ဆီးရီးယားစစ်ပွဲကြောင့် တပတ်အတွင်း အရပ်သား ၅၀၀ ကျော် သေဆုံး

Syria-strike

ဆီးရီးယားနိုင်ငံမှာ စစ်ပွဲတွေကြောင့် တပတ်အတွင်း အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ဆီးရီးယားနဲ့ ရုရှား လေကြောင်းထိုးစစ်တွေကြောင့် သေဆုံးခဲ့ကြတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲ့ဒီထဲမှာ ကလေးအယောက် ၁၀၀ နီးပါးနဲ့ အမျိုးသမီး ၇၀ ကျော် ပါဝင်ပါတယ်။ ၂၀၀ ကျော်ဟာ နိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့မှာ ဆီးရီးယား၊ ရုရှား လေတပ်တွေရဲ့ ဗုံးကြဲမှုတွေကြောင့် သေဆုံးခဲ့ကြတာပါ။

ဆီးရီးယားမြောက်ပိုင်းက အိုင်အက်စ် အကြမ်းဖက် အမာခံမြို့ဖြစ်တဲ့ မန်ဘီခ်ျမြို့ကို သိမ်းပိုက်တုန်းကလည်း မြို့ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ကြပါတယ်။

ဆီးရီးယားအစိုးရ ထိန်းချုပ်နယ်မြေတွေ အများအပြား ဆုံးရှုံးခဲ့အပြီး အရပ်သားသေဆုံးမှုတွေ တိုးလာတယ်လို့လည်း ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောဆိုပါတယ်။

ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးခဲ့အတွက် ရုရှားနဲ့ ဆီးရီးယား လေတပ်တွေဟာ ဆီးရီးယား သူပုန်နယ်မြေတွေအပေါ် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး နိုင်ငံတကာမှာ ပိတ်ပင်ထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ပါ သုံးစွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

အလက်ပိုမြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကစပြီး သူပုန်တွေ သိမ်းပိုက်ထားတဲ့ မြို့အရှေ့ပိုင်းနဲ့ အစိုးရတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့အနောက်ပိုင်းဆိုပြီး ၂ ပိုင်းကွဲခဲ့တာ ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply