်ဖများ သင်တန်းသား (၁၀၀) ဦးနှင့် စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းအား (၅) ရက်တိုင်တိုင် ဖွင့်လှစ်မည်ဖြစ်သည်။
ဖျာပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်/ကျေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအစည်းအဝေးခန်းမ၌ ဧပြီလ (၂၅) ရက် မွန်းတည့် ၁၂နာရီတွင် မြို့နယ် ရပ်/ကျေးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ မြို့နယ်ပါတီနာယက ဦးဝင်းမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာ ၇၅ အုပ်စုမှ စည်းရုံးရေးမှူးများ အင်အား (၈၅) ဦးခန့် တက်ရောက်ခဲ့သည်။