ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဌာနချုပ် စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဖေဖော်ဝါရီ (၇) ရက် နံနက် ၇ နာရီက နေပြည်တော်ရှိ ပါတီဌာနချုပ် တွင်ကျင်းပခဲ့သည့် ဌာနချုပ်စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ယင်းထမနဲထိုးပွဲကို ပါတီဌာနချုပ် အတွင်းမှ ရုံးတွင်းဌာနများအလိုက်ဝန်ထမ်း များစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အတွင်းမှ ဝန်ထမ်းမိသားစုဝင်များ စုံညီစွာ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

(more…)


“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံအမတ်ကြီးလာရောက်တွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး H.E Ms. Tone Tinnesခေါင်းဆောင်သောအဖွဲ့ ယနေ့ နံနက် ၁၀ နာရီအချိန်က နေပြည်တော် ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေအနေများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် တို့တွင်လည်း နော်ဝေအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုဆွေးနွေး ခဲ့ကြသည်။

ပါတီဌာနချုပ်မှ အဟာရဒါန သွားရောက်လှူဒါန်းမှုပြု

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် မိသားစုများ မှ မြန်မာ့ဓလေ့ရိုးရာ တပို့တွဲလရာသီ ထမနဲထိုးပွဲကို ယနေ့ ( ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းတွင် ပါတီဌာနချုပ်တွင် ပြုလုပ်ကြပြီး အဟာရဒါအနဖြစ် နေပြည်တော် ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ လည်းကောင်း၊ ဇေယျာသီရိ မြို့နယ် ခေတ်အေးကျေးရွာရှိ သုဇနကာရီ ပရဟိတသာသနာပြုကျောင်းသို့ လည်းကောင်း သွားရောက်လှူဒါန်းခဲ့ ကြသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းပေးရန် ပြည်ခိုင်ဖြိုးအမတ်မေးမြန်း

 

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီးဖြစ်၍ လွှတ်တော်သို့ တင်သွင်းရန်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကပြောသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၏ မေးမြန်း မှုကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ယင်းသို့ဖြေကြားခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးစတင်

 

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်တွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာတွင် ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ကျေးရွာ အတွင်း လှည့်လည် စည်းရုံးဟော ပြောခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့်အဖွဲ့ ညောင်လေးပင်နှင့်ကျောက်တံခါးမြို့နယ်မှပြည်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ ဗဟို အတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစော မော်ထွန်းနှင့် အမှတ်(၄)မဲဆန္ဒနယ် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးနိုင် ဦးဆောင်သောပါတီမှတာဝန်ရှိ ပုဂ္ဂိုလ်များသည် ဖေဖော်ဝါရီ (၆) ရက် နံနက် ၉နာရီခွဲက ညောင်လေးပင်မြို့နယ်ပါတီရုံးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေး ပါတီဝင်များ၊ ရေးရာကော်မတီခွဲများ၊ ပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။

ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယမန် နေ့ မွန်းလွဲ ၂ နာရီခွဲ၌ ရပ်ကွက် ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီသင်တန်းဆင်းပွဲကျင်းပ

 

ပင်လောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ(အသင်းခွဲ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ပင်လောင်းမြို့နယ်မီးသတ် ဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဒီမို ကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ ဖက် ဒရယ်ပြည်ထောင်စု၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း၊ ရှေးဦး သူနာပြုစုခြင်းနှင့် အကြိုအခြေခံ မီးသတ်သင်တန်းဆင်းပွဲကို ယမန် နေ့ မွန်းလွဲ ၂ နာရီက နောင်ပီ ကျေးရွာအုပ်စု နောင်ပီကျေးရွာ တွင်ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုင်းသန်းဝင်း က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက် ခြေနီ(အသင်းခွဲ) ရှမ်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ပထမတန်းဦးစီး မှူးဦးအေးချမ်း၊ပင်လောင်းမြို့နယ် ပါတီဥက္ကဋ္ဌဦးဝေလွင်တို့က အမှာ စကားပြောကြားကာ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်း သန်းဝင်းနှင့် ရှမ်းပြည်နယ် ကြက် ခြေနီတပ်ဖွဲ့ ပထမတန်းဦးစီးမှူး ဦးအေးချမ်းတို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။