နူးကမ့်ကွင်းတွင် ဘာစီလိုနာအသင်းအား အနိုင်ရပါက ဆုကြေးချီးမြှင့်မည်ဟု ရီးယဲလ် ဥက္ကဋ္ဌ ကတိပေးခဲ့ပြီး အမှန်တကယ် ပေးအပ်ခဲ့

14053645_1754572358128981_6725299580676450771_o

ရီးယဲလ်အသင်းဥက္က၏ ပီရက်ဇ်သည် ပြီးခဲ့သည့် ရာသီက နူးကမ့်ကွင်းတွင် ဘာစီလိုနာအသင်းအား အနိုင်ရပါက ဆုကြေး ချီးမြှင့်မည်ဟု ကတိပေးခဲ့ပြီး အမှန်တကယ် ပေးအပ်ခဲ့ကြောင်း ဂျာနယ်လစ် ပါကိုဂွန်ဇာလက်ဇ်၏ ပြောကြားချက် ကို ကိုးကားကာ စပိန်ထုတ် Sport သတင်းစာက ဖော်ပြခဲ့သည်။

၂၀၁၆ ဧပြီ(၂)ရက်နေ့က ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ရီးယဲလ်အသင်းက နူးကမ့်ကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရီးယဲလ် ကစားသမားများမှာ တစ်ဦးလျှင် ဆုကြေး ယူရို(၁၅၀၀၀၀)ရရှိခဲ့ကြောင်း သိရသည်။

ပီရက်ဇ်၏ ဆုကြေးကမ်းလှမ်းမှုမှာ ရီးယဲလ်ကစားသမားများကို လှုံ့ဆော်နိုင်ခဲ့ပြီး ယင်းပွဲတွင် ဘာစီလိုနာ နောက်ခံလူ ပီကေးက ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ ထို့ပြင် (၈၃)မိနစ်တွင် နောက်ခံလူ ရာမို့စ် ထုတ်ပယ်ခံရပြီး တစ်ဦးလျော့ဖြင့် ကစားခဲ့ရသော်လည်း (၈၅)မိနစ်တွင် စီရော်နယ်လ်ဒိုက အနိုင်ဂိုး သွင်းယူခဲ့သည်။

Photo: sport


Leave a Reply