အမရပူရပြည်ခိုင်ဖြိုးပါတီမှ လပတ်အစည်းအဝေးပြုလုပ်

 

ယနေ့ နံနက်(၀၉း၃၀)အချိန်တွင် အမရပူရ မြို့နယ်ပါတီရုံး၌ လပတ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရာများမှ ပါတီခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းမှုပြည့်စုံမှန်ကန်ရေးကိစ္စ၊ ပါတီနှစ်စဉ်ကြေးကိစ္စ၊ online media သင်တန်းဖွင့်လှစ်နိုင်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အစည်းအဝေးပြုလုပ်

 

ယမန်နေ့ နံနက်(၁၀း၀၀)အချိန်တွင် မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များနှင့်အရန်ကော်မတီဝင်များပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဥက္ကဌ ဦးလှမြင့်မှအဖွင့်ပြောကြားခဲ့ပြီး တက်ရောက်လာသောမြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များမှ ပါတီစည်းရုံးရေးရာကိစ္စရပ်များ၊ ပါတီရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


သာသနာအရေးလက်မနေးတဲ့မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

 

ဇန်နဝါရီလ ၂၉ရက် နံနက်၁၁း၀၀နာရီတွင် မိုးညှင်းခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ဝင်းထွန်း အတွင်းရေးမှူးဦးစိန်ဝင်း ဘဏ္ဌာရေးမှူးဦးကျော်ဌေးလှိုင်အရန်ကော်မတီဦးဖုန်းမြင့် မြို့နယ်ဥက္ကဋ္ဌဦးကြည်စိုး အတွင်းရေးမှူးဦးဌေးဝင်း နှင့် ကော်မတီဝင်များ ရပ်ကျေး စည်းမှူးများက အရှေ့ကျောင်းကြီးတိုက် လောကမာန်အောင်ရွှေဘုန်းရောင်း မြတ်စွာဘုရားကြီးတွင် ပဌာန်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Usdp Mohnyin


ဆီဆိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ဆီဆိုင်မြို့နယ် မြို့နယ်အား ကစားကွင်းတွင် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲကကျင်းပရာ ပြိုင်ပွဲ ဝင်ဘောလုံးအသင်းများ ကွင်း အတွင်းနေရာယူပြီးနောက် ရှမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်နှင့်ဆီဆိုင်မြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မိုးအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး နောက် အားကစားသမားများက အားကစားအဓိဋ္ဌာန်(၄)ချက်ကိုရွတ် ဆိုကြပြီး အခမ်းအနားအစီအစဉ်ကို ခေတ္တရပ်နားကာ တိုင်းရင်းသား များက ရိုးရာအကများဖြင့်ဖျော်ဖြေ ကြသည်။

ကော့မှူးမြို့နယ်ပါတီရုံးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ကော့မှူးပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်မြို့နယ် ကော်မတီအဖွဲ့အစည်းများ၊ မြို့နယ် အတွင်းပါတီဝင်များနှင့် စဉ်ဆက် မပြတ်ထိတွေ့မှုများ ပြုလုပ်လျက် ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကော့မှူးမြို့နယ် ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပုသိမ်မြို့ပေါ်အခြေစိုက်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့်ထောင်ကုန်း လမ်းထောင့်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ တွင် ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်မြို့ပေါ် အခြေစိုက်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်ခြောက်ရပ်ဖြင့်ပြုလုပ်ခဲ့သည်။ ဦးစွာ တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဗဟိုကော်မတီဝင် ဦးÓဏ်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ယနေ့ပြုလုပ်သည့်တွေ့ဆုံပွဲသို့ တက် ရောက်လာကြသည့် နိုင်ငံရေးပါတီများအား ကြိုဆိုပါကြောင်း၊ ကိုယ် ရည်သွေးတာထက် မိမိပါတီရဲ့အကြောင်းကိုသိရှိပြီး ပူးပေါင်းဆောင်ရွက် နိုင်ရန်ဖြစ်ကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန်သော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့်ပါတီများက တစ်ဦးချင်းအပြန် အလှန်မိတ်ဆက်ပေးသည်။ ဆက်လက်၍ မိမိပါတီ၏ရည်ရွယ်ချက် သဘောထားများကို ဆွေးနွေးပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦးနှင့်ဇနီး ကျုံပျော် အထက(၁)ကျောင်းသားကျောင်းသူများ၏ အာစရိယပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ဧရာဝတီတိုင်း ဒေသကြီးကျုံပျော်မြို့နယ်ရှိအထက (၁) ကျုံပျော်ကျောင်းသားကျောင်း သူဟောင်းများ၏(၁၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ ယခုလ ၂၉ ရက် နံနက်ပိုင်းတွင် သွားရောက် ကန်တော့ခဲ့ကြောင်း သိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ ဆရာအောင်ဇင်ထွန်း၏နာရေး ကူညီငွေပေးအပ်

 

မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ဟိုပင်မြို့ မြို့မတောင်ရပ်ကွက် ဆရာကြီးဦးကျော်ရှိန်း၏ နေအိမ်သို့ သွားရောက်၍ ကွယ်လွန်သူ ဆရာ အောင်ဇင်ထွန်း၏ နာရေးအတွက် ပါတီဗဟိုကော်မတီဝင် ဦးကျော် စိုးလေးမှ ငွေကျပ်တစ်သိန်း၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှငွေကျပ်တစ်သိန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် တစ်သိန်း စုစုပေါင်း သုံးသိန်းကို ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်း အတွင်းရေးမှူး ဦးစိန်ဝင်း၊ ဘဏ္ဍ ရေးမှူး ဦးကျော်ဌေးလှိုင်၊ အရန် ကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ် ဥက္ကဋ္ဌ ဦးကြည်စိုး၊ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ က အားပေးစကားပြောကြားခဲ့ပြီး ကူညီငွေများကိုပေးအပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျေးရွာများသို့ကွင်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီသည် မြို့နယ်အတွင်းကျေး ရွာများသို့ ပါတီဝင်များဖြင့်တွေ့ဆုံ လျက် ထိတွေ့မှုများစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် ကွမ်းခြံကုန်းမြို့နယ် သပြုစမ်းကျေးရွာ ကျေးရွာပါတီ ခေါင်းဆောင် ဦးမြင့်စိုး၏နေအိမ်၌ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။