သြဂုတ်လ ၂ရက်နေ့တွင် ရှောင်မီ မှ ဒေါ်လာ ၇၅၀ တန် ပထမဦးဆုံး Mi Notebook Air မိတ်ဆက်မည်

တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္မဏီရှောင်မီမှ ပထမဦးဆုံးထုတ်လုပ်မည့် Mi Notebook Air အား သြဂုတ်လ ၂ ရက်နေ့တွင်စတင်မိတ်ဆက်မည်ဖြစ်ကြောင်း Engadget သတင်း ဌာနတွင်ဖော်ပြထားသည်။ ယင်း Notebook အား ဒေါ်လာ ၇၅၀ ဖြင့်ရောင်းချမည်ဟုသိရပြီး Windows 10 ထည့်သွင်းပေးမည်ဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ထပ်မံ ဖော်ပြထားသည်။

750$

Mi Notebook Air တွင် မျက်နှာပြင်နှစ်မျိုးထုတ်လုပ်ပေးမည်ဖြစ်ကြောင်းသိရပြီး တစ်မျိုးမှာ ၁၃ ဒဿမ ၃ လက်မနှင့် ကျန်တစ်မျိုးမှာ ၁၂ ဒဿမ ၅ လက်မတို့ဖြစ်ကြောင်းသိရသည်။ ပါးလွှာသောကိုယ်ထည်နှင့် 1080p Full HD ထောက်ပံ့ ပေးသော မျက်နှာပြင်နည်းပညာများ ထည့်သွင်းပေးထားကြောင်းသိရသည်။

Mi Notebook Air တွင် USB Type C အမျိုးအစားအသုံးပြုပေးထားပြီး သတ္တုကိုယ်ထည်ဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။ အရောင်ရွေးချယ်မှုအတွက် ရွှေရောင်နှင့် ငွေရောင် နှစ်မျိုး ထုတ်လုပ်ပေးထားကြောင်း သိရသည်။

Processor အား Intel Core i5 အသုံးပြုပေးထားပြီး ရုပ်ထွက်ကောင်းမွန်စေရန် Nvidia Geforce 940MX ဂရပ်ဖစ် ကတ်အား အသုံးပြုပေးထားကြောင်းသိရသည်။ RAM ထောက်ပံ့မူအတွက် 8GB RAM ထည့်သွင်းပေးထားပြီး အချက် အလက်များ သိမ်းဆည်းရန် လျင်မြန်သော အမြန်နှုန်းထုတ်လုပ်ပေးနိုင်သည့် 256 GB Solid State Drive အား ထည့်သွင်းပေးထားကြောင်း သိရသည်။

SATA အသုံးပြုနိုင်ရန် ချိတ်ဆက်နိုင်သော အပေါက် တစ်ခုပါဝင်ပြီး 40 Wh ဘက်ထရီထည့်သွင်းပေးထားသောကြောင့် ၉ ဒဿမ ၅ နာရီထိ အားမသွင်းပဲ အသုံးပြုနိုင်သော Notebook တစ်ခုဖြစ်ကြောင်းသိရသည်။ Mi Notebook Air တွင် ရှောင်မီမှ ထုတ်လုပ်ထားသော ၀န်ဆောင်မူအားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး Windows အသုံးပြုထားသော်လည်း ရှောင်မီ စမတ်ဖုန်းများဖြင့် အလွယ်တကူ ချိတ်ဆက်နိုင်ကြောင်း သိရသည်။

‎Democracytoday


Leave a Reply