လောက်ကိုင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်၊ မုန့်ထုပ်၊ ရေသန့်ဗူးများ ဝေငှ လှူဒါန်း

 

လောက်ကိုင်မြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ပြန်လည် ထွက်ခွာကြမည့် စစ်ဘေးရှောင် ပြည်သူ (၅၀၀)ခန့်သည် မန္တလေး၊ ပြည်ကြီး တံခွန်မြို့ရှိ ကျွဲဆည်ကန် ကားကြီးကွင်းတွင် (၈.၃.၂၀၁၇) ရက်နေ့ ညပိုင်းက ခေတ္တရောက်ရှိနေရာ မတ်လ (၉) ရက် နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ပြည်ကြီးတံခွန်မြို့နယ် ပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ အမာခံအဖွဲ့များမှ သွားရောက်၍ အားပေးစကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရပ်/ကျေး ခေါင်းဆောင်များနှင့် တွေ့ဆုံ

 

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် ရပ်/ကျေးခေါင်းဆောင်များအား ပုဏ္ဏားကျွန်းမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟို အလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီ အတွင်းရေး မှူး ဦးသန်းဝေ (ဗဟိုကော် မတီဝင်)၊ ပြည်နယ်ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ (ပြည်နယ်ပါတီကော်မတီဝင်)၊ ဒေါ်ခိုင်ဇင်ဦး (ပြည်နယ်ကော်မတီဝင်)၊ ပြည်နယ်အရန်ကော်မတီဝင် ဦးသိန်းနု (ကျောက်ဖြူခရိုင်ပါတီဥက္ကဋ္ဌ)၊ ပုဏ္ဏားကျွန်းမြို့နယ် ယာယီဥက္ကဋ္ဌ ဦးမောင်ကျော်ဇံနှင့် ရပ်/ကျေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယခုလ ၃ ရက်မှ စ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

ယင်းတွင် နယ်သာလန်နိုင်ငံသား Mr.Win (NGO)နှင့် ဦးသီဟတို့က သင်ကြားပို့ချလျက်ရှိပြီး ယခုအခါ ပဉ္စမတန်းမှ နဝမတန်းကျောင်းသား ကျောင်းသူ ၁၃၃ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ်ရှိ ပြည်နယ် ခရိုင် မြို့နယ် ရပ်/ကျေးကော်မတီဝင်များအား လွိုင်ကော်မြို့၌တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကယားပြည်နယ် လွိုင်ကော် မြို့ရှိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌများက ပါတီတွင်းလှုပ်ရှားမှုများကို ဦးစွာတင်ပြခဲ့ပြီး ခရိုင် ပါတီဥက္ကဋ္ဌများက ဆက်လက်တင်ပြခဲ့ သည်။ ထို့နောက် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ က ကယားပြည်နယ်အတွင်း ပါတီ၏အခြေ အနေကို ခြုံငုံသုံးသပ်တင်ပြခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လွိုင်ကော်မြို့ရှိ ရပ်မိရပ်ဖများ လူမှုရေးအသင်းအဖွဲ့များ အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၉) ရက်နေ့ နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ပါတီရုံး၌ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

 

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးကော်မတီဝင်များအား လွိုင်ကော်မြို့၌ တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၉) ရက် နံနက် ၁၁ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပခဲ့သည်။

(more…)


ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရပ်/ကျေး ခေါင်းဆောင်များနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် ရပ်/ကျေးခေါင်းဆောင်များအား ပုဏ္ဏားကျွန်းမြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

(more…)


မီးဘေးသင့်ပြည်သူများအားး ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးဝင်းမောင်၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဌ ဦးကိုလေးနှင့် ကော်မတီဝင်များသည် လွန်ခဲ့သောရက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ်များ ဆုံးရှုံးသွားသော အမရဌာနီအရှေ့ရပ်ကွက် အကွက်(၄၅)ရှိ ပြည်သူများ ခေတ္တခိုလှုံနေထိုင်သော ထားဝယ်ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် မီးဘေးကယ်ဆယ်ရေးစခန်းသို့ မတ်လ (၉) ရက် ညနေပိုင်းက သွားရောက်ကာ မီးဘေးသင့် မိဘပြည်သူများကို အားပေးစကားပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စု (၁၇)စုအတွက် တစ်စုလျှင် အလှူငွေ (၂၀၀၀၀ိ/-)ဖြင့် စုစုပေါင်း (၃၄၀၀၀၀ိ/-) အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို ယနေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းက မင်းဘူး/စကုမြို.နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာ တာဝန်ခံ ဦးကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီ ဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေးကို ခရိုင် လူငယ် အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်းအောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့် အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

လောက်ကိုင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှ လှူဒါန်း

လောက်ကိုင်မြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ပြန်လည်ထွက်ခွာကြမည့် စစ်ဘေးရှောင် ပြည်သူ (၅၀၀)ခန့်သည် မန္တလေး၊ ပြည်ကြီးတံခွန်မြို့ရှိ ကျွဲဆည်ကန်ကားကြီးကွင်းတွင် (၈.၃.၂၀၁၇) ရက်နေ့ ညပိုင်းက ခေတ္တရောက်ရှိနေရာ မတ်လ (၉) ရက် နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ပြည်ကြီးတံခွန် မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ အမာခံအဖွဲ့များမှ သွားရောက်၍ အားပေးစကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။