Android ဖုန်းနှင့် Windows 10 PC အဖြစ် သုံးနိုင်မည့် Holofone Phablet

Akymen ကုမ္ပဏီသည် Android ဖုန်းနှင့် Windows 10 ကွန်ပျူတာအဖြစ် အသုံးပြုနိုင်မည့် Holofone Phablet ကို မိတ်ဆက်ကြေညာခဲ့သည်။ Holofone တွင် ၇ လက်မ display အပြင် 45-lumen projector တစ်ခုပါဝင် သည်။ ၎င်း projector သည် ၁၀၀ လက်မ screen တစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။

New Picture (1)

Holofone သည် dual-boot phablet ဖြစ်သည့်အတွက် Android ဖုန်းအဖြစ်သာမက Windows 10 ကွန်ပျူတာ အနေဖြင့်ပါ အသုံးပြုနိုင်သည်။

Holofone phablet ကို Akyumen ၏ ဝက်ဘ်ဆိုက်တွင် ဒေါ်လာ ၇၅၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။ Bluetooth စပီကာနှင့် ဂိမ်းခလုတ်ပါဝင်သည့် Advanced Package အတွက် ဒေါ်လာ ၉၅၀ ကျသင့်မည်ဖြစ်သည်။ ကြိုတင် မှာယူထားသူများကို နိုဝင်ဘာလ ၅ ရက်မှစတင်ကာ ပို့ဆောင်ပေးမည်ဖြစ်သည်။

Ref: TheVerge


Leave a Reply