အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာဆွေးနွေးပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အမှာစကားပြောကြား

13900339_415006195341180_5651877141707766752_n

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ”ယနေ့ကျင်းပတဲ့ ‘အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’သို့ တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်ပါတီဝင်များ၊ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြစေကြောင်း ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ မကြာမီကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းဖို့ ရှိတဲ့ မိမိတို့ပါတီရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရန်၊ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မှာတင်သွင်းရန် အတည်ပြုထားတဲ့ မိမိတို့ပါတီရဲ့ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို တိုင်းဒေသကြီး၊ပြည် နယ်များမှ နိုင်ငံရေးကေဒါ များက ပါဝင်ဆွေးနွေး သိရှိနားလည်ပြီးနောက် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများ အထောက်အကူဖြစ်စေရန်နှင့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိ လာတဲ့ဖော်ထုတ်ချက်များကိုဒုတိယ အကြိမ်ပါတီညီလာခံ(၂ဝ၁၆) မှာ တင်ပြပြီး ရှေ့လုပ်ငန်း စဉ်အဖြစ် ချမှတ်နိုင်ရေးပါတီရဲ့ရွေးကောက် ပွဲကြေညာစာတမ်းနှင့် ပေါင်းစပ် ဆောင်ရွက်သွားရန်တို့ပဲဖြစ်ပါတယ်။
အခုပြုလုပ်တဲ့အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲမှာခေါင်းစဉ်ကြီး လေးခုခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့ မြန်မာနိုင်ငံသမိုင်ကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှုဆောင်ရွက်ချက်များ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ကို ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ ပြည်ထောင်စုအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးတို့ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီနယ်ချဲ့လက်အောက်သူ့ကျွန်ဘဝ ရောက်ခဲ့စဉ်မှာအမျိုးမျိုးသော သွေး ခွဲအုပ်ချုပ်မှုစနစ် တွေကြောင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း မှာ တိုင်းရင်းသားညီအစ်ကိုများကြား စိတ်ဝမ်းကွဲပြီး လက်နက်ကိုင် သောင်း ကျန်းမှုများဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် အယူဝါဒရေးရာကွဲပြားမှုတွေနဲ့ တိုင်းပြည် မငြိမ် မသက်ဖြစ် ပြီးအဖွဲ့များကွဲကာစည်းလုံးညီညွတ် မှုတွေပြိုကွဲခဲ့ပါတယ်။ တစ်ပြိုင် တည်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာခဲ့ပါတယ်။ 1
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးအချိန်ကစပြီး နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်ပြီဖြစ်တဲ့ လက် နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေ ရန် ခေတ်အဆက်ဆက်တာဝန်ရှိ ကြတဲ့ ခေါင်းဆောင်/အစိုးရများ အနေနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါတယ်။ ကျွန်တော်နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်စဉ် ကာလမှာရေရှည်တည်တံ့မယ့်ငြိမ်း ချမ်းရေးရရှိရန် ရည်ရွယ်ချက်နဲ့ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက် နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပါတယ်။ ငြိမ်းချမ်း ရေး ဖိတ်ခေါ်ကမ်းလှမ်းရာမှာ အဓိက အချက်(၆) ချက်ကို ဦးတည်ချက် ထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီအချက်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် ကနဦးကာလတွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) ချုပ်ဆိုခြင်းနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ၏ ရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်များအဆင့် ဆင့်ပြုလုပ်ထား ခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်း သွားစေရန်၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ဆွေးနွေး ညှိနှိုင်းရေးသားရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏အဆိုပြုချက်များကို တန်းတူရည် တူညှိနှိုင်းခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှုတည် ဆောက်နိုင်ရန်၊ လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံရေးနည်း လမ်းဖြင့်အဖြေရှာမှသာလျှင် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ဖြစ်သည့် အတွက်တိုင်းရင်းသား များ အစဉ်တစိုက်တောင်းဆိုခဲ့သည့်အတိုင်း နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာရန် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်၊ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်တို့အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေး နွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်နိုင်ငံရေးအင်အားစု များအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပပြီးလက်နက် ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများမှရရှိလာ သောဆုံးဖြတ် ချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့် စွက်ပယ်ဖျက်ခြင်းများ ပြုလုပ်ခြင်း အားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အားဖြည့်ပေးနိုင်မည့် အသက်ဝင်ရှင်သန်နေသောဖွဲ့စည်း ပုံအခြေခံဥပဒေတည်ဆောက်ရေး လုပ်ငန်းစဉ် ပေါ်ပေါက်ရန်၊ လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရာ၌ တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုခဲ့သည့်တန်းတူညီမျှမှု ကိုအာမခံနိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲရလဒ်များနှင့်အညီတည်ဆောက် သွားရန်တို့ပဲ ဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုသည်အခြေခံကျသည့်အကြောင်း ဖြစ်သည်နှင့်အညီ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တည်ငြိမ်အေး ချမ်းမှုနှင့်ဖွံ့ဖြိုး တိုးတက်မှု အတွက် ဦးစားပေးဆောင်ရွက်ရမည့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကိုလည်းတစိုက်မတ်မတ်ဆောင်ရွက် ခဲ့ပါတယ်။ပြည်ထောင်စုအစိုးရ ဘက်က ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များ သည် အကြိမ်ပေါင်းများစွာ တွေ့ ဆုံဆွေးနွေးခဲ့ကြ ပါတယ်။အဲ့ဒီဆွေး နွေးပွဲများရဲ့ အကျိုးရလဒ်အဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်း များအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ၇ ရက် နေ့မှာအတည်ပြုနိုင်ခဲ့ပြီး၂ဝ၁၅ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုကြီးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် တိုင်း ရင်းသားပြည်သူအားလုံး လိုလား သောတိုင်းရင်းသား အားလုံးတန်းတူ အခွင့်အရေးရှိမည့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စု အဖြစ်ထူထောင်တည်ဆောက်ရေး နှင့် တိုင်းရင်းသားပြည်သူအားလုံး တန်းတူရည်တူအခွင့်အရေး၊ ဒီမို ကရေစီအရေး၊ လူ့အခွင့်အရေးကို အာမခံချက် ပေးနိုင်ပြီး တည်ငြိမ်အေးချမ်းမည့် ဒီမိုကရေစီနိုင်ငံသစ် အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ အရေးပါလှပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံစနစ်ကိုလည်းဒီမိုကရေစီ ကျင့်စဉ်နဲ့အညီမြို့နယ်အဆင့် အုပ်ချုပ်ရေးတွင် အစိုးရအုပ်ချုပ်ရေးအသွင်မှ ပြည်သူ့ အုပ်ချုပ်ရေး စနစ် သို့ ပီပြင်ရောက်ရှိအောင် ဆောင် ရွက်သွားနိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့် သည့်အပိုင်းမှာ ပြင်ဆင်ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ တိုင်းရင်း သားပြည်သူတစ်ရပ်လုံး ဦးဆောင် ပါဝင်နိုင်တဲ့စီးပွားရေးနှင့် စီးပွား ရေးဆိုင်ရာ အခြေခံအဆောက်အဦးများ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ ပြကျေးရွာဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေး၊ကျန်းမာရေး၊ တောင်သူ လယ်သမားအရေး၊ အလုပ်သမား အရေး၊ အမျိုးသမီးနှင့်လူငယ် အရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့် အရေး တိုင်းရင်းသားလူမျိုးများ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ထိန်းသိမ်းမြှင့်တင်ရေးစသည့်ပြည် သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများကို ဆောင်ရွက်သွားကြ ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပါတီရဲ့ရည်မှန်းချက်အဖြစ် ”အေး ချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သော ဒီမိုကရေစီနိုင်ငံထူ ထောင်ရေးနှင့် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး” လို့ သတ်မှတ်ခဲ့တဲ့ အပြင် ပြည်တွင်းငြိမ်းချမ်းရေးဖော် ဆောင်ပေးမည်။ ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စု စနစ်ထူထောင် ပေးမည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင် ရွက်ပေးမည်။ ပြည်သူ့အုပ်ချုပ် ရေးစနစ် ဖော်ဆောင်ပေးမည်။ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမည်လို့ ပြည်သူကို အသိပေးဖော်ပြခဲ့ပါတယ်။ ပါတီသည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း ပြည်သူများရဲ့ဆန္ဒ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပြည်သူ့ပါတီဖြစ်ဖို့ အတွက်ပြည်သူနဲ့ အမြဲထိတွေ့နေ ပြီး ပြည်သူနဲ့တစ်သားတည်းရှိနေ ကြရပါမယ်။ ပြည်သူလူထုရဲ့ အခက်အခဲအကျပ်အတည်းတွေ ကိုလည်း ကူညီဖြေရှင်းပေးကြဖို့ လိုပါတယ်။ အခြေအနေမှန်တွေကို သိအောင်အောက်ခြေအထိ ကွင်းဆင်းထိတွေ့ နေကြဖို့လိုပါတယ်။ ကျွန်တော်တို့ အစိုးရတာဝန်ယူ စဉ်မှာပြည်သူကို အမြဲအလေးထားပြီး ပြည်သူဗဟိုပြုတဲ့လုပ်ငန်းစဉ် များကိုဆောင်ရွက်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ယနေ့ပြုလုပ်တဲ့အလုပ်ရုံဆွေး နွေးပွဲကလည်း နိုင်ငံတော်အစိုးရ က မကြာမီပြုလုပ်တော့မယ့် ငြိမ်း ချမ်းရေးညီလာခံမှာ ကျွန်တော်တို့ ပါတီရဲ့ ဆောင်ရွက်ချက်များနဲ့ သဘောထားရပ်တည်ချက်ကို ဖော် ထုတ်ကြေညာနိုင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် သြဂုတ်လ တတိယပတ်မှာကျင်းပမယ့်ဒုတိယ အကြိမ်ပါတီ ညီလာခံမှာ ဆက်လက် ဆောင်ရွက်သွား မယ့် မူဝါဒလုပ် ငန်းစဉ်များကို အတည်ပြုချမှတ် နိုင်ဖို့အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုဖော်ထုတ်ပေးသွားကြစေ လိုပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ အလုပ်ရုံဆွေးနွေးပွဲ ကနေနိုင်ငံနဲ့ပြည်သူအတွက် အမှန် တကယ် လက်တွေ့ ကျပြီးအကျိုးဖြစ် ထွန်းစေမယ့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ပေးကြပါ။ပါတီအတွက် အခြေအနေ အချိန်အခါနဲ့ လျော်ကန်သင့်မြတ်တဲ့မူဝါဒ လုပ်ငန်းစဉ်များချမှတ်နိုင်အောင် ဆောင်ရွက်ပေးကြပါ။ တက်ရောက်လာသူ အားလုံးက စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေး အကြံပြုပေးကြ ပါလို့ တိုက်တွန်းမှာကြားလိုပါ တယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲဖြစ် မြောက်အောင် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ကြတဲ့သူ များအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်” ဟု ပြောကြားခဲ့ သည်။ ထို့နောက် အခမ်းအနားကို နံနက် ၉ နာရီ မိနစ်၂ဝ တွင် ရုပ် သိမ်းခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟို အလုပ်အမှုဆောင် ၂၆ဦး၊ဦးဆောင် ဆွေးနွေးမည့်သူ၁၂ဦး၊ ပါတီရေးရာ ဌာနကြီးအဖွဲ့မှ အဖွဲ့ဝင် ၅ဝဦးပြည် သူ့လွှတ်တော်၊ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ၁၆ ဦး၊ ပြည် နယ်နှင့်တိုင်းဒေသကြီး ပါတီနိုင်ငံ ရေးကေဒါများနှင့် ဌာနချုပ်မှ ၆ဝ ဦး အမျိုးသမီးရေးရာ ရှစ်ဦးနှင့် ပြည်ထောင်စုနယ်မြေမှ ၄ဝဦး စုစု ပေါင်း ၂၁၂ ဦး တို့တက်ရောက်ခဲ့ ကြောင်းသိရသည်။  မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ အစုအဖွဲ့လေးစုခွဲ၍ အစုအဖွဲ့ခန်းမ များ၌ အောက်ပါခေါင်းစဉ်များကို အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့သည်။ အစုအဖွဲ့(၁)က မြန်မာနိုင်ငံ သမိုင်းကြောင်း နှင့် အမျိုးသားပြန် လည်သင့်မြတ်ရေ ခေါင်းစဉ်ကို လည်းကောင်း၊ အစုအဖွဲ့(၂)က ပြည်ထောင်စုငြိမ်းချမ်းရေး တည် ဆောက်မှုဆောင်ရွက်ချက်များ ခေါင်းစဉ်ကိုလည်းကောင်း၊ အစု အဖွဲ့(၃)က တိုင်းရင်းသားစည်း လုံးညီညွတ်ရေးကို ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု ဖော် ဆောင်မှုခေါင်းစဉ်နှင့်အစုအဖွဲ့ (၄)က ပြည်ထောင်စုအဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေး ခေါင်းစဉ်ကိုလည်းကောင်း အသီး သီးဆွေးနွေးသွားမည်ဖြစ်သည်။

Union daily


Leave a Reply