ကျပ် ၅၀ တန် အီလက်ထရောနစ်ထီ လုပ်မယ်

Lottery-prize-shwe-la-min-myat-su-kadae-aung-bar-lay

ပြည်တွင်းက ၀င်ငွေနည်းလူတန်းစားတွေ ကံစမ်းနိုင်မယ့် ကျပ် ၅၀ တန် အီလက်ထရောနစ်ထီ စနစ်ကို အကောင်အထည်ဖော် သွားဖို့ရှိတယ်လို့ သိရပါတယ်။

 ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေကနေ ထီထိုးနိုင်တော့မှာဖြစ်ပြီး လွှတ်တော်မှာ အောင်ဘာလေထီ ဥပဒေကို ပြဌာန်းပြီးရင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လတ်တလောဖွင့်လှစ်နေတဲ့ အောင်ဘာလေ ထီဆုကိုလည်း အမြင့်ဆုံးဆု ကျပ်ငွေသိန်း တစ်သောင်းထိ တိုးမြှင့်ပေးသွားဖို့စီစဉ်နေပြီး ကျပ်၂၀၀ တန်ထီ လက်မှတ်အပြင် ကျပ်၅၀၀တန် ထီလက်မှတ်တွေလည်း ထုတ်ဝေရောင်းချ ပေးသွားဖို့ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

 လက်ရှိအချိန်မှာတော့ အီလက်ထရောနစ်ထီစနစ် စတင်အကောင် အထည်ဖော်မယ့်အချိန်နဲ့ ထီဆုကြေး တွေ ဘယ်လိုသတ်မှတ်သွားမလဲ ဆိုတာကို မသိရသေး ပါဘူး။ အောင်ဘာလေသိန်းဆုဌာနက ၂၀၁၂ ဖေဖော်ဝါရီ ၁ ရက်မှာ ငွေကျပ်သိန်း ဆုကြေးငွေ အမြင့်ဆုံးဖြစ်တဲ့ သိန်း ၁၅၀၀ ထီကို စတင်ဖွင့်လှစ် ရောင်းချခဲ့ပါတယ်။


Leave a Reply