ချွေးပေါက်ကျယ်ခြင်းအတွက် သဘာဝကုထုံးများ ..!

နည်းလမ်း ၁ ကတော့ ကြက်ဥအနှစ်၊ ဗီနီဂါ ရှာလကာရည် သို့ သံပုရာရည်တို့ ရောစပ်ထားတဲ့ Mayonnaise သုံးစွဲတာပါ။ Mayonnaise ထဲကိုကြိုက်ရာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေ (ဥပမာ-ပျားရည်လို)လဲ ထပ်ထည့် လို့ရပါတယ်။ အဲဒီ Mayonnaise အနှစ်ရည်ကို မျက်နှာပေါ် လိမ်းပေးတာပါပဲ။ ရေမချိုးခင် Mayonnaise စတီးဇွန်း တစ်ဇွန်းစာလောက်လိမ်းပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ ရေချိုးခါနီးတိုင်း မငြီးမငွေ့ လုပ်ကြည့် ရမှာပေါ့နော်။ ဒီနေ့နက်ဖြန် မသိသာသလိုနဲ့ တဖြည်းဖြည်း ချွေးပေါက်တွေ ကျဉ်းလာမှာပါတဲ့။ အရမ်း အဆီပြန်တဲ့သူတွေအတွက်တော့ သိပ်မထိရောက်ဘူးလို့လဲ ပြောထားပါတယ်။

(more…)


ဗိုက်ချပ်စေမည့် နှစ်မိနစ် နည်းလမ်း

ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး ၀မ်းဗိုက်ချပ်ရပ်ကြည့်ကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ နေထိုင်မှုပုံစံ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းအလေ့အကျင့်တွေကို လိုက်နာရပါမယ်။ ဒါ့အပြင် ဗိုက်ထဲက အဆိပ်အတောက်တွေ သန့်စင်ရှင်းလင်းသွားစေမယ့် နှစ်မိနစ်နည်းလမ်းကို လုပ်ဆောင် ပေးသင့်ပါတယ်။

(more…)


အုန်းဆီနဲ့ မျက်နှာသစ်ခြင်းက အရေပြားလျော့တွဲတာနဲ့အစက်အပြောက်တွေကို ပျောက်ကင်းစေနိုင်

အုန်းဆီကို အမာရွတ် ပျောက်ကင်းစေဖို့ သုံးစွဲစေရုံသာမက ခြောက်သွေ့တဲ့ ဒူးခေါင်း၊ တံတောင်ဆစ် တွေကိုပါ စိုပြေအောင် အသုံးပြုလေ့ရှိပါတယ်။ ဓါတ်တိုးပစ္စည်းတွေအပြင် အစိုဓါတ်ကို ထိန်းညှိပေး နိုင်တာကြောင့် အသားအရေအမျိုးအစားမရွေး သင့်တော်ပါတယ်။

(more…)


သွားတိုက်တံတွေကို အလှအပအတွက် ဘယ်လိုသုံးမလဲ

သင်နေ့တိုင်းအသုံးပြုနေတဲ့ သွားတိုက်တံဟာ သွားတိုက်ရုံတင်မဟုတ်ဘဲ အလှအပရေးရာတွေမှာလည်း ကောင်းကောင်းအသုံးပြုနိုင်တယ်လို့ ပြောရင် နည်းနည်းများ အံ့သြသွားမလား။ တကယ်လို့ သွားတိုက်တံ သုံးပြီး အလှအပအတွက် လိုတဲ့နေရာတွေမှာ သုံးမယ်ဆိုရင်တော့ ကိုယ်နေ့တိုင်းတိုက်နေတဲ့ သွားတိုက်တံ အစား နောက်ထပ်တစ်ချောင်းတော့ ရှိသင့်ပြီပေါ့။

(more…)


သင့် မျက်ကွင်း ညိုအောင် သင်ကိုယ်တိုင် လုပ်ဆောင်မိနေတဲ့ အရာ (၅) ခု

မျက်ကွင်းညိုတာကို ကာကွယ်တားဆီးဖို့ နည်းလမ်းအမျိုးမျိုး လုပ်ဆောင်နိုင်ပေမယ့် မျက်ကွင်းတွေ ဘာကြောင့် ညိုမည်းသွားရလဲဆိုတာ သိချင်စူစမ်းချင်စိတ် ဖြစ်ဖူးပါသလား။ သင်ပြုမူ လုပ်ဆောင်နေတဲ့အထဲ မျက်ကွင်းညိုစေတာ တစ်ခုခုရှိပါလိမ့်မယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။

(more…)


အလှကုန်နှင့် သတိပြုရန်များ

အလှကုန်ပစ္စည်းများသည် ယေဘုယျအားဖြင့် အခြားသော ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် နှိုင်းယှဉ် ပါက ဘေးဥပဒ်အန္တရာယ်ပေးနိုင်ခြေ နည်းပါးသော်လည်း ယင်းတို့၏ ဘေးအန္တရာယ် ကင်းကြောင်း စိတ်ချရမှုနှင့် အရည်အသွေးများအတွက် လုံးဝ အာမခံချက်မရှိသဖြင့် သုံးစွဲသူများ အန္တရာယ်ကင်းစွာ အသုံးပြု နိုင်ရန် ဖော်ပြပါအချက်များသည် အရေးကြီးပါသည်။

 

(more…)


သိပ်လှစေတယ်ဆိုတဲ့ ချက်ဆေးကို ကိုယ်တိုင် ဖျော်သောက်ကြမယ်

လူအများက ချက်ဆေးလို့ခေါ်တဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်က ကျန်းမာရေးအတွက် အလွန့်အလွန် ကောင်း မွန်တာကို အားလုံးသိပြီးသားလို့ ထင်ပါတယ်။ အသားအရေအတွက် ရှားစောင်း လက်ပတ်ကို အရေပြားပေါ်တင် လိမ်းပေးရုံနဲ့ ဒီလောက် လှသွားစေနိုင်တယ်ဆိုရင်  ရှားစောင်းလက်ပတ်အနှစ်ကိုသာ အရည်ဖျော်သောက်မယ် ဆိုရင်တော့ ပြောစရာကို မလိုတော့ပါဘူး။ ရှားစောင်းလက်ပတ်အနှစ်နဲ့ပဲ ကျိုချက်ရင် ဂျယ်လီလေးလို အိအိလေး ဖြစ်သွားပါတယ်။ ရောင်းမယ့်သူတွေကတော့ ချက်ဆေးကို ရှားစောင်းအနှစ်နဲ့ပဲချက်ရင် မကိုက်တဲ့အတွက် အခွံ တွေပါ ထည့်ကျိုချက်ကြပါတယ်။

(more…)


အလှအပနဲ့ကျန်းမာရေးအတွက် ခရမ်းချဉ်သီးရဲ့ အကျိုးပေးပုံ (၅) မျိုး

ခရမ်းချဉ်သီးဟာ ချက်ပြုတ်စားသောက်ရာမှာ ပုံစံမျိုးစုံနဲ့ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ ဈေးလည်းမကြီးဘဲ အစားအစာတွေရဲ့ အရသာကို ပိုမိုကောင်းမွန်စေတဲ့ ခရမ်းချဉ်သီးဟာ အိမ်တိုင်းလိုလိုရဲ့ မီးဖိုချောင်မှာ အနည်း ဆုံး တစ်ပတ်တစ်ကြိမ်တော့ ရောက်လာတတ်ပါတယ်။ ခရမ်းချဉ်သီးကို စားသောက်ရုံသာမက အလှအပ အတွက်လည်း အသုံးပြုနိုင်ပါသေး တယ်။

 

(more…)


ဆောင်းရာသီ အသားခြောက်၊ ကွဲခြင်းအတွက်

(၁)     အသားအရေ၊ ခြောက်သွေ့မှုအတွက် ဒိန်ချဉ်ခွက်(၁)၀က်နှင့် သင်္ဘောသီး စားပွဲဇွန်း (၃)ဇွန်းကို ခြေ၍ ရောလိမ်းပါ။

(၂)     မျက်နှာနှင့် ခန္ဓာကိုယ်အသား ခြောက်ခြင်းအတွက် ဖရုံသီးအင်ဇိုင်း နှင့် သစ်ဂျပိုးခေါက်အမှုန့် စားပွဲဇွန်း တစ်ဝက်ကိုရော၍ (၅)မိနစ်မှ (၁၅)မိနစ်အထိလိမ်းပါ။

 

(more…)


ဝက်ခြံမပေါက်အောင် လုပ်ကြမယ်

(၁)    မျက်နှာကိုသန့်စင်အောင် နေ့စဉ်ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေး ကြောသန့်စင်ပါ။ (တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂)    ချွေးပေါက်ကျဉ်းအောင် ဝက်ခြံဖြစ်တတ်တဲ့နေရာတွေကို ရေခဲတုံးလေးတွေနဲ့ ကပ်ပါ။ တခါကပ်ရင် စက္ကန့် သုံးဆယ်ကြာတင်ထားပါ။

 

(more…)