ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဟင်္သာတခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် များနှင့်အတူ ဟင်္သာတမြို့၊ ညောင်ပင်ရပ်၊ အလယ်လမ်း ကွန်ကရစ်ခင်းသည့်နေရာသို့ ရောက်ရှိပြီး၊ ရပ်မိရပ်ဖ များ၊ ကွန်ကရစ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင် များ၊ တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့များနှင့် တွေ့ဆုံသည်။

New Picture (1)

ဟင်္သာတမြို့၊ စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်မြတ်မော်မှရှင်းလင်းပြောကြားစဉ်

ထိုသို့တွေ့ဆုံရာတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်မြတ်မော်နှင့် ကွန်ကရစ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်၊ ရပ်မိရပ်ဖ ဦးအောင်မြတ်ကျော် တို့က ရှင်းလင်းပြောကြားပါသည်။

၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အဖွဲ့သည် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု့အားပေးသည်။

New Picture (2) New Picture (3)

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်မိသားစုကကွန်ကရစ် လမ်းခင်းခြင်းဆောင်ရွက်နေသော လုပ်သား(၆ဝ)ဦးအတွက် ထမင်းထုတ်များ လှူဒါန်းနေစဉ်

အဆိုပါ ညောင်ပင်ရပ်၊ အလယ်လမ်း၊ ကွန်ကရစ်လမ်းမှာ အရှည်(၂၈၇ဝ)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၈)လက်မ ရှိပြီး လွန်ခဲ့သော တစ်နှစ်တာကာလမှစ၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ညှိနှိုင်းစီစဉ်ဆောင်ရွက်မှု ဖြင့် စည်ပင်သာယာမှထည့်ဝင်ငွေ၊ စေတနာရှင်များ၊ ရပ်ကွက်သူ ရပ်ကွက် သားများမှ စုပေါင်းထည့်ဝင်ငွေများဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ လမ်းကော်မတီအဖွဲ့မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ( ၂)ရက်နေ့တွင် လမ်းဖြစ်မြှောက်ရေး မတည်အလှူရှင် ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှ ကွန်ကရစ်လမ်း ခင်းနေသော လုပ်သားများနှင့် လုပ်အားဒါန ပြုကြသူများအား နေ့လည်စာ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


Leave a Reply