ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးများ၏ အခွင့်အရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန် တိုင်းဒေသကြီးရုံးတွင် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ အခွင့်အရေးများနှင့် ပတ်သက်သော ဥပဒေရေးရာ ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် အောက်တိုဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။

ygn1

(more…)


ဗဟိုအလုပ်အမှုဆောင်(တောင်သူလယ်သမားရေးရာတာဝန်ခံ) မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ် တောင်သူလယ် သမားရေးရာ တာဝန်ခံများနှင့်တွေ့ဆုံပွဲကျင်းပ

magway

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် နှင့် မကွေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံများတွေ့ဆုံပွဲကို ယခုလ ၁ဝ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်၊ အရန်ကော်မတီဝင်များဖြစ်ကြသော ဦးခင်မောင်မြင့်၊ ဦးထွန်းရှိန်နှင့် ခရိုင် ငါးခရိုင်နှင့် မြို့နယ် ၂၅မြို့ နယ်တို့မှ တောင်သူလယ်သမားရေးရာ တာဝန်ခံများနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့ကြသည်။ (more…)


ကယားပြည်နယ်ဘောလခဲမြို့နယ်တွင် J.K.T ကြိုးတံတားဖွင့်ပွဲကျင်းပ

ကယားပြည်နယ် ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် အောက်တိုဘာ (၁၂) ရက်နံနက် ၈နာရီက J.K.T ကြိုး တံတားဖွင့်ပွဲအခမ်းအနား ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းနှင့် တံတား အလှူရှင် ဦးမျိုးသန့်နှင့် ရပ်မိရပ်ဖ ဒေါ်နန်းဟိမ်းခမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

kayah-bridge

(more…)


မန္တလေးတိုင်းဒေသကြီး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

14720374_1096417223787093_1662561589364682163_n

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၁၂) ရက်နေ့ နံနက်(၈)အချိန်တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌများ၊ မြို့နယ် ပါတီအတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့် နှုတ်ခွန်းဆက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူမှ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံအတွက် လိုအပ်လာပြီဆိုရင် ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အသင့်ရှိနေပါတယ်

14606352_562767597245730_8628962225249743482_n

ကျွန်တော်တို့ပါတီအနေနဲ့လည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်ကို အပိုင်း ၃ ပိုင်းနဲ့ ထုတ်ပြန်ထားတာပါ။  ပထမအပိုင်းက ဖြစ်စဉ်ပေါ့။ ဘယ်နေရာမှာ ဘာတွေဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ပါ။ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ရတဲ့အချက်အလက်တွေအတိုင်းပဲ ထုတ်ပြန်ထား ပါတယ်။ နောက်တစ်ခုက ကျဆုံးခဲ့ရတဲ့ ဝန်ထမ်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ အခုလိုဖြစ်သွားတဲ့ အကြမ်းဖက်ဖြစ်စဉ်ကို ကျွန်တော်တို့အနေနဲ့ ရှုတ်ချပါတယ်။ (more…)


မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၁၆) သို့ အလှူငွေပေးအပ်

14696850_1870810016483733_932926654_n

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေး၊ အလှူငွေပေးအပ်ခြင်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းငွေ သိန်း (၁၀၀) ကျပ်အား ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး က ပေးအပ်လှူဒါန်းရာ တွဲဘက်စစ်ရေးချုပ် ဗိုလ်ချုပ် ထွန်းထွန်းညီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့်အခြေအနေများနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ၏ သဘောထားခံယူချက်

new-picture

“နိုင်ငံရေးသမားတွေရဲ့ အဆုံးအဖြတ် တစ်နာရီနောက်ကျတိုင်း နိုင်ငံတော်ရဲ့ပိုင်နက်နယ်မြေ ဆယ်ကီလိုမီတာ မက ဆုံးရှုံးပါတယ်” ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ သမိုင်းဝင်မှတ်ချက်စကား။ မြန်မာ့တပ်မတော်တပ်မှူးကြီး တစ်ဦးတစ်လေကိုမျှ ဤစကားမျိုးပြောရသည့်အဖြစ်ကို မကြုံစေလိုပါ၊ ပြောရသည့်အဖြစ် ကြုံရသည်ရှိပါမူ သင်တို့ ကျွန်ုပ်တို့ နယ်မြေတွေသေချာပေါက် ဆုံးရှုံးခဲ့ပြီးဖြစ်ပါမည်။ ရခိုင်ပြည်နယ်သည် ပြည်ထောင်စု၏ အစိတ်အပိုင်း တစ်ခု၊ သမိုင်းအဆက်ဆက် ပြည်ထောင်စုတပ်မတော် အောင်တံခွန်လွှင့်ခဲ့ရာဒေသ၊ ပဒေသရာဇ်ခေတ် ပြည်ထောင်စုတပ်မတော်က ရာမူးပန်းဝါဒေသထိအောင်မြေချဲ့ကာ ကုလားဖြူ ကုလားနက်တို့၏ ခန်ငြားလေးစားမှု ရယူခဲ့သည်၊ လွတ်လပ်စပြည်ထောင်စုမြန်မာနိုင်ငံ၏ ထူထောင်ခါစ တပ်မတော်သည် ခေတ်မမီ အင်အားချည့်နဲ့ သည့်တိုင် အမျိုးသားအန္တရာယ် မူဂျာဟစ်ကုလားဆိုးများကို လက်စတုံး ချေမှုန်းခဲ့သည်၊ ယနေ့ ခေတ်မီအင်အား တောင့်တင်းသော ပြည်ထောင်စုတပ်မတော်ကြီး အဆင့်သို့တက်လှမ်းနေသည့် ကျနော်တို့ခေတ်တွင်မှ တပ်မတော် သမိုင်းကို မရိုင်းစေလိုပါ။  (more…)


ဓမ္မစကူးလ်သင်တန်းသားများကို စာအုပ်နှင့် စာရေးကိရိယာများလှူဒါန်း

damah-school

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် ဓမ္မရက္ခိတဘုန်းတော် ကြီးကျောင်းတွင် ယခုလ ၈ ရက် နံနက် ၁ဝ နာရီခွဲက ဓမ္မစကူးလ် သင်တန်းသား သင်တန်းသူများအား မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ လူငယ်ရေးရာတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ပညာရေးရာ တာဝန်ခံ ဦးသူရထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မလွှကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဒေါ်ဝင့်ဝင့်နွယ်နှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များက ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ဘောလ်ပင်များ၊ စားစရာမုန့်များကို ဓမ္မကူးလ်သင်တန်းသား စုစုပေါင်း ၉၈ ဦးအား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်ပါတီနှင့် အုပ်စုခေါင်းဆောင်များ လပတ်စည်းအဝေးပြုလုပ်

nhg1

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီနှင့် အုပ်စု ခေါင်းဆောင်များ လပတ်အစည်းအဝေးကို အောက်တိုဘာ (၁၁) ရက် နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ မြို့နယ် ပါတီဥက္ကဌ ဦးကြည်ဖေ၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၂)အုပ်စုမှ ပါတီခေါင်းဆောင်များ တက်ရောက်ကြပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။