ရုပ်သံနှင့် ဖုန်းမျက်နှာပြင်များကို ကြည့်ရှုချိန်လျော့နည်းပါက အသက်ပိုရှည်မည်ဟုတွေ့ရှိ

ရုပ်မြင်သံကြားနှင့် ဖုန်းမျက်နှာပြင်များကို ကြည့်ရှုချိန်လျော့နည်း ခြင်းသည် အသက်ပိုရှည်စေသည်ဟု ဂလက်စကိုတက္ကသိုလ်မှ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ တွေ့ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ဂလက်စကိုတက္ကသိုလ်မှပညာရှင်များသည် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ပူးပေါင်းပါဝင်သူ ၅ဝဝဝဝ ခန့်အား စောင့်ကြည့်လေ့လာ ခဲ့ခြင်းဖြစ်ပြီး လေ့လာမှုများအရ တစ်နေ့လျှင် ရုပ်မြင်သံကြားကြည့်ရှုချိန် နှစ်နာရီခန့်သာ ရှိသူများသည် နှစ်နာရီထက် အချိန်ပိုကြာစွာကြည့်ရှုသူများနှင့်နှိုင်းယှဉ်ပါက ကင်ဆာနှင့် နှလုံးနှင့်ဆက်စပ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေသိသိသာသာ လျော့နည်းကာ အသက်ပိုရှည်သည်ဟုတွေ့ ရှိခဲ့သည်။

ညအိပ်ယာမဝင်ခင် သောက်ပေးပြီး ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားမယ်

ကျန်တဲ့နေရာမ၀ပေမဲ့ ဗိုက်မှာအဆီတွေစုနေတာ တကယ်ကို မအီမသာဖြစ်စရာပါ။ နေရလည်းခက်လှပါတယ်။ ၀မ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ တကယ်ကိုခက်ပါတယ်။ အဲဒီအတွက် ကိုယ်လက် လေ့ကျင့်ခန်းတွေသာမက သဘာဝ အဆီတွေကို ဖယ်ရှားပေးမယ့် ဖျော်ရည်ကိုလည်း အိမ်မှာလုပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

ဝမ်းဗိုက်အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့ သဘာဝအဆီကျဖျော်ရည်ကို ညအိပ်ယာမ၀င်ခင် ၁နာရီအလိုမှာ သောက်ပေးရမှာပါ။ ဖျော်ရည်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတော့

အလှအပအတွက် မန်ကျဉ်းသီးရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ

ဖျော်ရည်အဖြစ်သာမက ဟင်းလျာတွေ ချက်ပြုတ်ရာမှာပါ အသုံးပြုကြတဲ့ မန်ကျည်းသီးဟာ အသားအရေ အလှအပအတွက်လည်း အလွန်အသုံးဝင်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ယနေ့ခေတ် အလှကုန်ပစ္စည်း အများစုမှာ မန်ကျည်းသီးကို ထည့်သွင်းပြုလုပ် လာကြပါတယ်။ ဒါကြောင့်မို့လို့ အလှအပအတွက် မန်ကျည်းသီးရဲ့ အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေကို ဧရာဝတီစာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ဝက်ခြံတွေကို ပျောက်ကင်းစေတယ်

ဂျင်း၊ ကြက်သွန်ဖြူ၊ သံပုရာသီး၊ ပျားရည် ပေါင်းစပ်လိုက်တော့ ကျန်းမာရေး အတွက် ဘယ်လိုကောင်းလဲဆိုတာ

ဆေးတွေများများမသောက်ဘဲ ကျန်းမာရေးပြဿနာကို ဖြေရှင်းလို့ရပါတယ်။ အခုဆိုရင် မတူညီတဲ့ ဝေဒနာပေါင်း ၂၁ ခုကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းဆေးတစ်ခွက် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဆေးညွှန်းနဲ့ အသုံးပြုနည်း ဒီဆေးတစ်ခွက်ကို အိမ်က မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ သံပုရာသီး (သို့) သံပုယိုသီး၊ ပျားရည်ကို အသုံးပြုရမှာဖြစ်ပါတယ်။

မနက်စောစောမှာ ကော်ဖီလုံးဝ မသောက်သင့်တဲ့ အကြောင်းအရင်း

မနက်ခင်းမှာ ကော်ဖီသောက်တာဟာ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက် လုံးဝမကောင်းမွန်ကြောင်း သုတေသီတွေက ထောက်ပြလိုက်ပြန်ပါတယ်။ အထူးသဖြင့် မနက်အစောပိုင်း (အိပ်ရာထပြီးကာစ) အချိန်မှာ ကော်ဖီ မသောက်သင့်ဘူးလို့ ဆိုပါတယ်။ မနက်နိုးတာနဲ့ ကော်ဖီသောက်ခြင်းဟာ ကော်ဖီကိုစွဲလန်းသွား စေတဲ့ အပြင် အခြားကျန်းမာရေး ဆိုးကျိုးလည်း ရှိပါသေး တယ်။ ခန္ဓာကိုယ်အတွင်းစိတ်ကျန်းမာရေးအတွက် မကောင်းမွန် တဲ့ကော်တီဇုန်းဓာတ်တွေ ထွက်လာစေတဲ့အတွက် ကော်ဖီကို မနက်စောစော မသောက်သင့်ဘူးလို့ ပါမောက္ခ ဒေါက်တာမီလာက Uniformed Services တက္ကသိုလ်ရဲ့ ဆွေးနွေးပွဲမှာ ထောက်ပြခဲ့တဖြစ်ပါတယ်။ ကော်တီဇုန်း ဟာ ဖိအားနဲ့ စပ်ဆက်တဲ့ ဟော်မုန်းဓာတ်ဖြစ်ပြီး စိတ်နဲ့ခန္ဓာလန်းဆန်းစေတယ်လို့ ထင်မှတ်မှားစေတာ ဖြစ်ပါတယ်။

ကွန်ပျူတာ အကြည့်များသူတွေအတွက် အစားအစာနဲ့ ဗီတာမင်

ခုခေတ်မှာ လူမူကွန်ရက်ကလည်း အရမ်းကို တွင်ကျယ်လာပြီး စီးပွားရေး တော်တော်များများရဲ့ အချက်အလက်တွေကိုလည်း စာရွက်တွေထက် ကွန်ပျူတာ မှတ်ဥာဏ်တွေနဲ့ ပိုပြီး သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ ဒီအခါမှာတော့ လူအများစုဟာ စာရွက်တွေ ကြည့်ရမယ့်အစား ကွန်ပျူတာတွေ ပိုပြီးတော့ ကြည့်လာရပါပြီ။ ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်တွေဟာ ရေရှည်မှာ မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် တော်တော်များများလည်း မျက်မှန်တပ်ရတာတွေ ရှိကြပါတယ်။ ဒီလိုမျိုး ဖြစ်တာတွေ လျှော့နည်းလာစေဖို့အတွက် ဆေးကုသမှုတွေလည်း ပြုလုပ်နိုင်သလို အစားအစာတွေနဲ့ ဗီတာမင်တွေကနေလည်း ရရှိနိုင်ပါတယ်။

တင်းတိပ်ကြောင့် စိတ်ညစ်နေသူများ အတွက် သဘာဝ တင်းတိပ်ပျောက်ဆေး

” တင်းတိပ်ဆိုတာ မျက်နှာအသားကို နေပူလောင်တာ၊ မီးပူမိတာကစတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာ တွေလည်းပါတာပေါ့” သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။

ချောင်းဆိုး ပျောက်တဲ့ သဘောင်္သီး အစေး

ရာသီဥတု အမျိုးမျိုး ပြောင်းလဲမှု တို့ကြောင့် ချောင်းဆိုးလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။ ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့ ဆေးအဘိဓမ္မာကျမ်း ထဲမှာလည်း ပါဝင်ပါတယ်။ သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာ များပါတယ်။

၁။ သင်္ဘောသီး အစိမ်ပေါ်ကို ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍ အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။

ကင်ဆာကာကွယ်ပေးမယ့် ပဲပင်ပေါက်နဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး လူကြိုက်များတဲ့ ပဲပင်ပေါက်အကြောင်းကိုပြောရမယ်ဆိုရင်တော့ ဗီတာမင် B,C,B1,B6,K,A စတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ ပဲမျိုးဖြစ်ပါတယ်နော်။ ဒါတင်မက သေးပါဘူး သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် အပြင် Omega 3 Fatty Acids ကြွယ်ဝစွာပါဝင်ပါတယ်။

ပဲပင်ပေါက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော ကင်ဆာကာကွယ်ပေးခြင်း ပဲပင်ပေါက်ဟာ အမြင်ဓါတ် တွေကြွယ်ဝစွာပါဝင်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီးတော့ ကင်ဆာအမျိုးမျိုးဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားပေးသင့်ပါတယ်။

ငှက်ပျောသီး အမျိုးမျိုးမှာ ပါဝင်တဲ့ အာဟာရဓါတ်များ

တချို့သူတွေက ငှက်ပျောသီးကို စိမ်းမှ ကြိုက်ကြသလို၊ တချို့ကလည်း မှည့်ပြီး အဝါရောင်သန်းနေမှ ကြိုက်ကြ တာလည်း ရှိပါတယ်။ ငှက်ပျောသီးတွေမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပေမယ့် တခြား အာဟာရဓာတ်တွေကတော့ ငှက်ပျောသီးရဲ့ သက်တမ်း (မှည့်၊မမှည့်သေးတာ)အပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။