ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးနေလင်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၈ နာရီတွင် ပါတီဌာနချုပ်သင်တန်းကျောင်း၌ ရက်သတ္တ လေးပတ်ကြာပြုလုပ်ခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ် စဉ်(၁)၏ သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သင် တန်းဆင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သင်တန်းဆင်းအမှာစကားပြော ကြားရာတွင် သင်တန်းမှ ပို့ချသင် ကြားပေးလိုက်သော သင်ခန်းစာ များကို လက်တွေ့ဆန်စွာ ပြန်လည် အသုံးချကြရန်လိုပြီး သင်တန်း သားများ တက်ရောက်ခဲ့ကြသည့် ယနေ့ သင်တန်းအမှတ်စဉ်(၁) သည်စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊
နောက်နောင် ဆက်လက်ဖွင့်လှစ် မည့် သင်တန်းသားများက ယခု
အမှတ် (၁)သင်တန်းသားများအား စံနမူနာယူ၍ စွမ်းရည်ပြည့်ဝသောသင်တန်းသားများပေါ်ထွက် လာကြရမည်ဖြစ်ကြောင်း၊ တစ်လတာအတွင်း ဆွေးနွေးသင်ကြားပေးလိုက်သည့်သင်ခန်းစာများကိုပြန်ပြီး ပွားများအောင်လုပ်ဆောင်ကြရာမှ လက်တွေ့နယ်ပယ်တွင် စည်းရုံးမှုအားကောင်းပြီး ခေါင်းဆောင်မှု အားကောင်းသည့်ပြည်သူလူထုမှ အားကိုးလာမည့် အဖွဲ့အစည်းဖြစ်အောင်ဆောင်ရွက်ကြပါရန် ပြော ကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားအမှတ်(၁)မှသင်တန်းသားသင်တန်းသူအားလုံးကိုယ်စား လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီအထွေထွေ အတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံ

 

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီဝင်များ တွေ့ဆုံ

“လာမယ့်ရွေးကောက်ပွဲအတွက် ပါတီဌာနချုပ်က ညွှန်ကြားထားတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ နေရာဒေသနဲ့ ကိုက်ညီမယ့်၊ အထူးသဖြင့် အမ်းမြို့နယ်ဒေသနဲ့ ကိုက်ညီမယ့် လုပ်ဆောင်ချက်တွေကို ရွေးချယ်ပြီးတော့ လုပ်ဆောင်သွားရမှာပါ” ဟု ဧပြီ ၁ ရက်နေ့၌ ပြုလုပ်ကျင်းပမည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အောင်နိုင်ရေး အတွက် မိမိတို့ပါတီမှ မဲဆွယ်စည်းရုံးရမည့် အခြေအနေကို ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ က ပြည်နယ်ပါတီရုံး တွင် ဖေဖော်ဝါရီ (၂) ရက်က အောင်နိုင်ရေးကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

(more…)


ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ မရမ်းကုန်းမီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးထောက်ပံ့ကူညီ

 

ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်ကြည်သိန်းမှ ပြည်သူများထံသို့ ကြားဖြတ်ရွေးကာက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးဆင်း

 

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း၏ သက္ကောစံပြကျေးရွာရှိ မဲဆန္ဒရှင် ပြည်သူများထံသို့ မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါသည်။

#အသည်းကြားက မဲတစ်ပြား အရွေးမမှားရအောင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းကို မဲပေးကြစို့လား…..

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


သာသနာရေးလက်မနှေးတဲ့ မိုးညှင်းပြည်ခိုင်ဖြိုး

 

ယနေ့ဖေဖော်ဝါရီလ ၂ရက်နေ့မနက်၁၀း၃၀အချိန်တွင် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင်များ ဟိုပင်ဒေသပါတီဝင်များ ပဌာန်းတွင် နေ့ဆွမ်းကပ်လှူဒါန်းသည်။

မိုးညှင်းမြို့နယ် ဟိုပင်ဒေသ မြို့မတောင်ရပ်ကွက်ရှိ လောကမာန်အောင် ရွှေဘုန်းရောင်ဘုရားကြီးတွင် မိုးညှင်မြို့ခရိုင် အရန်ကော်မတီဝင် ဦးဖုန်းမြင့် မြို့နယ်တွင်းမှူးဦးဌေးဝင်း ဟိုပင်ဒေသတာဝန်ခံဦးမြဝင်း အရန်ကော်မတီဒေါ်ဝါဝါဆွေ လူငယ်ကေဒါ ဦးအောင်ကိုဝင်းတို့ပဌာန်းတွင် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူခဲ့ကြောင်းသတင်းရရှိသည်။

မိုးညှင်းပြည်ခိုင်ဖြိုး

ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးကော်မတီဆိုင်းဘုတ်စိုက်ထူ

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၂ဝ၁၇ကြားဖြတ်ရွေးကောက် ပွဲဝင်ရန် အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက ကော့မှူးမြို့နယ်ပါတီရုံး ရှေ့တွင်စိုက်ထူခဲ့သည်။

တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များအား လူထုဟောပြောစည်းရုံးရေးဘာသာရပ်ဟောပြောဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များအား လူထုဟော ပြောစည်းရုံးခြင်းဘာသာရပ်ဟော ပြောဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က စကား ပြောကောင်းသူ၊ ဟောပြောမှု ကောင်းသူတစ်ယောက်ဖြစ်လာစေ ရန်အတွက်ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာတမ်းများအကြောင်း၊ ဟောပြောသူတစ်ဦးကြိုတင်ပြင် ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များ၊ ဟောပြောမည့်သူ တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများအစရှိသည်တို့ ကို အကျယ်တဝင့်ရှင်းလင်းဟော ပြောဆွေးနွေးခဲ့သည်။