ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်း (၂/ ၂ဝ၁၇) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခရိုင် အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း တို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး မြို့နယ်ပါတီ နာယကကြီးနှင့် သင်တန်းမှူးတို့ ကလည်း အမှာစကားများအသီး သီးပြောကြားခဲ့ရာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။