ညီလာခံကြိုဆိုသစ်ပင်စိုက် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆)ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သစ်ပင်စိုက်ပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယခုလ ၁၉ ရက် နံနက် ၈နာရီက အင်းခေါင်းကန်ရေထွက်နေရာ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အရန်ပါတီဗဟိုကော် မတီဝင် ဦးစိုင်းလုံကျော်နှင့် ဧည့် သည်တော်များ၊ NGO အဖွဲ့ အစည်းများ၊ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင် လွင်၊ အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် နှင့်ကျေးရွာအုပ်စုများမှ ပါတီ အဆင့်ဆင့်ခေါင်းဆောင်များ စုစု ပေါင်းအင်အား ၂၇ဝ ခန့်တက် ရောက်ကြသည်။
ယင်းအခမ်းအနားတွင် ဒုတိယ အကြိမ် ပါတီညီလာခံ(၂ဝ၁၆)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သစ်ပင် ၃၆ဝ စိုက်ပျိုးခဲ့ကြပြီး ငါးမြစ်ချင်း အကောင်ရေ ၂၅ဝဝဝ၊ ယိုးဒယား ငါးခုံးမအကောင်ရေ ၂၅ဝဝဝ တို့ ကို အင်းခေါင်းကန်အတွင်းသို့ ငါး မျိုးစိုက်ထည့်ခဲ့ကြသည်။ အခမ်း အနားကို နံနက် ၉ နာရီတွင် ပြီးဆုံးခဲ့သည်။

နေထက်ဝေ


Leave a Reply