တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် PDF ဖေ့စ်ဘွတ်ခ်တွင် ထုတ်ပြန်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများအတွက် အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ဝေသည့် ၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် (PDF) ကို ပညာရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ သြဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ကို ပညာရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာ Ministry of Education, Myanmar (https://www.facebook. com/moe.gov.mm/?fref=ts) တွင် သြဂုတ် ၂၉ ရက်က ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ပညာရေးတက္ကသိုလ် အားကစားခန်းမ၌ သြဂုတ် ၁၈ ရက်တွင် စတင်လက်ခံလျက်ရှိပြီး သြဂုတ် ၃၁ ရက်အထိ ပိတ်ရက်မရှိ ရုံးချိန် အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)က ကြေညာသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေး ပွဲဖြေဆိုကြသည့် သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ် ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်း စာချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံအိတ်ကို သြဂုတ် ၁၇ ရက်မှစ၍ ကိုယ်တိုင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရာတွင် တက္ကသိုလ်အလိုက် လျှောက်ထားသည့် ကျောင်းသားများကို တက္ကသိုလ်မှ လက်ခံနိုင်သည့် အရေအတွက်အတိုင်း တက္ကသိုလ် စာမေးပွဲရမှတ်များအပေါ် အဓိကအခြေခံသည့် ယှဉ်ပြိုင်စနစ်ဖြင့် ဦးရေစိစစ်၍ ၀င်ခွင့်လက်ခံမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာ ထားသည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေး ပွဲကို တစ်နိုင်ငံလုံးမှ ၀င်ရောက်ဖြေဆိုသူ ခြောက်သိန်းကျော်အနက် နှစ်သိန်းခန့် အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်း များအရ သိရသည်။

# 7 Day Daily


Leave a Reply