ရေကြီးနစ်မြုပ်ကျေးရွာအုပ်စုများသို့ ပြည်ခိုင်ဖြိုးအဖွဲ့သွားရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယမန်နေ့နံနက် ၉ နာရီတွင် ရေကြီးနစ်မြုပ်ကျေးရွာပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများ၊ ခေါက်ဆွဲ ခြောက်များပေးအပ်လှူဒါန်းခဲ့သည်။

ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးထူးခိုင်၊ ခရိုင်ကော်မတီဝင် ဦးအောင်မိုးဦး၊ မြို့နယ်အလုပ်အမှုဆောင်များလိုက်ပါလျက် ဇီးကုန်း မြို့နယ် စပါယ်မြောင်ရွာ၊ တောင်ရေကန်၊ အလယ်ကုန်း၊ လှေစုကုန်း၊ ကတက်ကုန်း ကျေးရွာများသို့ သွားရောက်ကာ ရေနစ်မြုပ်နေသောကျေးရွာ ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး အစား အသောက်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စိုးသစ္စာ၊ ကြည်သိန်း(ဇီးကုန်း)


Leave a Reply