ပညာရေး အလေးထားမည် ကျိုက်မရော ပြည်ခိုင်ဖြိုးပါတီ

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးလှထွန်းနှင့် မြို့နယ်ကော်မတီဝင်များသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၀ )ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာသို့ ရောက်ရှိကြကာ လှကဇိုင်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ ကျေးရွာပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆွေးနွေးကြပါသည်။
ထို့နောက် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဉက္ကဋ္ဌ ဦးလှထွန်းမှ လှကဇိုင်းကျေးရွာရှိ မူကြိုကျောင်းဝင်း ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းပြုလုပ်နိုင်ရန် အလှူ ငွေ ၅၅၀၀၀၀(ငါးသိန်းငါးသောင်းကျပ်)အား ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဦး အားလှူဒါန်း ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကိုယ်စားလှယ်လောင်း မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများအား ဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်း နွယ်ကဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ် ကော်မတီဝင်များ ရွေးကောက်ပွဲ အောင်နိုင်ရေး တွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့်ပါတီတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကန်ကြီးထောင့်တွင် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးကန် ကြီးထောင့်မြို့နယ်ကွမ်းသီးပင်ဆိပ် ကျေးရွာအုပ်စု ကွမ်းသီးပင်ဆိပ် ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ခေါင်းဆောင်ဦးဝေဇော်လင်း ၏နေအိမ်ရှေ့တွင်ပါတီနှစ်စဉ်ကြေး ငွေစုပေါင်းပေးအပ်ပွဲကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက် ကြသည့် ကွမ်းသီးပင်ဆိပ်ကျေးရွာ မှ ပါတီဝင် ၁၉ဝဝ က ပါတီနှစ်စဉ် ကြေးငွေစုစုပေါင်း ကျပ် ၁၉ဝဝဝဝ ပေးအပ်ခြင်းအခမ်းအနား ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒဿနိကဗေဒပထမနှစ် မသန်စွမ်းကျောင်းသူ နော်ထားခူအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်၌ လွိုင်ကော်တက္ကသိုလ် ဒဿနိက ဗေဒ ပထမနှစ်တွင် ပညာသင်ကြားလျက်ရှိသော မသန်စွမ်းကျောင်းသူ နော်ထားခူအားတက္ကသိုလ်ပညာသင်စရိတ် ငွေကျပ် ၁ဝသိန်းကိုထောက်ပံ့ ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။
နော်ထားခူသည် ဘယ်၊ညာ လက်နှစ်ဖက်စလုံးမပါရှိသော်လည်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင် ခဲ့ပြီး ယခုအခါ လွိုင်ကော်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားလျက် ရှိရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပညာသင်ထောက်ပံ့စရိတ် အဖြစ် ငွေကျပ် ၁ဝ သိန်းကို သူမတည်းခိုရာဟိုတယ်သို့သွားရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။ နော်ထားခူမှာ လွိုင်ကော်မြို့နေ တပ်ကြပ် စောသာဒေါနှင့် နော်ဖောခူ တို့၏သမီးဖြစ်ပြီး မွေးချင်းညီအစ်ကိုမောင်နှမ ငါးဦးအနက်အငယ်ဆုံးဖြစ်ကြောင်းသိရသည်။
ထောက်ပံ့ငွေပေးအပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယ ဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမအတွင်း ယနေ့ နံနက် ၉နာရီခန့်က လစဉ် ပုံမှန်စည်းဝေးပွဲ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဋ္ဌဦးတင်စိုးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးကာ အတွင်းရေးမှူးဦး စည်သူအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ရပ်/ ကျေးစည်းမှူးများက ပြန်လည်ဆွေးနွေးခြင်းများပြုခဲ့ကြောင်း သိရ သည်။ အစည်း အဝေးသို့ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ တက်ရောက်ကြသည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ကော့မှူးပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ၌ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့နယ်နာယကဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ ယာယီဥက္ကဋ္ဌ ဦးကြည်ငြိမ်း၊ မြို့နယ်ကော်မတီဝင်များ၊ ကော့မှူး မြို့နယ်တွင်းရှိ ရပ်ကျေးပါတီဝင်များ စုစုပေါင်းပါတီဝင် ၁ဝ၅ဦး တို့ တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းက ပထမဦးစွာ မိတ်ဆက် စကားပြောကြား၍ ပါတီရှေ့လုပ်ငန်းစဉ်များ၊ပါတီမူဝါဒများ၊ ဖြတ် သန်းခဲ့ရသည့်အတွေ့အကြုံများ၊ ပါတီဝင်များ၏ ပါတီဆောင်ရွက်မှု များအပေါ် အခက်အခဲများမေးမြန်းကာ လုပ်ဆောင်ရမည့်ပါတီ မူဝါဒများကို အားပေးပြောကြားခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် တွေ့ဆုံပွဲအခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၂)ရပ်ကွက်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ယု၏လမ်းညွှန်မှုဖြင့် လှိုင် သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ခေတ္တ) ဥက္ကဋ္ဌ ဦးဇေယျာအောင် ဦးဆောင် ၍ ဦးအောင်ကျော်ဦး၊ ဦးသက် စိုးဦး၊ ဦးသိန်းဌေး၊ ဦးစိုးနိုင်ဦး တို့နှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲ က အမှတ်(၁၂)ရပ်ကွက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးဌေးလွင်၊ ကော်မတီဝင် အင်အား ၃ဝ တို့နှင့် ရပ်ကွက်အပြင် ပဲခူးလမ်းမကြီးတို့ ကိုလည်းခြင်ဆေးဖျန်းခြင်းလုပ်ငန်း အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးစေတနာဆေးကုသအဖွဲ့ လှိုင်သာယာမြို့နယ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အတွင်းရှိ အမှတ်(၉)ရပ်ကွက် အပိုင်(၃) စပ်စံထွန်းလမ်း”အောင် သုခ”ဓမ္မာရုံကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)ဆေးကုသရေးအဖွဲ့ သည် ယမန်နေ့နံနက် ၉နာရီက ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ သည်။