စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကျင်းပ

(၂၃.၈.၂၀၁၇)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေး ကျင်းပ ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန် ခံ ဦးဝဏ္ဏမောင်လွင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များ၊ ရွေးချယ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး လစ်လပ်မြို့နယ်ကော်မတီနေရာအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ပွဲအပြီးတွင် ဗဟို အလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်မှ တက်ရောက်လာကြသူများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများ စည်းမှူးများနှင့် တွေ့ဆုံညှိနှိုင်း

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီ ကော်မ တီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေတို့ လိုက်ပါလျှက် ၂၁.၈.၂၀၁၇ ရက် နေ့က မလှိုင်ကုန်းကျေး ရွာ၊ ဘဟဲကျေးရွာ၊ ပွေးတူးကျေးရွာများသို့ သွားရောက်ပြီး ပါတီဝင် အင်အား ပြန်လည်စိစစ်ခြင်း၊ ရေးရာကော်မတီများပြန်လည်ဖွဲ့စည်းခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများ၊ စည်းမှူးများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်ကော်မတီများ ကြားဖြတ်ရွေးချယ်ပွဲညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီများ ကြားဖြတ်ရွေးချယ်ပွဲ ကျင်းပနိုင်ရေး အတွက် ယနေ့နံနက် ၉ နာရီ ခွဲက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီဆွေးနွေးပွဲကျင်းပ

 

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မျက်နှာစုံညီဆွေးနွေးပွဲအား မြို့နယ်ပါတီရုံးတွင် (၂၂.၈.၂၀၁၇) ရက်နေ့ နံနက်​ (၁၀း၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင်         ဒေါ်လင်းလင်းသန့်မှ တက်ရောက်ပြီး လစ်လပ် EC အစားထိုးခြင်း၊ လစ်လပ်အရန်မြို့နယ် ကော်မတီအား အစားထိုးအတည်ပြုခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

ကျောင်းပြင်ပမူလတန်းပညာရေး(NFPE) မြို့နယ်အဆင့်ဖွင့်ပွဲတွင် ကျောက်တန်းပြည်ခိုင်ဖြိုးပါတီ စာရေးကိရိယာများတက်ရောက်လှူဒါန်း

 

တောင်ပိုင်းခရိုင်ကျောက်တန်း မြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) မြို့နယ် အဆင့် ဖွင့်ပွဲနှင့်ထူးချွန်သော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက အခြေခံပညာ အလယ်တန်းကျောင်း(မြို့မ) ရွှေသံလွင်ခန်းမတွင် ကျင်းပရာ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) သည် ကျောက်တန်း မြို့နယ် တွင် မူလတန်းစခန်း ခုနစ်ခု     ရှိပြီး ဆရာမ ၁၅ ဦးဖြင့် သင်ကြားပေးကာ မူလတန်းအဆင့်တွင် ကျောင်းသား ကျောင်းသူ ၁၅၃ ဦး အား စာရေးကိရိယာ၊ထီးများအား ကျောက်တန်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက ကျောင်းသားကျောင်းသူများအား ပေးအပ် လှူဒါန်းခဲ့သည်။

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ရပ်/ကျေး အဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနယ်မြေတာဝန်ခံ တက်ရောက် အားပေး

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးခန်းမတွင်ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်အားပေးခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုသင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကာ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယကများဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး၊ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝခန့် တက်ရောက်ခဲ့ကြသည်။

ဘုရားရင်ပြင်သန့်ရှင်းရေး Green Star ပရဟိတလူငယ်အဖွဲ့လုပ်အားပေး

ကျိုက်မရော သြဂုတ် ၂၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလူငယ်ရေးရာကော်မတီလှုပ်ရှားမှုအနေဖြင့် Green Star ပရဟိတလူငယ်အဖွဲ့မှ ဦးဇေယျာလင်း ဦးဆောင်သော ပရဟိတလူငယ်အဖွဲ့များသည် ယခုလ ၂ဝ ရက် နံနက် ၇ နာရီခွဲက ဘိန်းဗျောကျေးရွာ ကော့တာကျောင်းအတွင်းရှိ ရပ်တော်မူဘုရားနှင့် စေတီတော် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်ဆေးကြောခြင်း သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပရဟိတလူငယ်အဖွဲ့မှ လစဉ်ဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ပြုပြင် လုပ်အားပေးခြင်း စသည့်ပရဟိတလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး ချောင်းဆုံရပ်/ကျေးစည်းမှူး များနှင့် တွေ့ဆုံ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးသည် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ချောင်းဆုံရပ်/ကျေး အဖွဲ့ဝင်များအား မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံရာတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီ ၏ရှေ့လုပ်ငန်းစဉ် များ၊ ပါတီဝင်အင်အားစီစစ်ရေးနှင့်ပါတီဝင်များ အနေ ဖြင့် ပြည်သူလူထုနှင့်တစ်သားတည်း ဖြစ်ရေဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

မန္တ​လေးခရိုင်​အတွင်းရှိ (၇)မြို့နယ်​မှ ပါတီ​ကော်​မတီအဖွဲ့များနှင့် တွေ့ဆုံ

ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​သည်​ (၂၂.၈ ၂၀၁၇) ရက်​​နေ့ (၁၆း၀၀)နာရီအချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီရုံးအစည်းအ​ဝေးခန်းမ၌ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီအဖွဲ့၊ မန္တ​လေးခရိုင်​ပါတီ​ကော်​မတီအဖွဲ့၊ မန္တ​လေးခရိုင်​အတွင်းရှိ (၇)မြို့နယ်​မှ ပါတီ​ကော်​မတီ အဖွဲ့များအား​တွေ့ဆုံခဲ့ပြီး လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများ အား​ ဆွေး​နွေးခဲ့​ကြောင်းသိရှိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး