ကိုယ်ပိုင်သီချင်းတွေ ပိုင်ဆိုင်ချင်လို့ တစ်ကိုယ်တော်အခွေထုတ်မယ့် ဂျူးစံသာ

ကျောင်းမပြီးသေးသော ကြောင့် သရုပ်ဆောင်ဘက်တွင် မလုပ်ဖြစ်သေးသော်လည်း ဂီတ ၀ါသနာပါသဖြင့် တစ်ကိုယ်တော် အခွေ စီစဉ်နေကြောင်း အလှမယ် ဂျူးစံသာကပြောသည်။

‘‘အလှမယ်ပိုင်းကို ၀င်ဖြစ် သွားတာက Show တွေလျှောက် ရင်း၊ ပြိုင်ပွဲတွေပြိုင်ရင်းနဲ့ ၀င်ဖြစ် သွားတာ။ သီချင်းက ငယ်ငယ် လေးကတည်းက ၀ါသနာပါတယ်။ သီချင်းဆိုတာရော နားထောင်ရ တာရော အရမ်းကြိုက်တယ်’’ဟု ၎င်းက ပြောသည်။

ဆောင်းဟေဂျိုနှင့်အချစ်ဇာတ်ကားတစ်ကားရိုက်ချင် သည်ဟုဆိုလာသည့် ဆောင်းဂျွန်ကီ

ပရိသတ်များနှင့်တွေ့ဆုံရန် ခရီးထွက်နေသည့်မင်းသားဆောင်း ဂျွန်ကီသည် တရုတ်(တိုင်ပေ)သို့ ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ တွင် တရုတ်(တိုင်ပေ)ပရိသတ် များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ် များ၏မေးမြန်းမှုများကို ဆောင်း ဂျွန်ကီက ပြန်လည်ဖြေကြားပေးခဲ့ ရာ မေးခွန်းအများစုမှာ ၄င်း၏ ပုဂ္ဂိုလ်ရေးရာကဏ္ဍသရုပ်ဆောင် ကဏ္ဍတို့နှင့်ပတ်သက်ကြောင်း သိရသည်။
၎င်း၏မူလရည်မှန်းချက်ကို မေးမြန်းခဲ့ရာတွင် ”ကျွန်တော်က ပရော်ဖက်ရှင်နယ်စကိတ်စီးသမား ဖြစ်ချင်ခဲ့ပြီး ကိုရီးယားအိုလံပစ် မှာစကိတ်စီးဝင်ပြိုင်ချင်ခဲ့တာ၊ဒါပေ မဲ့ အဲ့လောက်ထိမထူးချွန်လို့ဆက် မလုပ်ဖြစ်တော့ဘူး”ဟုပြန်လည် ဖြေကြားခဲ့သည်။
ထို့ပြင် Desendent of The Sun ဇာတ်ကားတွင် မင်းသမီး ဆောင်းဟေဂျိုနှင့်အတူ တွဲဖက် သရုပ်ဆောင်ပြီးနောက် ၄င်းတို့နှစ် ဦး၏အချစ်ရေးနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ရှိခဲ့ပြီးပရိသတ် များက အလွန်စိတ်ဝင်စားလျက် ရှိရာ မင်းသမီးဆောင်းဟေဂျိုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ရာ စိတ်ကူးယဉ်အချစ်ဇာတ် လေးတစ်ပုဒ်လောက်ဆောင်းဟေ ဂျိုနှင့်ရိုက်ကူးချင်ကြောင်း မင်း သားဆောင်းဂျွန်ကီက ဖွင့်ဟပြော ကြားခဲ့သည်။

တရုတ်ပြည်တွင် Lady Ga Ga ၏ အနုပညာလှုပ်ရှားမူများအား တားမြစ်လိုက်ပြီ

တရုတ်နိုင်ငံတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်တာနက်ဖျော်ဖြေရေးအစီအစဉ်များ၌ Lady Ga Ga အား ပိတ်ပင် တားမြစ်လိုက်ကြောင်းသိရသည်။ (more…)


သားရှင်ဖြစ်တော့မယ့် ထူးအယ်လင်း

ထူးအယ်လင်းက သူနဲ့အတူ ဂီတညီအစ်ကိုများစုပေါင်းပြီး ဂီတ သစ်ပင်တစ်ပင် စိုက်ပျိုးဖို့ရှိတယ်လို့ သိရပါတယ်။ဂီတသစ်ပင်အစီအစဉ် မှာတော့ဇော်ပိုင်၊R ဇာနည်၊ ဖိုးကာ၊ ဟဲလေး၊ L လွန်းဝါ၊ အောင်ဖြိုး၊ ဝေလ၊ ညီမင်းခိုင်၊ ဝန၊ ကော် ဘရာ၊ ဇွဲနိုင်ဝင်း၊ ဂျယ်ကြီးစတဲ့ အနု ပညာ ရှင်များစွာ ပါဝင်မှာဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးတော့ မယ့် အဆိုတော် ရွှေထူး

ရွှေထူးက နေတိုး၊ မိုးစက်ဝိုင်တို့နဲ့ ရိုက်ကူးမယ့် ‘ပက်ပက်စက်စက်ညှို့’ လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ် ဆောင်မှာပါ။ ထူးခြားတာက အရပ်ရှည်ကြတဲ့ အနု ပညာရှင်တွေ ချည်းပဲ လို့ဆိုတဲ့ ရွှေထူးက သူ့အတွက် စိန် ခေါ်မှုတွေကိုလည်း အခုလိုပြောပါတယ်။

“ဇွန်လထုတ် ရတီမဂ္ဂဇင်းမှာ ပါဝင်တဲ့ စောလားထော်ဝါး ရဲ့ Music Diary”

ဒီတစ်လရဲ့ Music Diary  မှာတော့ မကြာ သေးခင်ကမှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ရွေးချယ်မှုတွေနဲ့ အနုပညာစင်မြင့်ပေါ်ရောက်ရှိ လာခဲ့ကြတဲ့ Myanmar Idol Season 1 ရဲ့ မျိုးဆက်သစ် ဂီတလူငယ်လေးတွေရဲ့Diary လေးကို တင်ဆက်ပေးလိုက်ပါတယ်။ စောလား ထော်ဝါး၊ နင်ဇီမေ၊ M ဇော်ရိန်တို့ ၃ ဦးဟာ အခုချိန်မှာတော့ ကိုယ်စီကိုယ်စီ အနုပညာ ပြေးလမ်းတွေနဲ့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာကြတော့မှာပါ။ သီချင်းဆို ပြိုင်ပွဲကနေ အောင်မြင်လာခဲ့ကြတဲ့ သူတို့သုံး
ယောက်ရဲ့ မကျော်ကြားခင်က ဖြတ်သန်းမှုတွေ၊ အမှတ်တရသီချင်းလေးတွေ၊ ဂီတအပေါ်ခံယူ ချက်၊ ခံစားချက်တွေပေါင်းစည်းထားတဲ့ Music Diary ကို သူတို့ရဲ့အပြုံး ကိုယ်စီနဲ့ ဖွင့်လှစ်ရေး သားလိုက်တဲ့အခါမှာတော့ …

အမျိုးသမီး ရေးရာပွဲမှာ လူရွှင်တော် အဖြစ် တင်ဆက်မယ့် ချောရတနာ

အနုပညာ အလုပ်တွေကို နားထားပြီး မိသားစု အတွက်ပဲ အချိန် ပေးဖြစ်နေတဲ့ ချောရတနာ ကို  ပရိသတ်တွေ အနေ နဲ့ အမျိုးသမီးရေး ရာပွဲမှာ လူရွှင်တော် အဖြစ် မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။  လူရွှင်တော် အနေနဲ့ ပထမဆုံး တင်ဆက် ရမှာဖြစ်တဲ့ အတွက် စိုးရိမ်စိတ် လည်း ရှိနေတဲ့ ချောရတနာက..

အမေရိကမှာ သင်ယူခဲ့တဲ့ သရုပ်ဆောင်ပညာတွေနဲ့ အနုပညာခရီး ဆက်လက်လျှောက်လှမ်းသွားမယ့် ဟန်သီ

ဟန်သီက အမေရိကန်နိုင်ငံမှာ ရှိတဲ့ New York Film Academey  ကျောင်းမှာ သရုပ်ဆောင်ပညာကို တစ်နှစ်ကြာသင်ကြားပြီး နောက် ဇွန်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက် ပြီး နောက်ရက်မှာပဲ မဂ္ဂဇင်း၊ ဂျာနယ်တွေ
အတွက်   အလှဓာတ်ပုံများလည်း ရိုက်ကူးနေပြီ ဖြစ် ပါတယ်။

ကိုယ်ဝန်ကြောင့် ရိုက်ကူးမှုတွေနားမယ့် သက်မွန်မြင့်

 ဒုတိယမြောက်ကိုယ်ဝန် ကို လွယ်ထားပြီဖြစ်၍ ရုပ်ရှင်ရိုက် ကူးမှု ခေတ္တရပ်နားမည်ဟု သရုပ် ဆောင်အကယ်ဒမီ သက်မွန်မြင့် က ပြောသည်။

‘‘ကျန်းမာရေးအခြေအနေ အရ ကားရိုက်တာလည်း နားရ မယ်။ ဒီဗိုက်နဲ့လည်း ရိုက်လို့မရ ဘူး’’ဟု သက်မွန်မြင့်က ပြော ကြားသည်။