Psy ရဲ့ “Gangnam Style” သီချင်းကို ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွား

Psy ရဲ့ နာမည်ကျော် Gangnam Style က ကမ္ဘာတစ်ဝန်းမှာ ကြည့်ရူသူများပြားနေဆဲ ဖြစ်ကာ ပရိသတ်တွေက အကြိုက်တွေ့နေကြဆဲဖြစ်ပါတယ်။

အဲဒီ သီချင်း ဂီတဗီဒီယိုကို ယူကျူဘ်ပေါ်မှာ ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွားပြီး ဖြစ်ကြောင်း သူ့ရဲ့ ကုမ္ပဏီ P NATION က ဖေဖော်ဝါရီ ၁၉ ရက်က ကြေညာခဲ့ပါတယ်။

လည်ပင်းနာခြင်းကို အလျင်အမြန်ပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

မကြာခဏ လည်ပင်းနာတတ်ပါသလား။ လည်ပင်းနာနေရင် အိပ်ရာထတဲ့အခါ ဘယ်လောက် နာကျင်လည်းဆိုတာ လူတိုင်းသိကြပါတယ်။ လည်ပင်းအရမ်းနာနေရင် ခေါင်းတောင် လှုပ်ဖို့ မဖြစ်နိုင်ပါဘူး။ လည်ပင်းနာတာနဲ့ ထုံကျဉ်တာ၊ ခေါင်းကိုက်တာ၊ အစားအစာတဲ့အခါ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ မကြာခဏ လည်ပင်း နာခြင်းက အိပ်စက်တဲ့အနေအထားမမှန်တာ၊ စိတ်ဖိစီးတာတွေကြောင့် အဖြစ်များပါတယ်။ အဲဒီလိုလည်ပင်း နာတာတွေ ဖြစ်လာပြီဆိုရင် သိသိသာသာသက်သာသွားစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

ကလေးနို့မှုန့်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည်ဟု သိပ္ပံနည်းကျ သက်သေပြမထား

ကမ္ဘာတစ်ဝန်းရှိ ကလေးနို့မှုန့်များကို ကြော်ငြာရာတွင် ဖော်ပြထားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများစုကို ခိုင်လုံသော သိပ္ပံနည်းကျ အထောက်အကျများဖြင့် သက်သေပြထားခြင်းမရှိကြောင်း လေ့လာမှုတစ်ရပ်က ဖေဖော်ဝါရီလ ၁၆ ရက် ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးအနုပညာရှင် ၁၀ ဦးကို Forbes မဂ္ဂဇင်းထုတ်ပြန်

Forbes မဂ္ဂဇင်းကကြေညာသည့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အနုပညာရှင် ၁၀ ဦးစာရင်းတွင် အမျိုးသမီးအနုပညာရှင်က တေလာဆွစ်တစ်ဦးတည်းသာ ပါဝင်သည်။

စာရင်း၏နံပါတ်(၁၀)နေရာတွင်ရှိသူက ဝင်ငွေအမေရိကန်ဒေါ်လာ ၈၈ သန်းရခဲ့သည့်  ပွာတိုရီကိုရက်ပ်အဆိုတော် ဘတ်ဘန်နီဖြစ်ပြီး တေလာဆွစ်က ဒေါ်လာ ၉၂ သန်းဝင်ငွေဖြင့်  နံပါတ်(၉)နေရာတွင်ရပ်တည်နေသည်။ Midnights အယ်လ်ဘမ်အောင်မြင်ခဲ့သော်လည်း ၂၀၂၂ ဝင်ငွေအများစုက ယခင်နှစ်များ တွင်ထွက်ခဲ့သည့် သီချင်းများမှ ရခဲ့ခြင်းဖြစ်သည်။ ဆွစ်သည် ဝင်ငွေအကောင်းဆုံး အနုပညာရှင်စာရင်းတွင် ခြောက်ကြိမ်ပါခဲ့ပြီးဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် စာရင်းထိပ်ဆုံးမှရှိနေခဲ့သည်။

စီးကရက်ထက် ပိုအဆိပ်ပြင်းတဲ့ ရှီရှား (shisha)

အခုနောက်ပိုင်းခေတ်စားလာတဲ့ ရှီရှားပိုက်တွေမှာ စီးကရက်ထက်ပိုပြီး အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်းပါဝင်မှုပမာဏ ပိုများတယ်လို့ဆိုပါတယ်။နာရီဝက်အတွင်းမှာ သင်က ကာဗွန်မိုနောက်ဆိုဒ်တွေကို ရှီရှားပိုက်တွေကတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းနေတာ ဖြစ်ပါတယ်။ပျှမ်းမျှအားဖြင့် ရှီရှားတစ်အိုးကို နာရီဝက်လောက်တော့ရှူလို့ရပါတယ်။

သဘောကတော့ ဆေးလိပ်တစ်လိပ်သောက်တာထက် ပိုခံတာပေါ့။ ဒီနာရီဝက်အတွင်းမှာ သင်က ကာဗွန်မိုနောက်ဆိုဒ်တွေကို ရှီရှားပိုက်တွေကတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းနေတာ ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ဟာ နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေနိုင်ပြီး သက်လုံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ဆေးရွက်ကြီးပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို တတ်နိုင်သလောက် အသုံးမပြုကြဖို့ ဒေါက်တာ အာယုနီ ဘန်ထ်နဂါ (Aruni Bhatnagar) က အကြံပြုထားပါသေးတယ်

နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း (၃) မျိုး

ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ

ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။ ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ

ချစ်သူဟောင်း ပီကေးအကြောင်းသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် YouTube တွင် ကြည့်ရှုသူစံချိန်တင်

ချစ်သူဟောင်း ပီကေးက ၎င်းအပေါ် ဖောက်ပြန်သည့်အကြောင်း ရေးသားသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် သည် YouTube တွင် စံချိန်တင်ခဲ့သည်ဟု သိရသည်။ Out of Your league တေးသီချင်းဗီ ဒီယိုသည် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေပေါင်း ၆၃ သန်းကျော်ရှိပြီး ယင်းသည်လက်တင်တေးသီချင်းတစ်ပုဒ်အတွက် ထိုအချိန်ကာလ အတွင်း ကြည့်ရှုမှုအများဆုံး ဖြစ်လာခဲ့သည်။ အသက် ၄၅ နှစ်အရွယ် ရှကီယာနှင့်အသက် ၃၅ နှစ်အရွယ် ဘာစီလိုနာဘောလုံး ကစားသမားဟောင်း ပီကေးတို့သည် ၁၀ နှစ် ကျော်ကြာ တွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ၎င်းတို့စုံတွဲတွင် ကလေး နှစ်ဦးလည်းရှိသည်။

Miss Universe 2023 ပြိုင်ပွဲ၏ Winner ဆုကို အမေရိကန်အလှမယ် ဆွတ်ခူး

ဇန်နဝါရီ ၁၄ ရက်ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းစ်မြို့တွင် ကျင်းပပြုလုပ်သည့် ၇၁ ကြိမ်မြောက် Miss Universe 2023 အလှမယ်ပြိုင်ပွဲကြီးတွင် အမေရိကန်အလှမယ် အာဘန်နီဂေဘရီယယ်က Winner ဆုကို သိမ်းပိုက်သွားခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အလှမယ် ၈၄ ဦးထဲတွင်မှ အမေရိကန်အလှမယ်က သရဖူကိုဆွတ်ခူးသွားခြင်းဖြစ်ပြီး ဗင်နီဇွဲလားအလှမယ် အမန်ဒါဒူဒါမယက ဒုတိယ၊ ဒိုမီနီကန်အလှမယ် အန်ဒရေနာမာတီနတ်ဇ်က တတိယရခဲ့သည်။ ပြိုင်ပွဲဝင်များအကြား ရေပန်းစားခဲ့သည့် ဖိလစ်ပိုင်အလှမယ်နှင့် ထိုင်းအလှမယ်မှာမူ Top 16 ထဲပင် ပါမလာဘဲ လာအိုအလှမယ်က Top 16 တွင် ပထမဆုံး အကြိမ် ပါလာခဲ့သည်။

ဆွစ်ဇာလန်ဆေးဝါးကုမ္ပဏီကြီး Novartis ၏ ဆီးကျိတ်ကင်ဆာ ကုသနည်းအသစ်ကို ဥရောပသမဂ္ဂ (အီးယူ) က အတည်ပြု

ဥရောပသမဂ္ဂ (အီးယူ)က Novartis ၏ အဆင့်မြင့်ကင်ဆာကျိတ်ကုသနည်းအသစ်ကို အတည်ပြုလိုက် သည်  ဟု ဆွစ်ဇာလန် ဆေးဝါးကုမ္ပဏီဖြစ်သော Novartis က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

Pluvicto ဟု ခေါ်သည့် ကုသနည်းကို ဆီးကျိတ်ကင်ဆင်ပျံ့နှံ့နေသော လူကြီးလူနာများအတွက် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု Novartis က ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားသောလူနာသစ် ၁ ဒသမ ၄ သန်းကျော်ရှိနေပြီး ၃၇၅, ၀၀၀ သေဆုံးထား သည်ဟု ယင်းကုမ္ပဏီက ဖော်ပြသည်။

ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်မယ့် ဒန့်သလွန်သီး

ဒန့်သလွန်သီးကလည်း လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဟင်းသီးဟင်းရွက်ပါပဲ။ ဒန့်သလွန်သီးက အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် သင့်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။ ကျွန်တော်တို့ ဒန့်သလွန်သီးကို စားသုံးဖြစ်တဲ့ပုံစံက ပဲကုလားဟင်းအနေနဲ့ ချက်စားဖြစ်ကြတာပါ။ အရည်သောက်အနေနဲ့ ချက်စားဖြစ်တာများပါတယ်။ ဒန့်သလွန်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးကို မပြောပြခင်မှာ အာဟာရဓာတ် ဘယ်လောက်ပမာဏပါဝင်တယ်ဆိုတာကို အရင်ဆုံးမျှဝေပေးပါမယ်။

ဗီတာမင် အေ (၆.၇၈) မီလီဂရမ်

သိုင်ရာမင်း (Thiamine) (ဝ.၀၆) မီလီဂရမ်