လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေး

လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်ရုံး သင်တန်းကျောင်း ပြည်ထောင်စုခန်းမ(နေပြည်တော်)တွင် ဒီဇင်ဘာ (၁) ရက် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျူ(ှီုဏီ) နှင့်ဒါနရှေ့ ဆောင်မြန်မာ(ဃဥြ)တို့မှ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှင့် လူငယ်ဆိုင်ရာမူဝါဒများ၊ ခေါင်းဆောင်မှု နှင့် ဆုံးဖြတ်နိုင်မှုအခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် လက်ပံတန်းမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် လက်ပံတန်းမြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်ပါတီရုံး၌ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း


လှိုင်သာယာပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် မြို့နယ်/ရပ်ကျေး အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြောက်ပိုင်းခရိုင် ပါတီဥက္ကဌ ဦးတင်ယုမှ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဂီတသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်ပြီးစီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး ၏ စီစဉ်ညွှန်ကြားမှုဖြင့် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ ကော်မတီမှ ဦးစီးဖွင့်လှစ်သော ဂီတသင်္ကေတအရေးအဖတ်နှင့် အခြေခံ ဂီတာတီး သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို နိုဝင်ဘာ (၃၀) ရက် ညနေ ၅နာရီ အချိန်တွင် ခရိုင်ပါတီရုံး တိုးချဲ့ ခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။

စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလှူဒါန်းပွဲ ပါဝင်ဆင်နွှဲ

ယနေ့(ဒီဇင်ဘာ ၁ ရက်) တွင် ကျင်းပပြုလုပ်သော စဥ့်ကိုင်မြို့ ဥယျဉ်ကြီးအုပ်စု ရွှေဆက်သွား ဘုရား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလှူဒါန်းပွဲ အခ်းအနားတွင် စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် ကျေးရွာ (၇)ရွာ ပြည်သူများ ပူးပေါင်းကာ ပင့်သံဃာ (၃၁)ပါးအတွက် ဝတ္ထုငွေ၊ ဆန်၊ ဆီ၊ ဆား၊ နို့ဆီ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာခဲ၊ ပဲလှော်၊ နှင့် ဆေးဝါးများ ပါဝင်လောင်းလှူခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁.၁၂.၂၀၁၆) နံနက်(၀၉း၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီအချိန်က ပါတီလုပ်ငန်း နှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရာ တိုင်း ဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင် အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း ၊ မြို့နယ်ဥက္ကဌ ဦးစိုးအေး၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ လူငယ်များ၊ အမာခံကေဒါများ တက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီစည်းရုံးရေး၊ မီဒီယာကဏ္ဍ နှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နတ်တလင်းမြို့နယ်၊ရေကြည်အုပ်စု၊ရေကြည်ကျေးရွာမီးဘေးသင့်ပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ထောက်ပံ့လှူဒါန်း

 

ယနေ့ (1.12.2016)ရက်နေ့ ကြာသာပတေးနေ့ နံနက်ပိုင်းတွင် နတ်တလင်းမြို့ပြည်ခိုင်ဖြိုးပါတီမှ ရေကြည်အုပ်စုရေကြည်ကျေးရွာရှိမီးဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း


ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးမှ အမျိုးသမီးရေးရာဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကဏ္ဍမှ ကြီးမှူးကျင်းပသော အမျိုးသမီးရေးရာ ဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲကို ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပရာ တိုင်းပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု နှင့် ဥပဒေပညာရှင်များက တက်ရောက်ဟောပြောခဲ့ပါသည်။