Xiaomi Mi Note 2 ကို စက်တင်ဘာ ၁၄ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟုဆို

Xiaomi Mi Note 2 နှင့် ပတ်သက်ပြီး ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများနှင့် ပေါက်ကြားသတင်းများအရ အဆိုပါစမတ်ဖုန်းကို လာမည့်ရက်သတ္တပတ်တွင် မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။

Note2

Weibo သုံးစွဲသူတစ်ဦးထံမှ ထွက်ပေါ်လာခဲ့သည့် ပထမဦးဆုံး ပေါက်ကြားသတင်းတွင်မူ Mi Note 2 ကို စက်တင်ဘာလ ၁၄ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် စမတ်ဖုန်း၏ အဓိက အချက် အလက်များကို ဖော်ပြခဲ့ပြီး ၎င်းတွင် ၅.၇ လက်မ display, Snapdragon 821 chipset နှင့် 13MP dual ကင်မရာ ပါဝင်မည်ဟု သိရသည်။

ဒုတိယထွက်ပေါ်ခဲ့သော ပေါက်ကြားသတင်းတွင်မူ ကြော်ငြာဓာတ်ပုံတစ်ခု၌ 9.24 ဟု ရေးသားထားသောကြောင့် စမတ်ဖုန်းကို စက်တင်ဘာလ ၂၄ ရက်တွင် မိတ်ဆက်မည်ဟု ယူဆရသည်။

Mi Note 2 နှင့် ပတ်သက်၍ Xiaomi က တရားဝင် အတည်ပြုပြောကြားချက် မပြုလုပ်သေးသော်လည်း တရားဝင်ဟုယူဆရသည့် ကြော်ငြာဓာတ်ပုံအရ စက်တင်ဘာလ ၂၄ ရက်တွင် ပွဲထုတ်မိတ်ဆက်မည့်သတင်းမှာ ပိုမိုဖြစ်နိုင်ဖွယ်ရှိသည်။

Ref: GSMArena


Leave a Reply