ပါတီဝင်အင်အား ကွင်းဆင်းစိစစ်ဆောင်ရွက်

 

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက် ၉ နာရီမှ စတင်ကာ လှိုင်သာယာမြို့နယ် အမှတ်(၁၈)ရပ်ကွက်သို့ကွင်းဆင်း၍ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေးပေးသွင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး (ယာယီ)ဥက္ကဋ္ဌ ဦးဇေယျာအောင် ဦးဆောင်ညွှန်ကြား၍ မြို့နယ်ပါတီကော်မတီဝင်ဦးအောင်ကျော်မိုး (အမှတ် ၁၈ ရပ်ကွက် နယ်မြေတာဝန်ခံ)နှင့်ရပ်ကွက်ပါတီကော်မတီဝင်များ ပူးပေါင်းပြီး ပြည်သူများ၏နေအိမ်များသို့ တစ်အိမ်ဝင်တစ်အိမ်ထွက်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့သည်။

ကျောက်တံတားပြည်ခိုင်ဖြိုး ပါတီဝင်အင်အားစိစစ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဌ ဦးမျိုးသိန်း ဦးဆောင်လျှက် မြို့နယ်ကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးစိုးမြင့်၊ မြို့နယ်အရံ ကော်မတီ ဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးအမှုဆောင်အဖွဲ့များနှင့် အတူ ဧပြီ (၂၅) ရက်က အမှတ် (၃)ရပ်ကွက် (၃၅ လမ်းနှင့် ၃၆လမ်း) အတွင်း ပါတီဝင် အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံခြင်း၊ ပါတီဝင်သစ်များ စည်းရုံးခြင်းလုပ်ငန်းများကို တစ်အိမ်တက်တစ်အိမ်ဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အား ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E.Mr. Hideo Watanabe ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် ဧည့်ခန်းမ(၁) တွင် လာရောက်တွေ့ဆုံသည်။

 

 

(more…)


မိုးညှင်းပြည်ခိုင်ဖြိုးပါတီရဲ့ ပဌာန်းပူဇာ သာဓုအနုမောဒနာ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ (၃၈)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (မိုးညှင်းခရိုင်နယ်မြေတာဝန်ခံ) ဦးကျော်စိုးလေး အမှူးပြုသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ပါတီရုံးဝန်ထမ်းများမှ ဧပြီလ (၂၄) ရက်တွင် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း(အချိုပွဲ)များ ဆက်ကပ်လှူဒါန်းကာ တတ်စွမ်းနိုင်သမျှ ဖြင့် ဒါနပြုခဲ့ကြကြောင်း သိရသည်။

(၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်တိုက်နယ်မိသားစုမှ ဦးစီးပြီး ၂၀၁၇ ခုနှစ် (၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပခြင်း အခမ်းအနားကို ဧပြီ (၂၁) ရက် နံနက် (၆) နာရီအချိန်က ချိကယ်တံခွန်တိုင်ကွင်း မောဒူဒီးဘိုးဟိုး ကွင်းပြင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှပြည်ခိုင်ဖြိုးပါတီနှင့် ABC Professional Training Centre တို့ပူးပေါင်း၍ အခမဲ့ ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်လှစ်

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ABC Professional Training Centre တို့ပူးပေါင်း၍ ပညာဒါန အခမဲ့ ကွန်ပျူတာ သင်တန်းကို (၃၀-၄-၂၀၁၇) မှ (၃၀-၅-၂၀၁၇) အထိ မင်းလှမြို့နယ် ပါတီရုံးတွင် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါ၍ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်မြေတာဝန်ခံ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေး၊ စည်းရုံးရေးမှူး ဦးတင်သိန်း တို့သည် ဧပြီ (၂၂) ရက်က သပြေတန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သက်ကြီးဘိုးဘွားများအား စတုတ္ထအကြိမ်မြောက်ပူဇော်ကန်တော့

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီး၍ စတုတ္ထအကြိမ်မြောက်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၇နာရီကအဆိုပါရုံး၌ကျင်းပ ပြုလုပ်သည်။

ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်း ပါတီနှစ်စဉ်ကြေး ကောက်ခံ ခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်ပါတီ ကော် မတီ နယ်မြေတာဝန်ခံ ဒေါ်ခင်ဌေးမြင့် နှင့်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူး၊ အမှုဆောင်များသည် ဧပြီ (၂၃) ရက် နံနက်ပိုင်းက (၁)ရပ် ကွက် ဆူးလေဘုရားလမ်းနှင့် ၃၃လမ်းနှင့် (၆)ရပ်ကွက် ၃၈ လမ်းအတွင်းရှိ ပါတီဝင်များထံသို့ တစ်အိမ်တက် ဆင်းသွားရောက် ၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံခြင်း နှင့်ပါတီဝင်သစ်များ ထပ်မံစည်း ရုံးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

အင်္ဂပူပြည်ခိုင်ဖြိုး ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးနေလင်းအောင်၊ ဘဏ္ဍာရေးမှူး မြို့နယ် ပါတီကော်မတီဝင်များနှင့် ညောင်ကျိုးဒေသ ရပ်/ကျေးခေါင်းဆောင်များသည် ဧပြီလ (၂၂) ရက်က သက္ကယ်တန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ဘုရားကျွန်းကျေးရွာ၊ လက်ျားကုန်းကျေးရွာ ကျွန်းရွှေဝါ ကျေးရွာနှင့် ချင်းကုန်းကျေးရွာများသို့ သွားရောက်၍ နယ်မြေခံပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ချင်းကုန်း ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ဘိလပ်မြေ (၅၀)အိတ်လှူဒါန်းခဲ့ပါသည်။